ကဗျာနဲ့လည်း ပတ်သက်နေလို့ပါ

အဒေါနိုးပြောခဲ့ဘူးတယ်၊’သြရှဗစ်တ်ဇ်အကျဉ်းစခန်းမှာ ဂျူးတွေကိုလူမျိုးရေးပျက်သုဉ်းအောင် ရက်စက်ကြမ်းကြုတ်လူမဆန်စွာ စနစ်တကျသတ်ဖြတ်မှုကြီးကိုကြုံခဲ့ပြီးမှ ကဗျာရေးတာ ရိုင်းစိုင်းရာကျမနေဘူးလား’ တဲ့။

အဲဒီကိစ္စကို ဟောင်ကောင်ကကဗျာဆရာသူငယ်ချင်းနဲ့ပြောမိပါတယ်၊’ဒီအချိန်မှာ ငါကဗျာတွေရေးနေတာဟာ ကျင့်ဝတ်နဲ့ကိုက်ညီပါ့မလား၊ကဗျာရေးမယ့်အစား လမ်းပေါ်ထွက် ရှေ့တန်းကနေ ဒင်းတို့ကိုတုန့်ပြန်တာမှ ပိုအဓိပ္ပါယ်ရှိမလား’ ပေါ့။

အဲဒီသူငယ်ချင်းကပြန်ပြောတယ်၊သူတို့ဟောင်ကောင်အရေးအခင်းတုန်းကလည်း အဲသလိုစိတ်တွေဖြစ်ခဲ့ကြတယ်တဲ့။ဒါပေမယ့် အဲဒီအရေးအခင်းကို ကဗျာဆရာတွေကိုယ်တိုင်ရေးသားမှတ်တမ်းတင်ခြင်းမပြုရင် ဘာအဓိပ္ပါယ်ရှိမလဲတဲ့။သူက အားပေးပါတယ်၊ရေးသာရေး တဲ့။ထုတ်ဝေဖြန့်ချိဖို့အန္တရာယ်ရှိရင် ရေးပြီးဝှက်ထား တဲ့။

စိတ်ထဲဖြစ်နေတာ ပြောတာပါ။
ကဗျာနဲ့လည်း ပတ်သက်နေလို့ပါ။

ဇယလ
၁၉ မတ်၊ ဏာသိမ်း ‘၂၁

Message for UNESCO Director-General and of World Poetry Day 2021

Dear Madam Audrey Azoulay,

Since 2005, we poets in Myanmar/Burma have celebrated World Poetry Day (WPD), and since then, WPD has become an auspicious day, a day we share with poets of the world, past and present and even towards the future.

WPD has been celebrated not only in cities like Yangon or Mandalay but also in many parts of the country where poetry-conscious people and people-conscious poets come together to hold hands in spirit with the poetry world at large.

This year, however, will be a widely defining celebration. Poetry and democracy are one life with two inter-twining bloodstreams, enriching one another.

Madam Director- General,

Today, poets of Myanmar, again embody the Shelleyan doctrine of poets being ‘the unacknowledged legislators of the world’. We poets in Myanmar are in the forefront of our revolution for democracy. As poetic expression of democracy and democratic expression of poetry are the two sides of an indeterminate coin, we wish to celebrate democratic expression as per poetry. We also acknowledge that poets are against all forms of oppression, call it patriotism, nationalism, rule-of-law ism, or even poetryism.

As I write, sounds of gunshots at 23:35 blast holes in the military-administrated night killing sleep in bed.
Continue reading

ကဗျာဆရာတစ်ယောက်ရဲ့ ထုတ်ပြန်ကြေညာချက်

ကဗျာဆိုတဲ့ ယဉ်ကျေးမှုအနုပညာရပ်ဟာ အခြားအနုပညာရပ်များလိုပဲ လွတ်လပ်မှု freedom ရှိမှ စိမ်းလန်းဝေဖြာစည်ပင်ဖွံဖြိုးနိုင်မှာဖြစ်တယ်။ အဲဒီလွတ်လပ်မှုဟာ တစ်ကိုယ်ရည်လွတ်လပ်မှုဖြစ်သလို အဲဒီတစ်ကိုယ်ရည်လွတ်လပ်မှုဟာလည်း လူ့ဘောင်လူ့အဖွဲ့အစည်းရဲ့လွတ်လပ်မှုနဲ့ ဖြတ်တောက်မရအောင်ချိတ်ဆက်နေတာဖြစ်တယ်။

