ခေတ်က ဖော်ဝေးအတွက် အစပျိုးပေးခဲ့ပုံ

၁၉၇၆-၇၈ မိုးဝေ မှတ်စု

၁၉၇၆ နိုဝင်ဘာ။ ဒဂုန်တာရာ၊ ‘ကဗျာကိုတွေ့ရှိခြင်း’ ဆောင်းပါး။

‘ ခံစားမှုတစ်ခု၊ယုံကြည်မှုတစ်ခု ရှိလာလျှင် ယင်းတို့ကို ကဗျာပုံသဏ္ဍာန်ဖြင့် ရေးသားဖော်ပြခြင်းဖြစ်သည်။.
… ပေါရာဏလည်းမလို၊ပါဌိလည်းမလို၊ကာရန်လည်းမရှာရဘဲ၊ မိမိရင်ထဲ၌ ခံစားလာသောရင်ခုံသံ။ မိမိအားလာ၍ရိုက်ခတ်သော ပတ်ဝန်းကျင်လှုပ်ရှားမှု။ ယင်းတို့ကိုခံစားရသည့်အတိုင်း၊ ထိတွေ့ရသည့်အတိုင်း ရိုးရိုးကလေး ရေးချလိုက်ခြင်းမျှသာဖြစ်သည်။ ဘယ်ဆန်း၊
အလင်္ကာကျမ်း ဂိုဏ်း မှ ဖြုံစရာမလိုဘဲ၊ မိမိ၏ ခံစားမှုအသိကို ခံစားမှုအားကိုယ်စားပြုသည့် သာမန်စကားလုံးဖြင့် ရေးချလိုက်ခြင်းမျှသာဖြစ်တော့သည်။’
၁၉၇၇ ဖေဖော်ဝါရီ။ ဗျည်းနွဲ့၊ ‘ကဗျာသုတေသနစာပွဲပေါ်မှသင်ခန်းစာ’ (ဟိုးလပ်)ဆောင်းပါး။

၁၉၇၇ မတ်။ မောင်သာနိုး၊ ‘ကာရံမဲ့ကဗျာရဲ့ဂယက်’ ဆောင်းပါး။
မောင်နေဦး၊ ‘အစဉ်အလာနှင့်တီထွင်မှု’ ဆောင်းပါး။
ဗဂျီအောင်စိုး၊ ‘ရိုးရာမှသည် ခေတ်သစ်ဆီသို့’ ဆောင်းပါး။
ဒဂုန်တာရာ၊ ‘ကဗျာမှုနှင့်ဒီမိုကရေစီတရား’ ဆောင်းပါး။ “လေးလုံးစပ်လင်္ကာဒီမိုကရေစီ”။
ဗျည်းနွဲ့၊ ‘ကဗျာ၊တီထွင်ဆန်းသစ်မှုနှင့်လောကအမြင်’
(ပိုပါ) ဆောင်းပါး။

၁၉၇၇ ဇွန်။ ဒဂုန်တာရာ၊ ‘အစဉ်အလာသစ်၏လင်းအရုဏ်နီ’ ဆောင်းပါး။

၁၉၇၇ ဇူလိုင်။ ဒဂုန်တာရာ၊ ‘ခေတ်ပြိုင်ကဗျာ၏အတ္ထုပတ္တိ’။
“အနုပညာသည်အလှ၊ အလှသည်သစ္စာတရား”။

၁၉၇၇ သြဂုတ်။ ဒဂုန်တာရာ၊ ‘ကဗျာနဲ့စကားပြေနယ်ခြားမျဉ်း’ ဆောင်းပါး။ (အိလိယော့ ရဲ့ ‘ကန္တာရမြေ’)။

