မပြီးရင် မစီးဘူး

ဖြတ်လမ်းမရှိဘူး။ ပျံသန်းမှုအတတ်ပညာပဲရှိပြီး
တောင်ပံမွေးတောင်မပေါက်ရင်
ရေပဲဆင်းငုပ်ရတော့မယ်/တယ်

နောက်ဆုံးပေါ်တွေ့ရှိတဲ့ အသိရိုင်းကို
ပဒိုင်းသီးနဲ့ ဘလိုင်းကြီးချက်စားမလား

ဒီကနေသွားရင် ဘယ်ရောက်မလဲမသိတဲ့
အရိုင်းဘလိုင်းတောင်ပံတွေ ရောင်လျှံတွေနဲ့

လိပိုင်ကအစ ဆိုပါစို့ မောင်ပိုင်စီးအထိ
ဇိမ်ခံရှော့ပင်းဂ်စင်တာကအစ ရသသစ်ထုတ်လုပ်မှုအထိ
ဇိနတ္ထပကာသနီကနေ ဇိနတ်သ်အာမန်းချက်ထဲအထိ

‘အမေရေ၊ သားကို ခက်တဲ့ကဗျာတွေ ကိုက်နေတယ်’
‘ပြန်ကိုက်လိုက်ပေါ့၊ သားရယ်၊ သားကိုအမေ
ဘယ်လိုမွေးခဲ့ရတယ် ပြန်သွားမှုပဲပေါ့’

အင်စတီကျူးရှင်း ယ(ာ)ဉ်ကျေးမှုရဲ့အရေပြား
တစ်ဝမ်းတစ်ခါး စပ်သလား

မင်းပြောတယ် ယုန်တစ်ကောင်ထွက်ပြေးသွားတဲ့
ဆူညံသံကို နားမလည်ဘူးတဲ့။ ဦးနှောက်ထဲက
ဝါယာရင်းဂ်တွေဟာ ရှော့(က်)ရှိတယ်
လက်တစ်ဖက်ဝါဒနဲ့ ဓမ္မကို ဖမ်းချင်ဦး

ငါ့ကို ကိုယ်ကျင့်တရားစံနှုံးနဲ့ပဲ ဖတ်တော့မှာလား
ငါဟာ ရသတည်ဆောက်မှုဆိုတာ မရှုတော့ပြီလား

သူကိုယ်တိုင်ကြိုးရှုပ်နေသူက ပြောတယ်
‘လွတ်လွတ်လပ်လပ် ရေးပါ’ တဲ့
သူ့ကြိုးတွေကိုသူ ‘လွတ်လွတ်လပ်လပ်’ ဖတ်သလား

တန်မှရကြတာလို့ ၁၂ရာစုပြင်သစ်ခရစ်ယာန်ဘုန်းကြီး
တစ်ယောက် ပြောဘူးတယ်ဆိုလား
ဘူတန်မှာ လူသဏ္ဍာန်ဖန်ဆင်းတတ်တဲ့ နွယ်ပင်ဆိုလား

ကဗျာဟာ လေမှုတ်တူရိယာပါပဲလေ
ကိရိယာပါပဲလေ ဒါပေမယ့် နာမ်မှုတ်တဲ့ကြိယာ
ရွာမှာ
ညအခါ လသာသာ ကလေးတွေ ဆော့ကစားနေကြတာ
ရွာထိပ်ညောင်ညိုပင်အိုကြီးက တစ္ဆေအိုကြီးဟာ
ဒါတွေငါသိပြီးသားပါလို့ တီးတိုးအိုကြီးချရင်း
ခိုးခိုးကြည့်လို့ နေရှာတာ

ကြော်ငြာလည်း မဝင်ဘူး၊ အလံကိုလည်း အလေး
ပြုစရာမလိုဘူး၊ ရေဆင်းငုပ်ဖို့ပဲ လိုတယ်
ပလုံစီပူဖောင်းလေးတွေမှာ
တွင်းနက်ထဲက ဆင်းသက်လာတဲ့
သက်တံတွေ တလျှပ်လျှပ်

လကို မော့ကြည့်မှမြင်ပေမယ့် လရောင်ကို
မွေးရာပါမျက်မမြင်တို့ ခံစားကြရတယ်
သုတေသနတွေ့ရှိချက်

အဲဒါဟာ စီးလို့သာနေတယ်

ဇယလ
၈ ဂျူလိုင် ‘၁၈

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>