PIW မှာ ခေတ်ပြိုင်မြန်မာကဗျာ

PIW ဆိုတာ Poetry International Web ကို အတိုကောက်ခေါ်ဝေါ်တာဖြစ်ပါတယ်။ နိုင်ငံတကာကဗျာ ၀က်ဘ်ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀၀၂ ကစတင်ခဲ့ပြီး နိုင်ငံအသီးသီးက ထင်ရှားတဲ့ ကဗျာဆရာ (ဆရာမအပါအ၀င်)တို့ရဲ့ ကဗျာတွေကိုမူရင်းဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာပြန် ၂ခုစလုံးယှဉ်တွဲဖေါ်ပြပါတယ်။ ကဗျာထောင်ပေါင်းများစွာအပြင်သတင်း ၊ ဆောင်းပါး ၊ အသံသွင်းမှတ်တမ်း ၊ ဗီဒီယို မှတ်တမ်း ၊ အင်တာဗျူးနဲ့အခြားကဗျာအဖွဲ့အစည်းတွေရဲ့ Link တွေကိုလည်း ဖေါ်ပြပါတယ်။ PIW ရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ နိုင်ငံတကာကဗျာဖတ်ပရိသတ်အတွက် နိုင်ငံအသီးသီးက အရည်အသွေးကောင်းတဲ့ ကဗျာတွေ ဖတ်ရှုခွင့်ရရှိရေး ၊ကဗျာဘာသာပြန်ခြင်း ကိုအားပေးရေး ၊ နိုင်ငံအသီးသီးက ကဗျာဆရာတွေရဲ့ ကဗျာဆိုင်ရာ သိမှု ၊ ဗဟုသုတ ၊ အတွေးတွေဖလှယ်ရေးနဲ့ နိုင်ငံတကာ ကဗျာ ရေးသူ/ဖတ်သူအသိုင်းအ၀ိုင်းကို ပံ့ပိုးကူညီထောက်ပံ့ရေးတို့ဖြစ်ပါတယ်။

PIW ဟာ နယ်သာလင်နိုင်ငံ ၊ ရော့တာဒမ်မြို့မှာလည်း Poetry International Festival နိုင်ငံတကာ ကဗျာပွဲတော်ကို နှစ်စဉ် ကျင်းပပါတယ်။
‘PIW ဟာ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီကငွေကြေးထောက်ပံ့မှုရရှိပြီး အဲဒီထောက်ပံ့ ငွေနဲ့ပဲ လည်ပတ်နေတာဖြစ်ပါတယ်။
Continue reading