၃။ ‘ကဗျာ’ ကိုဖွင့်ဆိုခြင်း
၃.၁။ ‘ကဗျာ’ ကိုဖွင့်ဆိုလို့မရ အယူအဆ
‘ကဗျာ’ Poetry ကိုဖွင့်ဆိုလို့မရဘူးလို့ယူဆတာကအစ အခိုင်အမာပြောဆိုတာတွေလည်းရှိပါတယ်။ဒီမှာရော နိုင်ငံခြားမှာရော ဖြစ်ပါတယ်။ဒီလိုပြောကြတာကိုလေ့လာရင် အချက် ၄ ချက်တွေ့ရပါတယ်။
၁။ ကဗျာဟာအစဉ်ပြောင်းလဲနေတဲ့အတွက်အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုခုနဲ့ချုပ်ထားလို့မရခြင်း
၂။ ကဗျာဟာ ရေးသူမှာဖြစ်ဖြစ်၊ဖတ်သူမှာဖြစ်ဖြစ်၊ စိတ်ထဲဖြစ်ပေါ်တဲ့အာရုံတွေနဲ့ဆိုင်တဲ့အတွက် စိတ်ဖြစ်စဉ်ကိုကျိုးကြောင်းဆင်ခြင်ယုတ္တိနဲ့ရှင်းပြလို့မရခြင်း
၃။ ကဗျာဟာ စိတ်ရဲ့အနက်ရှိုင်းဆုံးကလာပြီး ခက်ခဲနက်နဲလျှို့ဝှက်တဲ့အသိကလာခြင်း၊metaphysical ရုပ်လောက(ဝါ)လောကီလွန်ခြင်း၊mysticism ဂမ္ဘီရ၊ဂန္တာရီဆန်ခြင်း၊magicမှော်(အတတ်)ဖြစ်ခြင်း
၎။ ကိုယ်တိုင်ရေရေရာရာမသိလို့ မသိခြင်းကို ‘သိစရာမလို’ ‘သိရခက်’ စတဲ့အကြောင်းပြချက်တွေနဲ့ဖုံးကွယ်လိုက်ပြီး လျှို့ဝှက်မှုတစ်ခုလို လမ်းလွှဲလိုက်ခြင်း
ဒါကို တစ်ချက်စီရှင်းရရင်
၁။ အစဉ်ပြောင်းနေခြင်းမို့ဖွင့်ဆိုမရဘူး လို့ပြောရင် လောကမှာ၊လူမှာ အစဉ်ပြောင်းလဲခြင်းတွေဖြစ်ပေါ်နေပေသည့် အဆိုပါပြောင်းလဲနေကြတဲ့အရာတွေကိုဖွင့်ဆိုရှင်းပြပြောဆိုရေးသားနိုင်ပါတယ်။အစဉ်ပြောင်းလဲနေခြင်း၊ဘယ္တော့မှမမြဲခြင်းဖြစ်တဲ့ သင်္ခါရ ကိုပင်လျှင် ဖွင့်ဆိုရှင်းပြနိုင်ပါတယ်။
နောက်တစ်ချက်က ကဗျာမှာပြောင်းလျဲမဲပြောင်းလဲနေတာတွေထဲမှာ ကဗျာပေါ်ထားရှိတဲ့အမြင်တွေ၊အယူအဆတွေ၊သီအိုရီတွေနဲ့အတူပုံသဏ္ဍာန်ပြုလုပ်ဖွဲ့စည်းမှုတွေဟာရှေ့တန်းမှာရှိကြပါတယ်။အပြောင်းအလဲဟာကဗျာကိုယ်တိုင်ရဲ့အသက်သွေးကြောဖြစ်ပါတယ်။အဲဒါကြောင့် ကဗျာကိုဖွင့်ဆိုလို့မရဘူးလိုပြောလို့မရပါဘူး။ကဗျာကိုရှေးခေါမခေတ်ကတည်းက ပလေတိုနဲ့ အရစ္စတိုတလ်တို့ဖွင့်ဆိုပြောပြခဲ့တာတွေဟာသက်သေတွေပါ။အရှေ့တိုင်းမှာလည်းဂါထာဆိုင်ရာဝေဒတွေရှိပါတယ်။