၁၉၇၇ စက်တင်ဘာ။ ဒဂုန်တာရာ၊ ‘အာရုံခံစားမှုပုံသဏ္ဍာန်’ ဆောင်းပါး။
“ကဗျာပုံသဏ္ဍာန်ရှိသည်။ အနုပညာပုံသဏ္ဍာန်ရှိသည်။ ပုံသဏ္ဍာန်ဟူရာ၌ စကားလုံးအသုံးအနှုံး၊စကားလုံး၏အသံ၊စကားလုံးများဖွဲ့စည်းမှု။ စကားလုံးအသုံးအနှုံးမှာ အဓိပ္ပါယ်နှင့်ဆိုင်သည်။ စကားလုံး၏အသံမှာ ကာရန်အချိပ်အဆက်၊အစပ်အဟပ်နှင့်ဆိုင်သည်။ စကားလုံးများဖွဲ့စည်းမှုမှာ ကဗျာ၏ပုံပန်းဟန်နှင့်ဆိုင်သည်။ ယင်းအားလုံးကို ကဗျာပုံသဏ္ဍာန်ဟူ၍ အကြမ်းအားဖြင့်ခေါ်ဆိုသည်”။
“ကဗျာသည် အာရုံခံစားမှုပုံသဏ္ဍာန်ပါတကား။”
ဗညားသီဟ၊ ‘ခေတ်ပြိုင်ခံစားမှုနှင့်ကဗျာ၏တုန့်ပြန်ချက်’ စာပေစစ်တမ်း။ ‘တင်မိုး၏ ‘ပုဂံကျောင်းမှခေါင်းလောင်းသံ’ တွင်
‘ဟေ့ကောင်…နီတိုး၊မအေရိုးကို
ခြေချိုးလိုက်ကွ…’
ဟု ဘဝဒေါသကို ဘောလုံးပွဲမှာ အန်ချနေကြပုံရှုခင်းကို သရုပ်ဘော်ထားပေသည်’။

၁၉၇၈ ဇန္နဝါရီ။ အောင်ချိမ့်၊ ‘အောင်ချိမ့်ရုပ်ရှင်ကြည့်ခြင်း’ ကဗျာ။

၁၉၇၈ မတ်။ အောင်ချိမ့်၊ ‘သီချင်းတွေနဲ့ညနေ’ ကဗျာ။

၁၉၇၈ မေ။ အောင်ချိမ့်။ ‘သတိရခြင်းများမှတ်စု’ ကဗျာ။

၁၉၇၈ သြဂုတ်။ ဖော်ဝေး၊ ‘နှလုံးအိမ်ထဲရေငတ်ခြင်း’ ကဗျာ။

ဇယလ
မိုးဝေ မှတ်စုများမှ

၁၉၇၀-၇၁ မိုးဝေ မှတ်စု

၁၉၇၀ ဇန္နဝါရီ ။ မိုးဝေ အယ်ဒီတာ့အာဘော်။’ကဗျာသည်တိုက်ပွဲလက်နက်’။ ‘မိုးဝေ ကဗျာ’ အဖွင့်။

၁၉၇၀ ဧပြီ။ ‘မြန်မာစာပေအဘိဓာန်’။ တော်လှန် နဲ့ မော်ဒန်။ မောင်လူညို၊ ‘ဘူဇွာကဗျာနဲ့သူ့လောက’။ ဘူဇွာကဗျာလက္ခဏာ နဲ့ ဆိုရှယ်လစ်စာပေလက္ခဏာ။

၁၉၇၀ မေ။မောင်လေးအောင်၊ ‘ကဗျာနှင့်အတတ်ပညာပြဿနာ’။

အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်းထုရိုက်တယ်…..

