ပစ်လဲကျတာမဟုတ်တဲ့ ပန်းတွေ

ပူတင်းပေါက်မှာရစ်သီရစ်သီတိမ်တိုက်ဟာ
အိပ်ရာထဲဝင်လာဖို့ပဲချောင်းနေတယ်
အခွင့်အရေးတိုင်းဟာအခွင့်ရေး မျက်နှာဖုံးနဲ့
ချွတ်ဆွတ်တူမျက်နှာကိုချွတ်မရလို့ ငှက်များရဲ့မြည်တမ်းသံထဲ ပင်ကြီးပင်အိုကိုတိုက်စားဖြတ်တောက်နေတဲ့
စက်တပ်လွှသံတညံညံ ဘယ်တော့မှမင်းနဲ့ကိုယ်
ပြန်တွေ့ကြရမလဲ အဆုပ်ဟာအလုပ်အပြီးအပိုင်
မရပ်ဆိုင်းသွားခင်မျက်လုံးကိုလှမ်းမေးတယ် နှာခေါင်း
စည်းတပ်နိဗ္ဗာန်သမားတွေ နှာခေါင်းစည်းမတပ်
သိပ္ပံခြားတွေ အပြိုင်စကြဝဠာမှာ ကြုံကြိုက်ရင် (ရထိုက်ရင် လို့လည်းပြောကြတယ်) တစ်စိမ့်စိမ့်
သေစေတဲ့အဆိပ်ဆူးရှိတယ် ပန်းကတော့ရှားရှားပါးပါး
ခံစားရရင်တမ်းသိရတဲ့အလှစစ်စစ်ပဲ တစ်သက်မှာတစ်ခါပဲသေနိုင်
သလို တစ်သက်မှာတစ်ခါပဲ ခြစ်နိုင်တယ်ဆိုလား ဟိုဘက်စကြ
ဝဠာ မဟုတ်ရင် ဟိုဘက်စင်္ကြံမှာ သူမ ရပ်နေတုန်း
ရထားတစ်စီးဝင်လာ သူမ မရှိတော့တာမျိုး ကိုယ်ဟာလည်း
ဘူတာမှန်ပြီး စင်္ကြံလွဲသွားရတာမျိုး ခွက်ဟာဒလက်
မဖြစ်ဘူး ဆားဟာသကြားမဖြစ်ဘူး သူရူးဟာ
ကလေး မဟုတ်တော့ဘူး ဆူးတိုင်းဟာရည်ရွယ်သသူရှိတယ်
လ,မိုက်ညမှာမျက်ရည်ခံခွက်မဟုတ်ရင် မျက်ရည်ချူစက်ရှိတယ် တစ်ဘဝလုံး
မီးအုံးသည့်နှယ်လို့ ကလေးပုံပြင်တွေထင်ခဲ့ရတယ်
ကိုယ်ဟာတစ်စတစ်စမွမွလေးတွေပျက်ပြယ်နေတာ
ကောင်းကင်နဲ့မမှားသွားဖို့အဖြူရောင်ကိုရွေးရတာ
ကောင်းကင်နဲ့မှားမိပြီးတော့လည်း လွမ်းမိုးမပွင့်
အတွင်းခြိမ်းအဆင်းခြောက်ကပ်နဲ့ နောက်တစ်ခေါက်
ထပ်ကြိုးစားကြည့်တာပေါ့ကွာ လို့ ငှက်တော်အမ က သူ့အထီးလေးကိုအားပေးပြီးအသိုက်ကိုစွန့်ခွာ
သွားကြတယ် မြေပြင်ပေါ်ပြုတ်ကျနှုတ်သီးဟအာနီလေး
မျက်ခွံမည်းမှေးစင်းကျလာနေတာကိုယ့်လက်ထဲ
ကိုယ်ဘာလုပ်ရမလဲ ကိုယ်ဘာလုပ်ရမလဲ အဲသလိုအော်လိုက်တယ်
ကိုယ်ဘာလုပ်ရမလဲ ကိုယ်ဘာလုပ်ရမလဲ အဲသလိုပဲ့တင်သံ
မိုးကောင်းကင်ထံမှလား သူများတွေကောကြားလိုက်သလား

