ထင်ဟပ်ချက်

လောကကိုကိုယ်ထင်ဟပ်ဖို့ကြိုးစားတယ်
ဆရာကြီးတွေမပြောခဲ့တာလားမသိခဲ့ကြတာလား
အပွင့်စနစ်ကိုမှလိုက်ထင်ဟပ်နေမိတာ
ကိုယ့်ကိုကိုယ်တောင်ကဗျာဆရာတွေဘာတွေထင်လို့
ထင်ဟပ်ခဲ့တာတွေဟါ ထိုးဇာတ်တွေမဟုတ်ရင်
တမင်သက်သက်လုပ်ကြံမှုတွေပါပဲလား
အလင်းတွေလွဲခဲ့တာမဟုတ်ရင်အလင်းတွေပြောင်းသွားပီ
ကိုယ်ကိုယ်တိုင်ကိုယ့်ဖြစ်မှုကိုပြန်ပြန်ဖန်တီးနေရတယ်
ဘာတွေမြင်သလဲမေးရင်မြင်ကာမတ္တကျော်လွန်ပြီး
စိတ်ထဲစွဲတဲ့တံလျှပ်တွေ တံလျှပ်တွေ တံလျှပ်တွေလေ
ဟောဒီမှာနဲ့ဟောဟိုမှာကြား
ရှိခြင်းနဲ့မရှိခြင်းကြား
ဖြစ်ခြင်းနဲ့မဖြစ်ခြင်းကြား
ထင်ဟပ်လို့ရတာတွေနဲ့ထင်ဟပ်လို့မရတာတွေရဲ့ကြား
သတ်မှတ်တာနဲ့မသတ်မှတ်တာတို့ရဲ့ကဗျာကြား
အဲဒီကွက်လပ်တွေထဲဘာတွေရှိသလဲ
ငါ’မှန်’နေတာ’ကောင်း’နေတာအပြစ်မဆိုနဲ့တော့လေ
လူပြက်ဟာစကားတွေဟာမွဲပြာပုဆိုးပဲ
မွဲပြာပုဆိုးဟာဘာကိုမှမထင်ဟပ်ဘူး
အဲဒါကြောင့်ပရိသတ်ဟာရယ်ကြတယ်
ရယ်တာဟာဘာကိုမှမထင်ဟပ်ဘူးဆိုတာဟာ
လောကမှာသွားထင်ဟပ်နေတယ်

ဇယလ
၁၇ ဖေ ‘၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>