၂။ ဒါက ကဗျာနဲ့စိတ်ကိစ္စဖြစ်တဲ့အတွက်ပြောရခက်တာအမှန်ပါပဲ။အထူးသဖြင့်တစ်ယောက်စီရဲ့ပုဂ္ဂလအတ္တဘဝ subjectivity စိတ်ရဲ့နက်ရှိုင်းတဲ့နဲ့ဆိုင်လို့ဖြစ်ပါတယ်။အနောက်တိုင်းအယူမှာဆိုအပိုင်းတွေဖြစ်တဲ့ လူတစ်ဦးစီရဲ့မသိစိတ်၊လူမျိုးတစ်မျိုးရဲ့ဘုံမသိစိတ်၊လူသားထုရဲ့ဘုံမသိစိတ်ကိစ္စတွေနဲ့လည်းဆိုင်နေပါတယ်။လူတွေမှာမသိသေးတာတွေအများကြီးရှိပါတယ်။ဒါပေမယ့်ပညာရှင်အသီးသီးကလေ့လာနေကြပါတယ်။ဒီကိစ္စကို Cognitive psychology ကလေ့လာနေတဲ့အတွက် ဒီနေ့မှာ Cognitive poetics ဆိုတာရှိနေပါပြီ။သိချင်ရင်ရှာဖတ်လို့ရပါတယ်။
၃။ လောကီလွန်ကိစ္စ၊ဂမ္ဘီရကိစ္စ၊မှော်ကိစ္စတွေကတော့ဆင်ခြင်ယုတ္တိနည်းနဲ့မလေ့လာနိုင်သေးတဲ့အတွက်ဒီအကြောင်းဆိုင်းငံ့ထားရမှာဖြစ်တယ်လို့ယူဆကြသူတွေရှိသလိုကဗျာနဲ့ပတ်သက်လို့ဒီကိစ္စတွေကိုငြင်းပယ်လိုက်သူတွေလည်းရှိပါတယ်။ဒီကိစ္စတွေဟာ ကဗျာရဲ့နာမ်ပိုင်းအခန်းမှာပြန်ပြောရမှာတွေဖြစ်ပါတယ်။နာမ်ကိစ္စ၊ဝိဥာဏကိစ္စ၊လောကီလွန်ကိစ္စမို့ပြောလို့မရဘူးဆိုရင် ဘာသာရေးယုံကြည်မှုကိစ္စတွေအကြောင်းရှိတယ္ဆိုတာနဲ့ပြောလို့ရတယ်ဆိုတာကိုသက်သေပြရမလိုပျဲဖစ်ပါတယ်။
၎။ မသိချင်လို့မသိရင်လည်းမသိသလိုပဲနေနိုင်ပါတယ်။သိခ်င်ရင်တော့သိအောင်လုပ်ချင်ရင်လုပ်လို့ရပါတယ်။ကဗျာနဲ့ပတ်သက်လို့ဘာမှမသိတာအကောင်းဆုံးလို့အခိုင်အမာဆုပ်ကိုင်ထားရင်လည်းသဘောပါပဲ။ဒါပေမယ့်ဒါကြောင့်ကဗျာကိုဖွင့်ဆိုရှင်းပြလို့မရဘူးလို့တော့တရားသေမပြောနိုင္ပါဘူးး။
ကဗျာအကြောင်းပြောကြမယ်ဆိုရင် ကိုယ်ပြောနေတဲ့အကြောင်းရဲ့အရင်းခံဆိုတာဘာလဲလို့တော့အျေခခံသဘောတူညီမှုရှိဖို့လိုပါတယ်။တစ်ယောက်ကဘယ်လိုဖွင့်ဆိုပြီးအခြားတစ်ယောက်ကဘယ်လိုဖွင့်ဆိုတယ်လို့သိရရင်စကားဆက်ပြောလို့ရပါတယ်။တစ်ဘက်ပိတ်ဆိုရင်တော့စကားပြောစရာအကြောင်းမရှိတော့ပါဘူး။အထူးသဖြင့်မိမိအတ္တနောမတိအျမင္ပဲကိုတရားသေဆုပ်ကိုင်ထားရင်ဆက်ပြောစရာအကြောင်းမရှိသလိုဆက်ျေပာဖို့အေကြာင်းလည်းမရွိတော့ပါဘူး။