ကဗျာဆရာရဲ့နိုင်ငံသားအဖြစ်၊တသီးပုဂ္ဂလအဖြစ်တင်မကပဲ ကဗျာဆရာအဖြစ်ဟာ တိုင်းပြည်ရဲ့လွတ်လပ်မှုနဲ့. နှလုံးသွေးချင်းစီးဆင်းဆက်စပ်နေတာဖြစ်တယ်။

အဲဒါကြောင့်ပဲ ယနေ့မှာ တိုင်းပြည်တစ်ခုလုံးရဲ့လွတ်လပ်မှုအခြေခံဖြစ်တဲ့ ဒီမိုကရေစီအတွက်နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေကြတဲ့ ပြည်သူတစ်ရပ်လုံးထဲမှာ ကဗျာဆရာများသမဂ္ဂတွေ၊ကဗျာအစုအဖွဲ့တွေ၊ကဗျာချစ်သူပရိသတ်တွေနဲ့အတူ ကဗျာဆရာတွေဟာ သွေးစည်းညီညွတ်စွာ တခဲနက် လက်တွဲပါဝင်ဆောင်ရွက်လှုပ်ရှားနေကြတာဖြစ်တယ်။

တိုင်းပြည်လွတ်လပ်မှုဟာ ကဗျာလွတ်လပ်မှုဖြစ်တယ်။ တိုင်းပြည်လွတ်လပ်မှ ကဗျာဆရာတွေလွတ်လပ်မယ်။ ကဗျာဆရာတွေလွတ်လပ်မှ ကဗျာတွေလွတ်လပ်မှာဖြစ်တယ်။

အဲဒါကြောင့်ပဲ ယနေ့ယခုဆင်နွှဲနေကြတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးမှာ ကဗျာဆရာတွေဟာ မိမိပင်ကိုအသိစိတ်ဓာတ်၊မိမိပင်ကိုနှလုံးသားတွေနဲ့ ပြည်သူဘက်ကတတပ်တအား ပါဝင်ဆောင်ရွက်လှုပ်ရှားနေကြတာဖြစ်တယ်။

မြန်မာနိုင်ငံလွတ်မြောက်ရေး
အောင်ရမည် အောင်ရမည်။
CDM လှုပ်ရှားမှု
အောင်ရမည် အောင်ရမည်။
ဒီမိုကရေစီတော်လှန်ရေး
မုချအောင်ရမည်။ ။

ဇယလ
၁၅ ဖေ၊ ဏာသိမ်း’၂၁

Statement to the World at large

Monday, 8 February, 2021 03:28
Yangon, Myanmar.

Currently, the people of Burma/Myanmar are actively and passionately engaged in the non-violent, Civil Disobedience Movement (CDM) to protest the unconstitutional military coup that has taken over power from the legally elected National League for Democracy (NLD) that was about to form a new legitimate government on the first of February this year.

The strategy, chosen correctly, reflects the decision of the demonstrating masses to refrain from direct confrontation with the military and the police in order to avoid unnecessary bloodshed. Until now, the public have been taking intelligent care not to provoke the police nor the manipulators behind the coup to use force against the unarmed and peaceful demonstrators.

As a result, the military is using the state media as well as their own to spread disinformation that the non-occurance of violent clashes between the public and the armed forces testify to the former’s support of the coup. Indeed, a Chinese newspaper has published pictures of the police accepting roses from the demonstrators as the latter’s willing acceptance of the tense situation, when, in fact, the gesture was clearly a sign of non-confrontation by the people vis-a-vis the police (reminiscence of the university students and the public against the military police during the anti-Vietnam War demonstrations in the United States in the ’60s, and also at times and in places where the people come face to face with the armed personnel during peaceful protests. Tienanmen is still fresh in our memory, still as fresh as the courageous and valiant yellow umbrella movement of the people of Hong Kong).

Hence, it would be a gross misunderstanding and misinterpretation of the real situation and intention of the public resistance at ground-level to even assume that the people support the military, which has not only burglarized the country but also robbed the legitimacy of the popular government.

Does the world wish to witness unimaginable (but almost imminent on the part of the coup-stagers) rampant acts of unrestrained slaughter on the streets, in the parks, in monasteries, in schools and universities, in offices, in public buildings and public spaces to wake up to the fact that there IS a situation going on in Burma/Myanmar and that the people are putting their precious lives at risk in the face of perpetrators prepared-and-willing to kill?