၁၉၇၀ မေ။ မြဇင်၊ ‘ကဗျာ့အတွေး’။
ကဗျာ့အတွေးသည် အသိသညာများနှင့်စဉ်းစားချက်များကို အသိသညာသက်သက်ဘဝ၌ဖြစ်စေ စဉ်းစားချက်သက်သက်ဘဝ၌ဖြစ်စေ မတည်ရှိစေပဲ အသိသညာများ စဉ်းစားချက်များကို ကဗျာဆိုင်ရာအချက်အလက်ပစ္စည်းများနှင့် တွဲစပ်၍စိတ်ကူးသည်။ခံစားမှုနှင့်တွဲစပ်သည်။နိမိတ်ပုံနှင့်ထင်ဟပ်သည်။အသံနှင့်ဖက်သည်။အသံသွားလာမှုအစဉ်နှင့်ပေါင်းသည်။အဆောက်အအုံထဲသို့သိမ်းသွင်းသည်။အသိသညာများ စဉ်းစားချက်များကို ကာရန်ဈာန်စိတ်ဖြင့်သာမသုံးသပ်ပဲ ကဗျာအဖြစ်သို့ပြောင်းလဲအောင် ကဗျာ၏ကိုယ်သဏ္ဍာန်ပေါ်တင်၍ ကြည့်ရှုသည်။…..ခံစားမှုအားနည်းပြီး အတွေးများလျှင် ဆုံးမစာဆန်တတ်သည်။အတွေးအားနည်းပြီး ခံစားမှု အားများလျှင် စိတ်ထကြွမှုသာပဓာနထားသော အရေးအသားဖြစ်တတ်သည်။’

၁၉၇၀ ဇွန်။နေသွေးနီ၊ ‘ဆဲပါနဲ့တော့သူငယ်ချင်း’။

ကဗျာခေတ်က
ထကြွလာတော့ ငါကပညာတတ်
ရေးစပ်လဲမဟန် ကာရန်လဲမတူးရဲ
စာပေထဲ ကဲ နေရာရအောင်
ခေါင်းဆောင်လဲဖြစ်ချင်တော့
တီထွင်ပြီး ရောဆရာကြီးလုပ်ရတယ်ကွာ။
ဒါကြောင့်
ဟိုကသည်က ဆွဲရသည့်အယူအဆ
သက်တေဝါဒ ဒါက နိမိတ်ပုံ
သည်ပုံတွဲဘက်အနက် သည်ဘက်ကမြို့ပြ
ဘာကွညာကွနဲ့ ရရာဖြတ်လမ်းက
မှန်မမှန် ဟန်မဟန်မသိဘူး
ဦးအောင် ဆရာကြီးလုပ်ရတာပေါ့ကွာ။’

၁၉၇၀ ဇွန်။ အောင်လှိုင်ထွန်း၊ ‘ကဗျာဆိုတာဘာလဲ’။ ‘ကဗျာဆိုတာ တိုက်ပွဲလက်နက်။အဖိနှိပ်ခံလူတန်းစား၏တိုက်ပွဲလက်နက်။…ကဗျာဆရာ ဟာစည်းရုံးရေးမှူး။’

၁၉၇၀ ဇူလိုင်။အောင်ချိမ့်၊ ‘မဲခေါင်မြစ်ကမ်းများ’။

၁၉၇၀ ဇူလိုင်။အယ်ဒီတာ့အာဘော်၊ ‘အကြောင်းအရာသည်အဓိက။ပုံသဏ္ဍာန် (အတတ်ပညာ) ည် အကြောင်းအရာကိုသယ်ဆောင်သောယာဉ်။’
၁၉၇၀ အောက်တိုဘာ။မောင်လေးအောင်၊ ‘နစ်ကဆင်နှင့်စစ်တုရင်ကစားခြင်း’။

၁၉၇၁ ဧပြီ၊ညွန်ကြူး၊ ‘ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍’ဆောင်းပါးမှ ကဗျာမဟုတ်သော ကာရန်ချိတ်ရုံစာ—

‘လူကဘာလဲ တိုက်ပွဲတွေရဲ့သတ္တဝါပဲ
တိုက်ပွဲဆိုတာ ဒါဖြင့်ဘာလဲ အဲဒါသုံးသပ်ကြည့်ရမယ်
လူဆိုတာက ဓနရှင်နဲ့ပစ္စည်းမဲ့ အဲဒါနှစ်မျိုးပဲရှိတယ်
အဲဒါရှိရင် တိုက်ပွဲအသွင်က အစဉ်အလာ ဖြစ်နေမှာပဲ
လူဟာတိုက်ခိုက်ရေးသမား။’