ဒီနေရာမှာမဖြစ်မနေပြောရမယ့်ကိစ္စတစ်ခုကတော့ သိမှု/သုတတည်ဆောက်မှုကိစ္စမှာ concept အတွေးထည် နဲ့ definition အဓိပ္ပါယ်ဖွင့်ဆိုချက် တို့ရဲ့ကျွဲပားမှုပျဲဖစ်ပာတယ်။concept ဆိုတာ စိတ်ထဲမှာရှိတဲ့တည်ဆောက်ထားမှုဖြစ်ပါတယ်။ဘာလဲတော့သိသယောင်ယောင်ကအစပါတယ်။ concept အတွေးထည်ဟာ အသေအချာသိတာအထိရှိနိုင်ပါတယ်။ definition ကတော့ဘာသာစကားနဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတင်ရပ်ပြီးအတွေးထည်ဖြစ်မလာတာရှိသလို အတွေးထည်ကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်းမပြုလုပ်တတ်၊မပြုလုပ်လိုတာလည်းရှိပါတယ်။
“ကဗျာ” လို့ပြောလိုက်ရင် အတ္တနောမတိနဲ့ပဲပြောသလား၊အတွေးထည်နဲ့ပြောသလား၊အဓိပ္ပါယ်ဖွင့်ဆိုထားမှုပေါ်အခြေပြုပြောသလားဆိုတာကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
Poetry ရဲ့ knowledge-construction မှာ pre-concept၊ concept၊ နဲ့ definition တွေဟာအရေးပါတဲ့အပိုင်းတွေဖြစ်ကြပါတယ်။
၃။ ‘ကဗျာ’ ကိုဖွင့်ဆိုခြင်း
၃. ၂။ အဘိဓာန်အချို့ရဲ့ဖွင့်ဆိုချက်တွေ
အထက်မှာ ‘ကဗျာ’ ကိုဖွင့်ဆိုလို့မရဘူး ဆိုတဲ့အယူအဆတင်ပြပြီး ဒီမှာတော့ ‘ကဗျာ’ ကိုအဓိပ္ပာယ်ဖွင့်ဆိုထားချက်အချို့ကိုတင်ပြမှာဖြစ်ပါတယ်။
(အင်္ဂလိပ်စကားလုံးတွေပါနေတဲ့အတွက်မဖတ်ချင်လည်းကျော်သွားလို့ရပါတယ်။အင်္ဂလိပ်ဘာသာစကားမုန်းကြောက်တဲ့ anglo-phobia တို့ နိုင်ငံခြားက ဆိုရင် ကိုယ့်ကိုယ်ပိုင်မဟုတ်ရကောင်းလား၊မြန်မာလိုပဲမရေးရကောင်းလား ဆိုတဲ့ မျိုးချစ် xenophobia တွေလည်းရှိတတ်တဲ့အတွက်ကြိုပြောတာပါ။ပုတ်ခတ်ဖို့မရည်ရွယ်ပါ။အရှိကိုအရှိအတိုင်းပြောခြင်းသာ။ထားပါတော့)။
နာမည်တပ်ပြောလို့ရတဲ့အဘိဓာန်တွေကတော့ Merriam-Webster ၊ Cambridge ၊ Collins ၊ Macmillan ၊ Longman ၊ Webster’s New World College Dictionary ၊ American Heritage တို့ဖြစ်ပါတယ်။ အစိုးရထုတ် အင်္ဂလိပ်-မြန်မာ ကျောင်းသုံးအဘိဓာန်မှာပါရှိတဲ့ဖွင့်ဆိုချက်ကတော့
poetry = ကဗျာ၊လင်္ကာ လို့ပဲဆိုထားပါတယ်။
အထက်ပါအဘိဓာန်တွေထဲက ‘poetry’ ဖွင့်ဆိုချက်တွေကိုတစ်ခုစီထုတ်ပြမယ့်အစားဖွင့်ဆိုချက်တစ်ခုစီထဲက ထင်ရှားတဲ့စကားလုံးတွေကိုအောက်ပါအတိုင်းထုတ်ပြချင်ပါတယ်။