ဇယလ
၂၉ မေ ကိုဗစ်၂၀

အိပ်မက်တွေရဲ့ ထီပေါက်ဖို့ ဘယ်လောက်ရောအိပ်တာမို့လို့လဲ

ဆးရုံဆင်းခါစ နာလန်ထအမေကို ညီမအိမ်မှာပဲ
နေခိုင်းတာအင်္ကျီတစ်စုံကိုကြွပ်ကြွပ်အိပ်ထဲထည့်
ပြီး လစ်ရင်လစ်သလို အဖေ့ဆီခိုးပြန်သတဲ့။နှစ်ယောက်စလုံး
ရှစ်ဆယ်ကျော်တွေ။ဆိုတော့။လွမ်းကြမှာပဲပေါ့။
ညှိုးခြောက်နေတဲ့ဘုရားပန်းတွေ။သံယောဇဉ်
မပြတ်နိုင်သေးတဲ့ရိုးရိုးစင်းစင်းအတူငြီးငွေ့မှု
တောက်လောင်တဲ့အိမ်ခန်းလေး။ကြည့်နေကျ
စီးရီး၊ဖြစ်နေကျရန်၊ရှိနေကျပရလောက။ဆီမီးတစ်ခုခု
မျှဉ်းတောက်နေတုန်းပဲလို့မမြင်ရတာ။ရာသီတွေ
ရုတ်ချည်းပြောင်းတာစက္ကန့်မလပ်။နေ့လည်စာ
ဝင်အောင်စားပြီးနေ့လည်ခင်းမအိပ်ခင်ဂျင်လို
လည်တဲ့လောကတွေ။ဖုန်မှုန့်လိုလိုရွှေမှုန်တွေလား
စိတ်နှာချေလိုက်ရတာတွေ။သေသွားတဲ့
ကြောင်လေးရဲ့အစာခွက်ဟာကြာပြီနေရာမရွေ့။
ဝရံတာမှာအိုးထဲကဗုဒ္ဓံသရဏံပင်ဟာလှမ်းလှမ်းကြည့်။
ဘဝဟာရိုက်ခံရတဲ့ကြေးစည်ဖြစ်သလိုအမွှေးတိုင်ရဲ့
ရနံ့လည်းဖြစ်ရဲ့လို့ဘာသာရေးမဂ္ဂဇင်းမှာ။
တစ်ယောက်မျက်နှာတစ်ယောက်စေ့စေ့
မကြည့်မိဖို့ဟာနောင်တနဲ့ဆက်သွယ်မှု။နက်ရှိုင်းတဲ့
အပေါ်ယံထဲမကျွံကျဖို့။နှလုံးကိုထုတ်၊နည်းနည်း
ဖြစ်ညှစ်ပြီးပြန်ခုန်လာတဲ့အခါပြန်ထည့်လိုက်ဖို့။
မွေးလမ်းကြောင်းမှာဒေါသမကျန်ရစ်ဖို့။
ရေထဲမဆင်းပဲနဲ့တော့ရေကူးလို့မရဘူးပေါ့။
နစ်တဲ့အခါလည်းဘာဝနာကိုလှမ်းဆွဲပေါ့။အိပ်ရေး
ဝဖို့လည်းယုံကြည်မှုရှိဖို့လိုတာပေါ့။အကယ်၍
မေးခဲ့ရင်၊ဟုတ်တယ်၊ငယ်မူပြန်တဲ့အနမ်းတစ်ပွင့်။
မဟုတ်ဘူး၊အစိပ်စိပ်အမွှာမွှာကွဲလွယ်တဲ့ကြွေထည်
အရုပ်လေး။ဝင်လာတဲ့လောကီလွန်လက်ထဲက ကြည့်စမ်း
လတ်ဆတ်ကြိုင်သင်းတဲ့အရင်းအတိုင်းစပယ်အိုးပုတ်တွေ။ ။

ဇယလ
၂၆ မေ ကိုဗစ်၂၀

မင်းဟာကိုယ့်ရဲ့…

မင်းဟာကိုယ့်ရဲ့အနန္တစကြဝဠာအလွန်က
ကိုယ်သင်းနံ့လေးဖြစ်တယ် သင်း-သင်း-လေး

မင်းဟာကိုယ့်ရဲ့စစ်ကြောရေးစခန်းအလွန်က
ရှင် နေတဲ့သွေးနီဥဖြစ်တယ် သွေး-နီ-ဥ

မင်းဟာကိုယ့်ရဲ့ရောဂါဘယအလွန်က
သစ်တောက်ငှက်ဖြစ်တယ် တောက်-တောက်-တောက်

မင်းဟာကိုယ့်ရဲ့အာဏာပါဝါအလွန်က
ယူကလီးလီးလေးဖြစ်တယ် တင်းဂ်-တော်င်-တင်းဂ်

မင်းဟာကိုယ့်ရဲ့ကွယ်လွန်ခြင်းအလွန်က
ရင်ခုန်လှုပ်ရှားဘွယ်ပီယာနိုတီးလုံးဖြစ်တယ်
(မဖော်ပြနိုင်)

မင်းဟာကိုယ့်ရဲ့ကဗျာတွေအလွန်က
လနဲ့ပင်လယ်ရဲ့ချစ်မှုပြုခြင်းဖြစ်တယ်
(ကြုံဘူးမှသိလိမ့်မယ်)

