၂၀၁၂ ၊ ဒီဇင်ဘာ ၁၆ရက်က ဗိုလ်အောင်ကျော်လမ်းက H.O.M.E. မှာ အမေရိကန် Flarf ကဗျာဆရာမ နာဒါဂေါ်ဒင်န် Nada Gordon နဲ့ မြန်မာပရိသတ်တွေ့ဆုံပွဲလေးကို Pem Skool လူငယ်ကဗျာအဖွဲ့က စီစဉ်ကျင်းပခဲ့ပါတယ်။ နာဒါနဲ့ PemSkool အဖွဲ့သား တွေနဲ့က အွန်လိုင်းမှာ ရင်းနှီးတာကြာပြီး နာဒါဟာ မြန်မာပြည်ကိုလာရောက်လည်ပတ်ဖို့အခွင့်ကြုံတာနဲ့ ဒီပွဲလေးကိုပါ ကြုံတုန်းစီစဉ် လိုက်တာဖြစ်ပါတယ်။ ပရိသတ်ထဲမှာ အများစုက လူငယ်တွေပဲဖြစ်တာတွေ့ခဲ့ရပါတယ်။
နာဒါဟာ အဲဒီပွဲမှာ သူမရဲ့ ကဗျာဆရာမဘ၀ကို ခေတ်ပြိုင်အမေရိကန်ကဗျာရှုခင်းနဲ့ ဆက်စပ်ပြောကြားသွားခဲ့ပါတယ်။ အဓိက ကတော့ LP ၊ Flarf နဲ့ Conceptual ကဗျာ/ အရေးအသားတွေနဲ့ သူမ ပတ်သက်ခဲ့ပုံပါပဲ။ သူမငယ်စဉ်က အမေရိကန်မှာ ဟိုးလေးတ ကျော်ဖြစ်နေခဲ့တဲ့ LP နဲ့ ကြုံကြိုက်ခဲ့ရပြီး သူမဟာလည်း LP ကဗျာဆရာမစတင်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ကဗျာဘာသာရပ်သင်ဆရာ/ဆရာ မတွေကိုယ်တိုင်နဲ့ သူမနဲ့ နီးစပ်တဲ့ ကဗျာဆရာ/ဆရာမတွေဟာလည်း LP တွေဖြစ်နေခဲ့တာတစ်ကြောင်းပေါ့။ ၁၉၈၀ ခုနှစ်တွေကပေါ့။ ဒါပေမယ့် LP ဆရာကြီး/ဆရာမကြီးတွေဖြစ်ကြတဲ့ ဘန်းစတိုင်းန် ၊ ဆစ်လ္လမင်န် ၊ ပဲရလ်မင်န် ၊ ဟက်ဂျီးနီးယန်းစသူတို့ရဲ့ ဥာဏ်ပညာနဲ့ ပို့စ်မော်ဒန်သီအိုရီသိမှု ၊ ခေတ်ပြိုင်စာပေသီအိုရီသိမှုတွေဟာ နာဒါလိုနောက်ပိုင်း လူငယ်မျိုးဆက်အတွက် လိုက်မမီနိုင်တဲ့ အခက်အခဲ တွေဖြစ်လာခဲ့ပါတယ်။ လူကြီးတွေရဲ့ နောက်ခံကဗျာသီအိုရီတွေကိုလည်း သူတို့ နားမလည်နိုင်ကြဘူး။ LP ကဗျာရေးခြင်းရဲ့ လေးနက်မှု ဒဏ်ကိုလည်း သူတို့မခံနိုင်ခဲ့ကြဘူး။ နာဒါကိုယ်တိုင်ဟာ ကဗျာကနေ ဂျပန်ပြည်ဆီ ၁၀ နှစ်လောက်ထွက်ပြေးသွားခဲ့တယ်လို့ပြောပါ တယ်။ LP ကိုသူတို့ချစ်လည်းချစ် ၊ လေးလည်းလေးစားပေမယ့် သူတို့မလိုက်နိုင်ခဲ့ကြဘူးတဲ့။
Continue reading
Recent Comments