သမိုင်းသစ်

ပြင်သစ်ကွန်မြူနစ်ပါတီကိုအလုပ်အကျွေးပြုပါရစေလို့ အန်ဒြေ ဘရေတွန်ကရိုသေစွာတင်သွင်းတော့ ချက္ကိုဆလိုဗက်နိုင်ငံရဲ့ နွားနို့ထုတ်လုပ်မှုအစီရင်ခံစာရေးသားတင်သွင်းဖို့ ပါတီက ဘရေတွန်ကိုတာဝန်ပေးလိုက်တယ်။ တော်လှန်ရေးကို မသိစိတ်ကဦးဆောင်ဆင်နွှဲဖို့ ပေါ်လစ်ဗြူရိုကမသိကြလေချင်း။အလုပ်လက်မဲ့တက္ကသိုလ်ဘွဲ့ရကောင်လေးဟာ သူ့ကောင်မလေးသူဋ္ဌေးသားနဲ့ ဟော့ပေါ့ဆိုင်ထဲဝင်သွားတာတွေ့လိုက်တော့ ပေါက်ကွဲတော့တာပေါ့။ကောင်မလေးရဲ့ဆံပင်ထဲရင်ကြားထဲ ပြီး ပေါင်တွေပေါ် အချဉ်ရည် လေးမျိုး၊ ကြားပုစွန်အကောင် ၈၀၊ဂဏန်းလက်မညှပ်ထားတဲ့ရင်ကွဲနာကျမှု နဲ့ အခြားသောအထွေထွေ ဝက်သုံးထပ်သား၊နာကျင်အသည်းအမြစ်၊အူတို အူရှည် အူခွေတွေအကုန်လုံး ဝရုန်းသုန်းကားနဲ့ အက်ရှင်ပိန်တင်ဂ်ဖြစ်သွားတယ်။ ဟိုငနဲကိုတော့ မာလာရှမ်းကောချဉ်စပ်ပွက်ပွက်ဆူထဲထည့်ပြုတ်ပစ်လိုက်တယ် တရားသူကြီးကသူ့ပစ္စည်းမဲ့ဒေါသအတွက်အလုပ်ကြမ်းနဲ့ထောင်ဒါဏ် တစ်နှစ်ခွဲကျစေ။မင်းတို့ဥပဒေနဲ့တရားစီရင်ရေး ကျဆုံးပါစေ။ မင်းတို့အချစ် ကျဆုံးပါစေ။ မင်းတို့ဟော့ပေါ့ဆိုင် ကျဆုံးပါစေ။အရှေ့မှာရောင်နီလာပြီ။အရှေ့တိုင်းဟာ တော်လှန်ရေးအရောင် ရဲရဲနီ။လေးစားမြတ်နိုးရိုသေအသက်ပေးရသောခေါင်းဆောင်တော်မြတ်ကြီးရဲ့ထာဝရစစ်မှန်သောအိုင်ဒီယော်လော်ဂျီဖြင့်ရန်သူနယ်ချဲ့ဓနရှင်လောက၏လည်ကိုလိမ်ချိုးပြီး ပစ္စည်းမဲ့အာဏာရှင်စနစ်ထူထောင်မည်။ သမိုင်းရဲ့ဝမ်းထဲကနေလူတန်းစားသစ်ပေါ်ထွန်းမည်။ရေတွေဟာမှန်ကန်သောဒိုင်ယာလက်တစ်သမိုင်းအမြင်ဖြင့်ရေလိုစီးကြမည်။ Continue reading