If the world wants a spectacle, it shall have one. Only will it have the conscience to stop it before it has begun?

– Zeyar Lynn

ကဗျာအကြောင်း ပြောပါတယ် (၇၃)

ကဗျာဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ် အခြားအနုပညာဖြစ်ဖြစ် ဘယ်သူ့ကိုမှ ဘာကိုမှမငဲ့ပဲ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ချင်သလိုလုပ်တာဟာ ကိုယ့်အနုပညာရိုးသားမှုပဲဖြစ်တယ်။

ဘယ်သူနဲ့မှလည်းငြှိစရာမလို ဘယ်သူ့သတ်မှတ်ချက်မှလည်းမလိုပါဘူး။ ကိုယ့် freedom to create ကို ကိုယ်တိုင်လိုက်နာပြီး ကိုယ်တိုင်လွတ်လပ်စွာ ကြိုးစားဖန်တီးခြင်းဟာ အနုပညာမှာအရိုးသားဆုံးပါပဲ။ အသိပညာတွေ အတတ်ပညာတွေ ဖွံ့ဖြိုးလာလို့ ကိုယ်ကြိုက်လို့ ကိုယ်သင်ယူ ယူငင်သုံးစွဲတာလည်း ကိုယ့်အနုပညာလွတ်လပ်ခွင့်ပါပဲ။ ကိုယ့်အနုပညာလွတ်လပ်ခွင့်အတိုင်း ကိုယ့်အတွက်ကိုယ် ကိုယ့်စိတ်ကြိုက်ကိုယ်လုပ်ခြင်းဟာ ကိုယ့်အနုပညာရိုးသားမှုပါပဲ။ ကိုယ်လုပ်တတ်သလို လုပ်နေကျကို မလုပ်ချင်တော့လို့ ကိုယ့်အနုပညာစိတ်နဲ့ဟပ်မယ့် သိမှုတတ်မှုနည်းနာတွေ ယူသုံးတာဟာလည်း ကိုယ့်ရိုးသားမှုနဲ့ကိုယ်ပါပဲ။

ပါရမီကုန်ရင် ပညာနဲ့လိုက်ရတယ် ဆိုတဲ့စကားဟာလည်း ရိုးသားမှုရဲ့ ဆန့်ကျင်ဘက် မရိုးသားမှု မဟုတ်ပါဘူး။ သူများဟာ ခိုးချတာ၊ သူများအလို သူများအကြိုက်ရေးသားတာ၊ ပြင်ပအကျိုးတစ်ခုခု မျှော်ကိုးရေးသားတာ၊ သူများကဲ့ရဲ့မှာစိုးလို့ ကိုယ့်နဂိုကို ပြုပြင်ရေးသားတာ၊ လူမှုရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရားရေး၊ နိုင်ငံရေး စသည်တို့ကိုငဲ့ပြီး ရှောင်ရေးတာတွေကမှ အနုပညာမရိုးသားမှုဖြစ်တယ်။

အနုပညာနဲ့ပတ်သက်လို့ ‘ရိုးဂုဏ်’တို့ ‘ရိုးသားမှု’တို့ ဆိုတာတွေဟာလည်း အနက်ဝေဝါးထွေပြားတဲ့ အတ္တနောမတိ အသုံးအနှုံးတွေလည်း ဖြစ်တဲ့အတွက် ကိုယ့်လူဆိုမြှောက် တစ်ဘက်လူဆိုပုတ်ခတ်တိုက်ခိုက်ဖို့လည်း အလွယ်တကူသုံးလို့ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖန်တီးမှုဖြစ်စဉ်ထဲမှာ ဖန်တီးနေတဲ့စိတ်ရင်းဟာပဲ အရိုးသားဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ဆို ရေးသားပြီး ပိုကောင်းဖို့ ပိုထိရောက်ဖို့အတွက် ပြုပြင်မွမ်းမံတာတွေလည်းရှိတတ်ကြတာကိုး။ ဒါဟာမရိုးသားမှုဆိုရင်လည်း ‘အရိုးသားဆုံး’ လို့ခေါ်ခံရတဲ့ အနုပညာရှင်လည်း အပြစ်လွတ်မှာ မဟုတ်တော့ပါဘူးလေ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၈ ဇန် ကိုဗစ်၂၁