၁၉၇၁ ဇူလိုင်။ မောင်တင်ရွှေ၊ ‘ဘာခေတ်ပေါ်ကဗျာလဲ’။ ‘ခေတ်ပေါ်ကဗျာသည် ပြည်သူ့စာပေစင်မြင့်ပေါ်သို့ ရုပ်ဖျက်ပြီးတက်လာသော အနုပညာသက်သက်ဝါဒ Art for Art’s Sake သာဖြစ်။….ခေတ်ပေါ်ကဗျာ ၂မျိုးရှိ၊နယ်ချဲ့ပဒေသရာဇ်ကိုအလုပ်အကျွေးပြုလုပ်/သွေးစုပ်တာနဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး။…ခေတ်ပေါ်ကဗျာဟာလူတန်းစားလက္ခဏာကိုဖျောက်။…ခေတ်ပေါ်ခံစားပုံနှင့်လူတန်းစားအာရုံခံစားပုံတို့မတူကြ။’

ဇယလ ပြုစုထား။
စိတ်ပါလျှင်ဆက်လက်တင်ပြပါဦးမည်။ကိုယ်တိုင်ပဲလုပ်ကြပါတော့လား။

“၂၀ရာစုမြန်မာကဗျာသမိုင်း” တရားဝင်ပေါ်ထွက်ရေးသို့

သို့/

မြန်မာနိုင်ငံတော်အစိုးရ၊
မြန်မာနိုင်ငံတော်ယဉ်ကျေးမှုဝန်ကြီးဌာန၊
မြန်မာနိုင်ငံတော်ပညာရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံတော်သုတေသနဌာန၊
မြန်မာနိုင်ငံတော်တက္ကသိုလ်များမြန်မာစာဌာနများ။

နေ့စွဲ ။ ။ စနေ၊ ၁၃ ဇွန်၊ ၂၀၂၀။

အေကြာင်းအရာ။ ။’၂၀ရာစုမြန်မာကဗျာသမိုင်း’ကျမ်း ပြုစုရေးသားထုတ်ဝေဖြန့်ချိပါရန်။

လူကြီးမင်းများခင်္ဗျား၊

ခေတ်ပြိုင်မြန်မာသမိုင်းနှင့် အကျုံးဝင်လျက်ရှိသည့် ၂၀ရာစုမြန်မာရသစာပေနှင့် ပတ်သက်သည့် ၂၀ရာစု မြန်မာကဗျာသမိုင်းကျမ်းကို နိုင်ငံတော်နှင့်အများပြည်သူများအပြင် နိုင်ငံရပ်ခြားရသစာပေအဖွဲ့အစည်းများအတွက်လည်း မရှိမဖြစ်လိုအပ်သည့်အတွက် ယခု ၂၁ရာစုနှစ်၊ဆယ်ရာစုသုံးခုအတွင်းပြုစုထုတ်ဝေစေလိုပါကြောင်း လေးနက်စွာအကြံပြုအပ်ပါသည်။

လေးစားစွာဖြင့်၊
ဇေယျာလင်း
မြန်မာနိုင်ငံသားကဗျာဆရာ။


မှတ်ချက်။ ။ ဤတင္ပို့မှုကို သက္ဆိုင်ရာသို့ မည်သူမဆို ဆက္လက္တင္ပို့ခြင့်ရွိပါကြောင်း။