အမှတ်ရမှုတွေ

အမှတ်ရမှုတွေဟာအသားနုအမြဲတက်တယ်လို့ဆရာဝန်ကပြောတာပဲ။အဲဒီအကြောင်းတရားဟာအကျိုးတရားဆီရောက်လာနိုင်မှန်းဘယ်သူသိမလဲ။ခွဲစိပ်ခံရပြီးစိတ်ထဲအသိဟာရေထဲဝေဝါး။ရောက်ခဲ့သလား။ပြန်ရောက်ခဲ့သလား။ပြန်ရောက်လာပြီလား။တရားမှတ်ရတော့မလား။ညဥ့်နက်ကြီးထဲမှာအသိတစ်ယောက်ရဲ့ကြောင်မလေးဟာသခင်မကိုတရားပြသွားခဲ့သေးတယ်။အဆိုးတွေထဲကအကောင်းပေါ့လို့ပြောဖို့ကလည်းကိုယ်တိုင်တွင်းတူးပြီးတွင်းထဲကိုယ်တိုင်မထည့်နိုင်ခဲ့ဘူး။တသိမ့်သိမ့်ခါအောင်ရှိုက်ကြီးတငင်နဲ့တရားစခန်းခြင်ထောင်ထဲရိုက်တာရိုက်တာမှလှိုက်ခါနေတော့တာပဲတဲ့။နာကျင်မှုရှိမှတော့ဘဝမရှိပဲနေမလား။ဘဝရှိမှတော့ညကြီးထဲမှာတစ်ယောက်တည်းဘယ်တုန်းကမိုးတွေမည်းပြိုအုံကြွလာမှန်းမသိရခင်ခံနိုင်ရည်တာကျိုးသွားခဲ့တာ။သူ့ကြောင်လေးသေသွားတုန်းကအမေဟာကြောင်သေလေးကိုထဘီဟောင်းဖြတ်စလေးနဲ့ပတ်၊ကြွပ်ကြွပ်အိတ်အမဲထဲထည့်ပြီးဈေးသွားဦးမယ်ဆိုအဲဒီအထုပ်ကလေးနဲ့ထွက်သွားတယ်။ပြန်လာတော့ဂန္ဒမာပန်းတစ်စည်းဝယ်လာပြီးဘုရားပန်းကပ်ဖို့ပြင်တော့တယ်။ခွဲစိပ်ခံရပြီးအဲဒီအသိတွေဟာမိုးရွာပြီးစစိုထိုင်းသစ်ဆွေးမှာထွက်လာတဲ့မှိုပွင့်ကြီး။မီးခိုးရောင်ညစ်ညစ်။ခေါင်းထဲမှာတိုင်းဗုံးရှိတယ်တဲ့၊သွေးကြောကျဉ်း၊ဘယ်အချိန်မှာဦးနှောက်ထိသွားမလဲမသိဘူးတဲ့။ဘယ်အချိန်မှာဘာဖြစ်သွားမလဲမသိဘူးတဲ့။ဘယ်အချိန်မှာဘာဖြစ်သွားမလဲ။ဘယ်အချိန်တုန်းကဘာဖြစ်ခဲ့သလဲ။တစ်ချိန်ချိန်မှာအမှတ်ရမှုတွေဟာရှင်လျက်နဲ့လွတ်ထွက်ကုန်ရင်ကော။ခွဲစိပ်မှုအောင်မြင်ပြီးဘာဆိုဘာမှမသိတော့ဘူးဆိုရင်ကော။မသိတာကောင်းတယ်လို့ပြောကြမလား။မသိတော့မခံစားရဘူးပေါ့လို့ပြောကြမလား။ထုတ်တန်းမှာကြွက်တွေဆူညံပြေားလွှားနေကြလို့အိပ်မရတဲ့ညတွေကိုမှတ်မိတယ်။စိတ်ရဲ့ဝင်္ကပါလမ်းကြောင်းတွေထဲတကျွိကျွိအော်ပြီးပြေးလွှားဆူညံနေသံကိုမှတ်မိတယ်။မင်္ဂလာဦးညတုန်းကကိုယ်တို့ဘာမှမလုပ်ရခင်ရှိုက်ကြီးတငင်မင်းငိုခဲ့တာ။ခြံထဲကအပင်ကြီးရဲ့ပင်စည်မှာကပ်စိုက်ထားတဲ့သဇင်ပန်းခရမ်းရောင်အတန်းလိုက်တွေဟာလည်းခဲပြီးသည်းကြီးမည်းကြီးကိုပွင့်နေလိုက်ကြတာ။အကယ်၍အမှတ်ရမှုတွေတစ်ခုပြီးတစ်ခုဆုံးရှုံးသွားရမယ်ဆိုရင်တတ်နိုင်သလောက်နောက်ဆုံးဆွဲထားဦးမယ့်အမှတ်ရမှုဟာမင်းရဲ့မျက်နှာပဲလုံးဝဖြစ်စေချင်။အမှတ်ရမှုတွေမရှိတော့တဲ့ဘဝရောက်ရမယ်ဆိုမှတော့နောက်ဆုံးဆက်လက်ထိမ်းသိမ်းထားချင်တဲ့အမှတ်ရမှုတွေရွေးချယ်ခွင့်တော့ပေးသင့်တာပါ့။အဲဒီမီးခိုးရောင်ညစ်ညစ်မှိုကြီကိုပဲစွဲနေမိတော့မလား။အမှတ်ရမှုတွေကိုအမေ့အဲဒီထဘီဟာင်းဖြတ်စလေးထဲထည့်ပတ်လိုက်ဖို့မင်းဟာကိုယ့်ကိုရေတိမ်ထဲရုန်းကန်ခွင့်မပေးပဲမေ့လျော့သွားစေမလား။

