ကွန်တမ်ပိုရာရီကဗျာတွေရဲ့ ခေတ်စားတဲ့ ရေးနည်း

ကွန်တမ်ပိုရာရီကဗျာတွေကို လေ့လာကြည့်ရင် experimental techniques တွေကို Lyric နဲ့ ဖြစ်ဖြစ် narrative ပုံစံနဲ့ ဖြစ်ဖြစ် ပေါင်းစပ်လာတာ တွေ့ရတယ်။ Image တစ်ခုဟာ နောက်ထပ် image တစ်ခုဆီ ဦးတည်သွားတယ်။ Associative မဟုတ်ရင် nonsequiturial cascades ပုံစံနဲ့။ ၀ါကျအပိုင်းအစတွေရဲ့ အဆင်ကို သမရိုးကျ ၀ါကျပြည့်နဲ့ `ဖျက်´ပစ်တယ်။ စာမျက်နှာကို visual space အနေနဲ့ သုံးတယ်။ သရုပ်ဖေါ်မှုတွေဟာ အာရုံပြောင်းမှုတွေ ၊ ပိုင်းဆစိပ်မြွာမှုတွေကို ထင်ဟပ်တယ်။ အာရုံသိမှုနဲ့ ပတ်သက်တဲ့ တွေးခေါ်မြော်မြင်မှုတွေ ပူးတွဲပါရှိတတ်တယ်။ ကဗျာတွေဟာ ပုဂ္ဂလိက ကိစ္စတွေ ၊ သမိုင်းမှတ်တမ်းတွေထဲ စူးစမ်းရှာဖွေမှုပြုပြီး အဲဒီ စူးစမ်း ရှာဖွေမှု ကိုယ်တိုင်ကို ဖြတ် – ညှပ် – ကပ် နည်းတွေနဲ့ ပြန်မှတ်တမ်းတင်တယ်။ ဒီလို အစုအဝေးတစ်ခုနဲ့ တစ်ခု ယုတ္တိ အဆက် အစပ်မဲ့ခြင်းထဲမှာပဲ အရာရာဟာ ဘာသာစကားနဲ့ တည်ဆောက်ဖွဲ့စည်းထားတာတွေပဲဖြစ်တယ်ဆိုတာကိုလည်း ပြန်ပြောတာဖြစ်တယ်။
Continue reading