ကိုယ်ထဲ ရေခဲတိုက်လို အေးစက်ရေခဲရေ

The Uncannyတဲ့။ စင်းစင်းပြောရင်တော့သဘာဝမကျ၊သဘာဝလွန်ပေါ့။ ဖရွိုဒ်ကိုပဲကိုးကားရရင် ဂျာမန်လို heimlich (h) နဲ့ unheimlich (uh)။ h ကအဖန်ဖန်သိပြီးသား၊တွေ့ကြုံပြီးသား၊ရင်းနှီးပြီးသား၊ကိုယ့်နေ့စဉ်ဘဝရဲ့ရှိမှုသိမှုနဲ့နေသားကျပြီးသား၊ကိုယ့်အိမ်လိုယာလိုသဘောထား။ uh က လျှို့ဝှက်ဆန်းကြယ်တာ၊ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာ၊အစိမ်းတိုက်လိုဖြစ်တာ၊ပုန်းလျှိုးကွယ်လျိုးအန္တရာယ်ပြုတာ၊ကျောစိမ့်စေတာ။ တစ်နည်းပြောရရင် h က သိစိတ်နဲ့ဆိုင်ပြီး uh က မသိစိတ်ကလာတာ။ Uncanny event အဖြစ်အပျက်ဆိုတာက ဖရွိုဒ်အလိုအရ uh မဟုတ်ဘူး။ ထူးဆန်းမှု၊ဆန်းကြယ်မှုသက်သက်ထက် h ထဲ uh ပေါလာတာ၊ သို့မဟုတ် uh ထဲမှာ h ကိုတွေ့ရှိတာ။ h နဲ့ uh တွေ့ရှိပေါင်းစပ်ကြတာ။ နေ့စဉ်ပုံမှန်တွေ့ကြုံနေထိုင်မှုထဲ uh ကောက်ဖြစ်တာ။ ဆင်ခြင်ယုတ္တိမရှိ၊သိမှုရဲ့လုံခြုံမှုကိုဂုတ်ကေန ဇတ်ကနဲကောက်ခါ။အရှိတရားထဲဝင်ရောက်လာတဲ့လောကီလွန်ပရ။အပေါ်ယံပုံမှန်ဘဝမျက်နှာပြင်ကနေအောက်ကအိပ်မက်ဆိုးကြီးလိုထဲကျွံကျ၊မဟုတ်ရင်အိပ်မက်ဆိုးကြီးဟာနေ့စဉ်ပုံမှန်ဘဝထဲရောက်နေတာ။

ခင်္ဗျားဘယ်ကစမလဲ၊ဘယ်ကစစ အဲဒီအစထဲမှာဝိဥာဏ်တွေရှိနှင့်နေပြီးခြောက်လှန့်လို့နေတာ။သန့်သန့်ရှင်းရှင်းအစဆိုတာလုံးဝမရှိတာ။

ကားလ် ယွန်းဂ်ရဲ့ သမိုင်းဦးလူသားရဲ့ဥပါဒါန်တွေသမိုင်းခေတ်ထဲရောက်နေတာ။

Contemporary ကဗျာရဲ့လက္ခဏာတစ်ခု။

ဘာရယ်မဟုတ်ပါဘူး။မောင်ဒေးရဲ့ပုံတွေ၊ကဗျာတွေ၊အထူးသဖြင့်စကားပြေကဗျာတွေဖတ်ပြီးသွေးမည်းခုန်ရတာပြောပါတယ်။ဥပမာ၊ကွယ်လွန်သူအဖေဟာမိသားစုဓာတ်ပုံရိုက်ဖို့ထလာ၊ရိုက်ပြီးတာနဲ့သူ့အခန်းထျဲပန်ဝင်သွားတာ။သရဲအကြောင်းမဟုတ်ဘူး။ Uncanny event။
ခ်ားလ်စ် ဆီးမစ်ခ်ျဟာလည်းတပြွတ်ပြွတ်ပမ်းထွက်တဲ့သွေးပြာကြောကြီးတစ်ချောင်းပေါ့။
ကလေးဘဝထရော်မာတို့လူ့ရွာထဲအစာရှာထွက်ခြင်း။

“ကဗျာ” လို့ ပြောလိုက်သလား (၄)