မင်းဟာကိုယ့်ရဲ့မင်းအလွန်က
မဖွင့်ရသေးတဲ့စာအိတ်ဖြူဖြူလေးဖြစ်တယ်။ ။

ဇယလ
၂၁ မေ ကိုဗစ်၂၀

မှတ်ချက်။ ။
ဟဲရိယစ်တ် မလ္လင်န်ကိုအားကျ၍။

ရွာပြီဟေ့… ရွာပြီ… ဒါမယ့် မုန်တိုင်းမိုး

မှန်းတော့ဦးနှောက်ခွဲစိပ်ပါရဂူ ကိုယ်တိုင်က
ဦးနှောက်ပါမလာတော့ တောမှာဆွဲခန့်ပေါ့
ဘောက်ဖတ်တိုင်းသိန်းငှက်မှမဖြစ်တာကိုနှလုံးသွင်း
လူမှု-ယဉ်ကျေးမှုပြသနာဆိုပါဆို့
ကိုယ့်ဘဝနရီနဲ့ကိုယ်ပဲအရက်မူးပြီး
သူစိမ်းတွေရှေ့ကဗျာလိုလိုဘာလိုလိုတွေရွတ်
အမယ် ချာတိတ်မအချို့ကလာမိတ်ဆက်ကြတယ်
အချို့ကလက်ထဲပိုက်ဆံလာထည့်ပေးကြတယ်
လိင်ကိစ္စနဲ့မကင်းတဲ့အမူအယာအချို့ဟာ
မိန်းမလှအချို့ကလာနေကြတာအံသြရ
ကိုယ့်မှာလည်းခုတ်ပိုင်းတဲ့အကိုင်းဘက်ပဲ
အမြဲလိုလိုရောက်နေတော့ တောပြန်ရတာပေါ့
အခြေအနေတွေပေးခဲ့ရင်ကိုယ်ဟာကျောင်းမှာ
ကျောင်းထိုင်ဘုန်းကြီးဖြစ်နေမှာ
တရားတွေဘာတွေဟောပြီးထောနေမှာ
တရားရစရာပဲ ဘောက်ဖတ်လို့ထင်နေခဲ့တာ
တီကောင်လေး အနောက်တိုင်းပန်းချီကားထဲမှာ
တောင်ပံတွေနဲ့တီကောင် ဆာရီယယ်ဆိုလား
သူ့ပုံတူကိုပြန်စားနေတဲ့ပုံ
မိုးတစ်စက်ထဲကနိုက်တြိုဂျင်ရဲ့ပမာဏဟာကိုယ်ပဲ
နှလုံးရှိတိုင်းနှလုံးသားရှိကြတာမှမဟုတ်တာ


ဆိုပါစို့ အဲ့လိုကဗျာ ‘ကဗျာ’လို့ပဲဆိုပါစို့…အာရုံယူစရာတွေပေးထားပေမယ့်ဘယ်ကိုမှဟုတ္တိပတ္တိမရောက်တာမျိုး…

အပေါ်ယံမှာတစ်ခုခုပြောနေသလိုနဲ့ဘာပြောနေမှန်းမသိရတာမျိုး…တီဗီချယ်နလ်တစ်ခုပြီးတစ်ခုပြောင်းနေတာမျိုး…အရွေ့တော့ရှိတယ်၊လားရာမရှိတာမျိုး…ငြမ်းတစ်ခုခုမရှိပဲချိတ်ဆက်ထားမှု…အဆောက်အအုံလို့တောင်ခေါ်ရခက်…တက္ကနိတွေယူသုံးထားပုံရတယ်၊ဒါပေမယ့်ဖွဲ့စည်းမှုရဲ့လိုအပ်ချက်မဟုတ်ပဲစိတ်ကစားရာလိုဖြစ်နေတာ….

ဒါကို ကဗျာ လို့ထင်ကောင်းထင်ကြမယ်…ပို့စ်မော်ဒန်လို့ပြောရင်ပြောကြမယ်…သူ့အကြိုက်သူ့အလိုက်နဲ့သူနဲ့ထိုက်တန်တာ…ဒါဟာ ကဗျာ မဟုတ်ဘူး ဒါမှမဟုတ် ကဗျာမဟုတ်သေးဘူး လို့ ပြောမယ့်သူတွေလည်းရှိမှာပဲ….

ရေးဖွဲ့ပုံပြောင်းလဲတိုင်း ကဗျာသစ်ဖို့မပြောနဲ့ ဖြစ်တောင်ဖြစ်မလာတတ်တာတွေကို သတိပြုမိရင်း မိုးကတော့ရွာပါပြီလေ…ရာသီမိုးမဟုတ်တဲ့မုန်တိုင်းမိုး

ကိုဗစ်ကာလမှာ သစ္စာပန်းများနဲ့မေလ

သေရွာကပြန်လာတဲ့ မေလဟာ
မေလကို သေရွာခေါ်ဖို့ပြန်လာတယ်
သရှောဟာသရှော
မလေဟာမလေ
အဲသလိုမခွဲထားပါနဲ့လေ
ဧပြီလဟာအရက်စက်ဆုံး လို့
အဲလိယစ်တ်ပြောခဲ့ရင် မောင်ချောနွယ်မှာလည်း
မေလကိုအသေသာပြန်ရလိုက်တဲ့မေလပါ
သေရွာမှာမေလဟာ ဘယ်တော့မှမသေတော့ဘူး
မေလဟာသေရွာမှာထာဝရ
ထာဝရတို့ရဲ့သေရွာဟာမေလ
သေရွာတွေဟာမေလမှာထာဝရ

ကိုဗစ်ကာလမှာ သစ္စာပန်းများနဲ့မေလ
ထာဝရရဲ့တမလွန်ထံမှာ လှဆဲကို