ဇယလ
၂၁ ဂျူလိုင် ‘၁၈

Alvin

ရိုးရိုးလေးနဲ့ ဆန်းတဲ့ ကဗျာတစ်ပုဒ်

၃၊ စက်တင်ဘာ၊ ‘၁၃ အင်္ဂါနေ့။ အိုင်အိုးဝါးမှာ ရှိစဉ်က mail ထဲ ကဗျာတစ်ပုဒ်ဝင်လာတယ် ၊ စင်္ကာပူကဗျာဆရာ Alvin Pang ဆီက ၊ ခေါင်းစဉ်မပါ။ အဲဒီတုန်းက ဗြိတိသျှကဗျာဆရာကြီး George Szirtes နဲ့အတူ Alvin ဟာ မလေးရှားအလည်အပတ်ခရီး သွားနေကြတယ်။ သူတို့တွေ့ကြုံခံစားရတာတွေကို ကဗျာလေးတွေရေးပြီး တင်ကြတယ်။ Alvin တင်လိုက်တဲ့ ကဗျာလေးကို ကြိုက်လို့ ခုလိုဘာသာပြန်လိုက်ပါတယ်။ Continue reading

ကစားမလား အင်္ဂလိပ်အ​က္ခရာလေးများ

S ဟာ စတင်တယ် စက်တင်ဘာမှာ အလုပ်စ၀င်တယ် စကားစ ရှာမရဖြစ်တယ် စသည်ဖြင့် ဒါပေမယ့် တော့ရှိတယ် စုဆုစန်ဒီကို ‘s’ နဲ့ လား ‘hs’ နဲ့ လား အောင်ဆန်းစုကြည်    Z ဟာ ဇာတ်လမ်းသဘော Z ကိုယ်တိုင်ဟာ အဆင်ခံထားရတဲ့ ဇာတ်လမ်း ပြီးပြည့်စုံလို့  ဘာမှ ဖြတ်ထုတ်တပ်ဆင်ြေ
ပာင်းလဲစရာ မလိုတော့ပါကြောင်း အင်္ဂလိပ်အက္ခရျာမှာ Z ဟာ အဆုံးပဲ Continue reading

