“ကဗျာ” လို့ ပြောလိုက်သလား (၂)

၁။ ကဗျာအကြောင်းဘယ်သူတွေရေးသားပြောဆိုကြသလဲ

ဘယ်သူမဆို ကဗျာအကြောင်းပြောချင်တဲ့ ရေးချင်တဲ့ဆန္ဒရှိတိုင်း ပြောချင်သလို ပြောတတ်သလို ရေးချင်သလို ရေးတတ်သလို ပြောခွင့် ရေးခွင့်ရှိပါတယ်။လူ့အခွင့်အရေးပါပဲ။ဘယ်သူကမှပဲ ကဗျာအကြောင်းပြောခွင့်ဆိုခွင့်ရေးခွင့်ရှိတယ်လိ့ စည်းခတ်ကန့်သတ်လို့မရပါဘူး။လူပဲ၊ပြောချင်ရာရှိမဟုတ်သော်ရှိ ဟုတ်သော်ရှိ ပါးစပ်ကြီးတစ်လုံးနဲ့ လျှောက်ပြော လျှောက်ရေးလို့ရတာပဲ။ထင်မြင်ချက်တွေလည်းပေးချင်သလိုပေးလို့ရတာပဲ။မန့်ချင်သလောက်မန့်လို့ရတာပဲ။

ဒါပေမယ့်၊ ကဗျာအကြောင်းပြောတာဟာ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းအတွင်းရှိနယ်ပယ်များစွာထဲကနယ်ပယ်တစ်ရပ်နဲ့တိုက်ရိုက်သက်ဆိုင်နေတာဖြစ်တဲ့အတွက် အဆိုပါနယ်ပယ်တွင်းရှင်သန်လှုပ်ရှားလည်ပတ်ဆောင်ရွက်သူတွေပြောတာဟာ ကဗျာနယ်ပယ်နဲ့ဆက်စပ်နယ်ပယ်ပြင်ပကသူတွေပြောဆိုရေးသားတာထက်ပိုလည်းဆီလေ်္မာယ်၊
အမှန်ဖြစ်နိုင်ချေနဲ့လည်းပိုနီးစပ်ပါတယ်။

ကဗျာအကြောင်းပြောဆိုရေးသားကြသူတွေကိုအကြမ်းဖျဉ်းစာရင်းကောက်ကြည့်ရင်အောက်ပါတို့ကိုတွေ့ရှိရတတ်ပါတယ်—-
၁။ ကဗျာဆရာ/ကဗျာကိုဆိုက်လိုက်မတ်တတ်ရေးသူကိုယ်တိုင်
၂။ ကဗျာဝေဖန်ရေးဆရာ
၃။ ကဗျာရီဗျူးရေးသူ
၎။ တက္ကသိုလ်နယ်ပယ်တွင်း ကဗျာဘာသာရပ်/ပညာရပ်/ကဗျာဗေဒပညာရပ် သင်ကြားပို့ချသူပညာရှင်ပုဂ္ဂိုလ်/စာတမ်းပြုစုသူ
၅။ တက္ကသိုလ်နယ်ပယ်ပြင်ပမှ ကဗျာကို ဘာသာရပ်/ပညာရပ်အဖြစ်အထူတလည်စနစ်တကျလိုက်စားလေ့လာသူ
၆။ စာပေသီအိုရီရှင်များနှင့်စာပေသီအိုရီများကိုအမှန်တကယ်တတ်ကျွမ်းပြီးတစ်ဆင့်ခံရေးသားပို့ချသူ
၇။ ဒဿနိကဗေဒအောက်ရှိ ရသဗေဒဘာသာရပ်ဆိုင်ရာပညာရှင်/စာတမ်းပြုစုသူ

အဲဒီမှာ #၁ ဟာ #၂ ၊ #၃၊ #၄ (သိ့မဟုတ်)#၅ ၊#၆၊#၇ တို့လည်းဖြစ်နိုင်သလို #၁ သက်သက်ပဲလည်းဖြစ်နိုင်ပါတယ်။
အသက်အရွယ်၊ဝါ၊သြဇာ၊ပညာ တို့နဲ့လည်းမလွဲမသွေဆိုင်နေတတ်တာလည်းတွေ့ရပါတယ်။

ဇယလ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>