၁။ literature ၊ literary work
စာပအနေုပညာ၊စာပအနေုပညာလကရြာ
၂။ art form
အနုပညာ(ရပ်)အမျိုးအစား
၃။ expression of feelings and ideas
ကဗျာရေးသူရဲ့ ခံစားမှုများ၊အတွေးများကိုဖွင့်ဟ
ထုတ်ဖော်ခြင်း(ရေးသူဘက်)
၎။ evoke
ဖတ်သူရဲ့စိတ်ထဲဖြစ်ပေါ်စေခြင်း(ဖတ်သူဘက်)
၅။ a quality of beauty and harmony
အလှတရားနဲ့အချိုးအစားညီညွတ်မှုအရည်အသွေး
၆။ use of devices and literary techniques
သဒ္ဒလင်္ကာရ၊အတ္ထလင်္ကာရ၊နိမိတ်ပုံ၊သင်္ကေတ
တွေ ကာရံတွေ နဘေတွေ ထပ်ကြော့တွေ
ကဗျာသုံး ‘ပစ္စည်း’တွေ နဲ့ စာပေ/ကဗျာဆိုင်ရာ
နည်းနာ တက္ကနိ တွေသုံးစွဲခင်း
၇။ use of aesthetic qualities of language
ဘာသာစကားရဲ့(ဘာသာစကားမှာရှိတဲ့) ရသဆိုင်ရာ
အရည်အသွေး/အစွမ်းသတ္တိတို့ကိုသုံးစွဲခြင်း
၈။ to evoke meanings
အဓိပ္ပါယ်များ စိတ်တွင်းဖြစ်ပွားစေခြင်း
၉။ in addition to or in place of/instead of
prosaic ostensible meaning or notational
and semantic content
(ဒါဟာ #၈ ရဲ့အဆက်ပါ)
စကားပြေအသွားအားဖြင့်ထင်ရှားသည့်အနက်
သို့မဟုတ် ရည်ညွှန်းအနက် တို့အစား(သို့မဟု
တ်) တို့အပြင် (အခြား)အနက်များထွက်ပေါ်စေခြင်း
၁၀။ not prose
စကားပြေမဟုတ်ခြင်း
၁၁။ emphasize form over content
အကြောင်းအရာ/အတွင်းထည်ထက်ပုံသဏ္ဍာန်ဖွဲ့
စည်းမှုကို အသားပေးခြင်း/ရှေ့တန်းတင်
ခြင်း
၁၂။ composition…exhibiting conscious attention to patterns
ပုံစံ/အဆင်များကိုအောရုံစူးစိုက်စွာပြုလုပ်ထားခြင်း
ကိုပြဥည့် (ဝါ)ပေါ်လွင်စေသည့်…ဖွဲ့စည်းမှု
၁၃။ the art, theory, or structure of poems
ကဗျာပုဒ်တွေရဲ့အဆောက်အအုံ သို့မဟုတ် သီအိုရီ
သို့မဟုတ် အနုပညာ/အတတ်ပညာ
၁၄။ the act or practice of composing poems
ကဗျာပုဒ်များဖွဲ့စပ်ဖွဲ့စည်းမှုဆိုင်ရာပြုလုပ်ခြင်း
လက်တွေ့
၁၅။ ‘poetical’ quality
‘ကဗျာဆန်သော’ အရည်အသွေး
