အမေရိကန် စိတ်ကူးအိပ်မက်တစ်ခု (ရောဘတ် ဘလိုင်း)

ကမ္ဘာမြေကြီးပေါ် ရဟတ်ယာဉ်တွေလို
စာရင်းစစ်တွေ ဝဲပတ်ကြပြီး
ဟေဂလ်ရဲ့ နာမည်ထွင်းထားတဲ့
အရိုးသေးသေးလေးတွေ ကျဲချကြတယ်။
အဲဒီအရိုးလေးတွေကို ခွေးတူဝက်တူတစ်ကောင်ဟာ
သူ့အမွေးပွထဲသယ်သွားပြီး
သူ့တွင်းထဲသူဝင်သွားတယ်၊
အဲဒီည အဲဒီမှာပဲ တစ်မိသားစုလုံး
သေဆုံးသွားရှာတယ်။

လိုက်ကာရဲ့ နောက်ကွယ်မှာ
သံပြိုင်သီဆိုပေးရတဲ့ မိန်းကလေးဟာ
နာရီပေါင်းများစွာ ရပ်နေပြီး
လမ်းမဘက်ကိုပဲ ငေးကြည့်နေရှာတယ်။
ထရပ်က်ကားပြုပြင်ရေးဝပ်ရှော့ဆိုင် ပြတင်းတွေမှာ
ဆေးအဖြူရောင် သုတ်ထားတဲ့
သစ်ကိုင်းခြောက်တွေ ရှိကြတယ်။
ကြမ်းပြင်ကရွက်ခြောက်တွေကို ရှောင်ရှားဖို့
အဲဒီသစ်ကိုင်းခြောက်တွေကို
မိကျောင်းပေါက်စလေးက ခဲထားတယ်။

ညမှာ ပျားလဘို့ဟာ အိပ်မက်ဆန်းတွေမက်လို့၊
ပတ်ခြာလည် ခုတ်မောင်းနေကြတဲ့ အနက်ရောင်
ရထားသေးသေးလေးတွေ—-
မိုးရေစက်ထဲ ရေနစ်သွားကြတဲ့
ရှေးဟောင်းစစ်သင်္ဘောကြီးတွေ။ ။

ရောဘတ် ဘလိုင်း Robert Bly ရဲ့ An American Dream

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>