နေ့လည်ခင်းဟာ ငှက်တွေနဲ့ အသံပြုနေတယ်
ခြံထဲဆင်းခြင်းစိတ်ရင်းနဲ့ မြက်ခင်းပေါ်က
ပက်လက်လန်နွားရုပ်လေးနဲ့ စိတ်မှုဆူးရှသံဝါသ
အလင်းတန်းတွေဟာ ဝက်အူရစ်တွေ
စည်းစိမ်ဥစ္စာတစ်ခုလို တဖြတ်ဖြတ်လှုပ်ခတ် အရိပ်တဖိတ်ဖိတ်
ကလေးဟာ ဝက်ဝံလေးတွေ ကျောင်းသွားနေတဲ့
ကာတွန်းကားထဲ သူ့ကျောပိုးအိတ်လေးဆွဲလို့
ဘဝပေးထုတ်ချင်းပေါက်ကို အမေဟာ ထမ်းရွက်လို့
ထန်းလက်နဲ့ ကာလို့မရတဲ့ နေ့အော်သံထဲ မြိုခံရတာ
ဖယ်လီးနီး? ဘာဂ်မင်းန်? ဟစ်ခ်ျကော့က်? ဘူညူအဲလ်?
အချိုးညီဖို့မစဉ်းစားတဲ့ နေ့ရဲ့ ဂယ်သြမေတြီပုစ္ဆာ
အိပ်မက်တို့ရဲ့ လှံစွပ်ထိုးလေ့ကျင့်အပေါက်တွေနဲ့
အမှတ်ရမှုဟာ သွေးမစွန်းရင် ဘယ်လိုအလှတရားရှိမှာလဲ
မျက်မမြင်မိနစ်တွေဟာ စထွက်လာတဲ့ ရေမည်းကြီးထဲ
အတွင်းသံလိုက်ဟာ အရပ်ရှစ်မျက်နှာဆီ စိတ်ရူးပေါက်
ပင်ကိုယ်အတ္တပတ်ခြာလည်ပြီး ကနေတဲ့ အလောင်းကောင်
ကျနေဟာ သစ်ရွက်ကိုထိတာနဲ့ လိပ်ပြာဟာ ပါးစပ်ထဲကနေ
ထပျံထွက်သွားတော့တယ် လင်းနို့ဆင်လိပ်ပြာ
စကားသံတွေနဲ့ တစ်ချက်တစ်ချက် ကားဖြတ်သွားသံကစားကွက်
ရေကျသံထဲ ဖြတ်ရမယ့်တံတားဟာ ဆောင့်ခါလှုပ်ယမ်း
ပါးစပ်အမြှုပ်ထ ရုန်းကန်ဟီတယ်
နေဝင်ချိန်မှာ နိုးထလာတဲ့ ပုံပြင်စာအုပ်ကိုဖွင့် စာမျက်နှာလှန်
ကံကြမ္မာအနံ့စိမ်း ပခုံးပုတ်သွားတာ လျစ်လျူရှုသလိုရှု
ဇယလ
၂၃ ဇန် ကိုဗစ်၂၁