ကျွန်တော်တို့ ဘယ်သွားနေကြသလဲ

ဟာ ခေါင်းစဉ်အဖြစ် တပ်ထားတဲ့အတွက် ခေါင်းစဉ်ဖြစ်တယ်ပေါ့။ တစ်ချိန်တည်းမှာ ရှင်းလင်းချက်တစ်ခု ပေးတော့မယ်ဆိုတဲ့ သဘော လည်း ပါတာပေါ့။ `ကျွန်တော်တို့ ဘယ်သွားနေကြသလဲ´ ဆိုတာကို ရှင်းလင်းတော့မယ့်သဘောပေါ့။ ဒါပေမယ့် ဒီဝါကျဟာ အမေး ၀ါကျလည်း မဖြစ်နိုင်ဘူးလား။ မေးခွန်းမှာ မေးသူ ၊ အမေးခံ ၊ မေးတဲ့အကြောင်းအရာတွေ ပါလာပြီးသားဆိုတော့ မေးသူဟာ `ကျွန်တော် တို့´ ၊ အမေးခံဟာ လောလောဆယ်ပျောက်နေတယ် ၊ မေးတဲ့အကြောင်းအရာက `ဘယ်သွားနေကြသလဲ´။ `ကျွန်တော် တို့´ဟာ ဘယ်သူ့ကို မေးနေတာလဲ။`ကျွန်တော်တို့´ကို`ကျွန်တော်တို့´ကပဲပြန်မေးနေတာလား။ ဒါဆို ၁။ `ကျွန်တော်တို့´ ဘယ်သွား နေကြသလဲဆိုတာကို ကျွန်တော်တို့ကပဲ ပြန်ဖြေနိုင်လိမ့်မယ်နဲ့ ၂။ `ကျွန်တော် တို့´ကပဲမေးတဲ့ အတွက် `ကျွန်တော် တို့´မှာအဖြေ မရှိလို့ (၀ါ)မသိလို့။ အဖြေမရှိ ၊ မသိတဲ့ `ကျွန်တော် တို့´ဟာ အဖြေမရှိ၊ မသိတဲ့ `ကျွန်တော်တို့´ ကိုမေးခွန်းမေးပြီး အဖြေတောင်းနေတယ်။

`ကျွန်တော်တို့´ဆိုတာဘယ်သူတွေလဲ။ အခု ဒီအရေးအသားကို ရက်လုပ်နေတဲ့ ဇေယျာလင်းလား။ လူပုဂ္ဂိုလ် ဇေယျာလင်း လား။ ကလောင်အမည် တစ်ခုလား။ ကမ္ဘာကြီးနဲ့ နေ့စဉ်မပြတ်ဆက်စပ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်း ၊ မြန်မာ့လူမှုစီးပွားယဉ်ကျေးမှု အဆောက်အအုံထုကြီးထဲက ၊ အဲဒီအဆောက်အအုံထုကြီးက ထုတ်လုပ်လိုက်တဲ့ ဇေယျာလင်းဆိုတဲ့ ယူနစ်တစ်ခုလား။ သမိုင်းခေတ် တစ်ကန့်ထဲက အပေါ်ထပ်အဆောက်အအုံနယ်ပယ်ထဲမှာ လူးလာရင်း လူအဖြစ်တတ်သိသမျှ ၊ တတ်နိုင်သမျှ ၊ အကန့်အသက်များကို အသိအမှတ်ပြုပြီး ကြိုးစားလူလုပ်နေရတဲ့ မိမိကိုယ်မိမိ လူအဖြစ်သိသာပြီး လူဖြစ်ခြင်းအလုပ်ကို အိုးစားမကွဲသေးသရွေ့ ကြိုးစားလုပ် ကိုင် (ပြုမူ ၊ ပြုလုပ် ၊ ဖန်တီး ၊ တည်ဆောက် ၊ ရုန်းကန် ၊ လှုပ်ရှား)နေရတဲ့ သက်ရှိအရာတစ်ခုလား။ သဘာဝအင်အားနဲ့ လူလုပ်အင်အား ရှေ့မှောက်မှာ အလွယ်တကူကျိုးပဲ့ ၊ ကျကွဲ ၊ ပျောက်ကွယ် ၊ သေကြေ ၊ ပျက်ဆီး ၊ ပျောက်ဆုံးသွားနိုင်တဲ့ အင်အားမဲ့ အင်းဆက်တစ် ကောင်လား။
Continue reading