ကဗျာဟာ တိုးတက်သလား။ ကဗျာမှာ တိုးတက်တယ်ဆိုတာ ရှိသလား။ ဆုတ်ယုတ်တာကော ရှိသလား။ တိုးတက်တာ ဆုတ်ယုတ်တာထက် ပြောင်းလဲသွားတာပဲလား။ ကဗျာပြုလုပ်တဲ့ အခြေခံပစ္စည်းတွေဟာ အသေတွေလား၊ အစဉ်အမြဲ ပြောင်းလဲလှုပ်ရှားနေကြသလား။ ကဗျာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဟောင်းနွမ်းသွားရင် ကဗျာဟာ ဆုတ်ယုတ် သွားသလား။ ကဗျာမှာ သုံးတဲ့ ပစ္စည်းတွေ ဆန်းသစ်လာရင် ကဗျာဟာ တိုးတက်လာသလား။ ကဗျာဟာ ကမ္ဘာနဲ့အတူ လိုက်ပြောင်းလဲနေသလား။ ကမ္ဘာနဲ့အတူ လိုက်တိုးတက်နေသလား။ ကဗျာဟာ ကမ္ဘာကို တိုးတက်အောင်လုပ်ပေးနိုင်သလား။ ကဗျာကိုချစ်သင့်သလား။ Continue reading
Tag: Poetry Queries
ကဗျာဆိုင်ရာ မေးခွန်းများ အတွဲ (၁)
ကဗျာဟာ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲသင့်သလား။ တစ်ခုခုထ လှုပ်ရှားဆောင်ရွက်ဖို့ တွန်းအားပေး သင့်သလား။ တော်လှန်ရေးတစ်ရပ်ရပ်ကို စတင်သင့်သလား။ ဥာဏ်ကို ထက်မြက်အောင်ပြုလုပ်သင့်သလား။ ခံစားမှုတစ်ခုခုကို နှိုးဆွ သင့်သလား။ ကဗျာရေးသူနဲ့ ဖတ်သူရဲ့ ဆက်ဆံရေးဟာ ဘယ်လိုရှိသလဲ။ ကဗျာရေးသူဟာ ဖတ်သူအထက်မှာရှိပြီး ဖတ်သူကိုအထက် စီးက ဟောပြောပို့ချနေသူလား။ ကဗျာရေးသူဟာ ဖတ်သူနဲ့ ဆက်ဆံရေးအနေအထားတစ်ခု ကြိုတင်ရယူထားသင့်သလား။ ဖတ်သူဟာ ကဗျာပုဒ်ရဲ့ အစိပ်အပိုင်းတစ်ခုလား။ ဖတ်သူဟာ ရေးသူရဲ့ လက်အောက်ခံအဖြစ်ရှိနေရတာ ကျေနပ်သလား။ Continue reading
Recent Comments