၁၆။ the essence or characteristic of a poem
ကဗျာပုဒ်တစ်ပုဒ်ရဲ့ အနှစ်သာရ သို့မဟုတ် စရိုက်လက္ခဏာ
တို့ဖြစ်ကြပါတယ်။
ဆက်လက်ပြီး အထက်ပါအချက်အလက်တစ်ခုစီကိုသုံးသပ်ကြည့်ချင်ပါတယ်။
၃.၃။ ဖွင့်ဆိုချက်များကိုသုံးသပ်ခြင်း
ကဗျာဟာစာပေအနုပညာရပ်တစ်ခုဖြစ်သလိုစာပေအနုပညာလက်ရာတစ်မျိုးလည်းဖြစ်ပါတယ်။ဒီနေရာမှာ ‘အနုပညာရပ်’ နဲ့ ‘လက်ရာ’ တို့ရောထွေးနေတာသတိပြုမိပါလိမ့်မယ်။အင်္ဂလိပ်မှာလည်းမရှင်းတဲ့အခါတွေရှိပါတယ်။စာပေအနုပညာရပ် ကို the art of Poetry လို့ခေါ်ပြီး လက်ရာကိုတော့ poem လို့ခေါ်ပါတယ်။ျနော်လည်း ‘ကဗျာ’ နဲ့ ‘ကဗျာပုဒ်’ ကိုခွဲခြားပါတယ်။အနုပညာရပ် နဲ့အနုပညာလက်ရာ/ပစ္စည်း။
ဒါပေမယ့် ‘ကဗျာ’ ‘Poetry’ ကို ကဗျာဆရာတစ်ဦးတစ်ယောက်ရဲ့ကဗျာ(အစုအဝေး) ၊တိုင်းပြည်တစ်ပြည်ရဲ့ကဗျာ(အစုအဝေး)၊ကဗျာအမျိုးအစးတစ်ခုရဲ့ကဗျာ(အစုအဝေး)အဖြစ်ခေါ်ဝေါ်သုံးစွဲတာလည်းရှိသေးသကို။ဥပမာ၊ ဇော်ဂျီရဲ့ကဗျာ၊၂၀ရာစုမြန်မာကဗျာ၊ ခေတ်စမ်းကဗျာ။ဒီနေရာမှာ ‘ကဗျာ’ ကို အနုပညာရပ်/လက်ရာ လို့ခွဲမမြင်ပဲ ထပ်တူပြုထားတဲ့သဘောတွေ့ရပါတယ်။
အရေးအသားတစ်ခုကို “အဲဒါကဗျာလား” လို့မေးလာရင်ဘယ်လိုဖြေဖို့ကြိုးစားမလဲ။ဒီထက်ပိုပြီး အဲဒီအရေးအသားဟာကဗျာဖြစ်တယ်ဆိုတာဘယ်လိုဖြေရှင်းပြမလဲ။’ကဗျာဟာခံစားမှုပဲ။အဲဒီအရေးအသားကိုခံစားရတယ်။အဲဒါကြောင့်ကဗျာဖြစ်တယ်။’ လို့ပဲပိတ်ပြောမလား။’ခံစားမှုအကြောင်းရေးထားတာကိုခံစားရတယ်။အဲဒါကြောင့်အဲဒါဟာကဗျာ (စာပေအနုပညာ)ပဲ။’ လို့ပြောရုံနဲ့ပြီးအံ့မထင်ပါ။အထက်ပါဖွင့်ဆိုချက်တွေထဲက ‘စာပေအနုပညာ/အနုပညာအမျိုးအစားတစ်ခုဖြစ်ခြင်း၊ရေးသူရဲ့ခံစားမှုဖော်ပြဖွင့်ဟချက်ပါရှိခြင်း၊ဖတ်သူရဲ့ခံစားမှုကိုလှုံ့ဆွခြင်း၊’ တို့ပါရှိပေမယ့် ကျန်ရှိတဲ့ နံပါတ် ၅ ကနေ ၁၆ အထိမပါဝင်သလို၊ပါဝင်ထည့်သွင်းပြောဆိုမှုမရှိသလိုဖြစ်နေပါတယ်။အရေးကြီးတဲ့ ဖွဲ့စပ်ဖွဲ့စည်းမှုပုံသဏ္ဍာန်အပိုင်း၊ဘာသာစကားရဲ့အခန်းကဏ္ဍ၊အဓိပ္ပါယ်ပြုလုပ်တည်ဆောက်ပုံ၊ကဗျာပုဒ်ဖွဲ့စည်းမှုလက်တွေ့၊ကဗျာပုဒ်ရဲ့အဆောက်အအုံ/သီအိုရီ/အနု-အတတ်ပညာ၊ကဗျာအရည်သွေး၊ကဗျာပုဒ်ရဲ့အနှစ်သာရအမြုတေနဲ့ အလှတရားတို့ကျန်ရစ်ခဲ့ကြပါတယ်။