၃။ ‘ကဗျာ’ ကိုဖွင့်ဆိုခြင်း

၃.၁။ ‘ကဗျာ’ ကိုဖွင့်ဆိုလို့မရ အယူအဆ

‘ကဗျာ’ Poetry ကိုဖွင့်ဆိုလို့မရဘူးလို့ယူဆတာကအစ အခိုင်အမာပြောဆိုတာတွေလည်းရှိပါတယ်။ဒီမှာရော နိုင်ငံခြားမှာရော ဖြစ်ပါတယ်။ဒီလိုပြောကြတာကိုလေ့လာရင် အချက် ၄ ချက်တွေ့ရပါတယ်။
၁။ ကဗျာဟာအစဉ်ပြောင်းလဲနေတဲ့အတွက်အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုခုနဲ့ချုပ်ထားလို့မရခြင်း
၂။ ကဗျာဟာ ရေးသူမှာဖြစ်ဖြစ်၊ဖတ်သူမှာဖြစ်ဖြစ်၊ စိတ်ထဲဖြစ်ပေါ်တဲ့အာရုံတွေနဲ့ဆိုင်တဲ့အတွက် စိတ်ဖြစ်စဉ်ကိုကျိုးကြောင်းဆင်ခြင်ယုတ္တိနဲ့ရှင်းပြလို့မရခြင်း
၃။ ကဗျာဟာ စိတ်ရဲ့အနက်ရှိုင်းဆုံးကလာပြီး ခက်ခဲနက်နဲလျှို့ဝှက်တဲ့အသိကလာခြင်း၊metaphysical ရုပ်လောက(ဝါ)လောကီလွန်ခြင်း၊mysticism ဂမ္ဘီရ၊ဂန္တာရီဆန်ခြင်း၊magicမှော်(အတတ်)ဖြစ်ခြင်း
၎။ ကိုယ်တိုင်ရေရေရာရာမသိလို့ မသိခြင်းကို ‘သိစရာမလို’ ‘သိရခက်’ စတဲ့အကြောင်းပြချက်တွေနဲ့ဖုံးကွယ်လိုက်ပြီး လျှို့ဝှက်မှုတစ်ခုလို လမ်းလွှဲလိုက်ခြင်း

ဒါကို တစ်ချက်စီရှင်းရရင်
၁။ အစဉ်ပြောင်းနေခြင်းမို့ဖွင့်ဆိုမရဘူး လို့ပြောရင် လောကမှာ၊လူမှာ အစဉ်ပြောင်းလဲခြင်းတွေဖြစ်ပေါ်နေပေသည့် အဆိုပါပြောင်းလဲနေကြတဲ့အရာတွေကိုဖွင့်ဆိုရှင်းပြပြောဆိုရေးသားနိုင်ပါတယ်။အစဉ်ပြောင်းလဲနေခြင်း၊ဘယ္တော့မှမမြဲခြင်းဖြစ်တဲ့ သင်္ခါရ ကိုပင်လျှင် ဖွင့်ဆိုရှင်းပြနိုင်ပါတယ်။
နောက်တစ်ချက်က ကဗျာမှာပြောင်းလျဲမဲပြောင်းလဲနေတာတွေထဲမှာ ကဗျာပေါ်ထားရှိတဲ့အမြင်တွေ၊အယူအဆတွေ၊သီအိုရီတွေနဲ့အတူပုံသဏ္ဍာန်ပြုလုပ်ဖွဲ့စည်းမှုတွေဟာရှေ့တန်းမှာရှိကြပါတယ်။အပြောင်းအလဲဟာကဗျာကိုယ်တိုင်ရဲ့အသက်သွေးကြောဖြစ်ပါတယ်။အဲဒါကြောင့် ကဗျာကိုဖွင့်ဆိုလို့မရဘူးလိုပြောလို့မရပါဘူး။ကဗျာကိုရှေးခေါမခေတ်ကတည်းက ပလေတိုနဲ့ အရစ္စတိုတလ်တို့ဖွင့်ဆိုပြောပြခဲ့တာတွေဟာသက်သေတွေပါ။အရှေ့တိုင်းမှာလည်းဂါထာဆိုင်ရာဝေဒတွေရှိပါတယ်။
Continue reading