‘ကဗျာ’ ကိုလုံလုံလောက်လောက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုရင်ဖွင့်ဆိုချက်တွေစုံစုံလင်လင်ပါဝင်ဖို့လိုအပ်ပါတယ်။ဖွင့်ဆိုခ်က္တွေဟာ ‘ကဗျာ’ ဆိုတဲ့စကားလုံး/အေခ်ါအဝေါ်/ပစ္စည်းရဲ့ အင်္ဂါရပ်တွေဖြစ်နေလို့ပါပဲ။
“အဲဒါ ကဗျာလား” ဆိုတဲ့မေးခွန်းကိုတတ်နိုင်သလောက်ပြည့်ပြည်စုံစုံလေးဖြေဆိုရှင်းပြရမယ်ဆိုရင်ပေါ့။
ပုဒ်အားဖြင့် ‘ကဗျာ’ လို့ဆိုနိုင်ပေမယ် ကဗျာအနှစ်သာရ/အရည်အသွေးဒီဂရီနည်းခြင်းများခြင်းကတော့ ထပ်မံသုံးသပ်ရမယ့်ကိစ္စဖြစ်ပါတယ်။
၃.၃။ ဖွင့်ဆိုချက်များကိုသုံးသပ်ခြင်း (အဆက်)
‘ကဗျာ’ လို့ပြောရင် ဘာကိုဆိုလိုတယ်ဆိုတာသိန်ုင်ချေအများဆုံးအရသိနိုင်ဖို့ အဘိဓာန်ဖွင့်ဆိုချက်များရှုထောင့်ကနေချဉ်းကပ်ကြည့်တာဖြစ်ပါတယ်။
အဆိုပါဖွင့်ဆိုချက်များရဲ့ သော့ချက်စကားလုံးတွေကိုထုတ်ကြည့်လိုက်တော့ အမှတ်စဉ် ၁ ကနေ ၁၆ အထိရရှိပါတယ်။ အဲဒီသော့ချက်စကားလုံးအားလုံးရဲ့စုပေါင်းအဓိပ္ပါယ်ရလာဒ်ဟာ “ကဗျာ” ဖြစ်တယ်လို့ယူဆလို့ရနိုင်ပါတယ်။
ဖွင့်ဆိုချက်တွေအရ “ကဗျာ” ဆိုတာ
၁။ စာပေအနုပညာ/ရသစာပေတစ်မျိုး
၂။ ရေးသူရဲ့ခံစားမှု/အတွေးကိုထုတ်ဖော်ဖွင့်ဟ
၃။ ဖတ်သူထံမှာထိုခံစားမှု/အတွေးဖြစ်ပေါ်ရရှိ
၎။ ဘာသာစကားရဲ့ရသပြုလုပ်နိုင်စွမ်းကိုအသုံးပြု
၅။ ဖွဲ့စည်းမှုတစ်ခုအဖြစ်ဖွဲ့စပ်စည်းရုံးယူရ
၆။ စကားပြေမဖြစ်စေရ
၇။ ‘ကဗျာ’အသိ/အတွေ့အကြုံ/”ဓာတ်” ပါရှိရ
၈။ ပါဝင်သောအနက်များမှထူးခြားသောအနက်ပေါ်
လွင်ပါရှိရ
အထက်ပါအချက်တွေကိုကြည့်ရင် အရေးအသားတစ် ခုဟာ အဆိုပါ ‘ကဗျာ’ ဖွင့်ဆိုချက်တွေနဲ့ကိုက်ညီရင် အဲဒီအရေးအသားကို ‘ကဗျာ’ လို့ခေါ်လို့ရတယ်။ ကဗျာအနုပညာနဲ့လုပ်ထားတဲ့ပစ္စည်းဖြစ်သလို ပစ္စည်းထဲမှာကဗျာအနုပညာဟာပါဝင်ဓာတ်စီးနေတာပေါ်လွင်တယ်။
ဇယလ
Note: More posts on this topic will be published as a book. Please wait for this. – Admin.