စကားပြေအတွေး(ဆင်ခြင်သိမှုဆီဦးတည်တဲ့၊ဆင်ခြင်သိမှုထံမှလာတဲ့၊ဆင်ခြင်ဥာဏ်ကထုတ်ယူတဲ့အတွေး) ကို ကဗျာသုံးပစ္စည်းတွေ(အသံ၊အလင်္ကာ၊နိမိတ်ပုံ၊စသည်)နဲ့ ခြုံထားလည်း ကဗျာရဲ့ကိုယ်ခန္ဒာနဲ့ကိုယ်လက်လှုပ်ရှားပုံထက် စကားပြေရဲ့ကိုယ်ခန္ဒာနဲ့ ကိုယ်လက်လှုပ်ရှားပုံက ပိုပေါ်လွင်နေတတ်ပါတယ်။
စကားပြေကဗျာဆိုတာ ကဗျာအတွေးနဲ့တည်ဆောက်ထားတဲ့ ဘာသာစကားဖွဲ့စည်းမှုဖြစ်တယ်။ ကဗျာလိုမစီပဲ စကားပြေလိုစီထားပေမယ့် ကဗျာရဲ့ခန္ဒာနဲ့ ကိုယ်လက်လှုပ်ရှားမှုဟာပေါ်လွင်တယ်။စကားပြေဖြစ်ရင်တောင် ‘ကဗျာဆန်တဲ့စကားပြေ’ ဖြစ်တယ်။
ကဗျာရဲ့အလုပ်ဟာ စကားပြေရဲ့အလုပ်နဲ့မတူတာဟာ ပုံသဏ္ဍာန်ဖွဲ့စည်းမှုတစ်ခုတည်းကြောင့်မဟုတ်ပဲ(ဥပမာ၊အခု
ဒီစကားပြေပုဒ်ကိုလိုင်းစီပြလည်းကဗျာဖြစ်မလာတဲ့အတွက်) ဘာကကွဲပြားစေသလဲဆိုတော့ စတင်သန္ဒေတည်ရာ၊လားရာ၊ဖွံ့ဖြိုးရာ၊နဲ့မွေးဖွားရာပဲဖြစ်တယ်။
အဲဒီဖြစ်စဉ်ထဲ စကားပြေရဲ့ဖွင့်ဆိုရှင်းပြလိုမှုဝင်သွားရင်လည်း ကဗျာအရည်အသွေးအထိုက်အလျှောက်ပျက်ရပါတယ်။သားလျှောရပါတယ်။ရုပ်ပျက်ရပါတယ်။ ကဗျာရဲ့စရိုက်နဲ့ကဗျာရဲ့သရုပ်တို့ ပျက်ရပါတယ်။အဲဒီရုပ်ပျက်ကို ဘယ်ကဗျာပစ္စည်းနဲ့ပဲဖုံးဖုံး မသိသူအတွက် ကဗျာယောင်ယောင်ကဗျာဖြစ်ကောင်းဖြစ်ပေမယ့် သိသူအတွက် အဲဒါဟာ ကဗျာမဟုတ်ဘူးလို့ တထစ်ချပြောပါလိမ့်မယ်။
ဒါဟာကဗျာရည်ကဗျာပါးမဝသေးပဲ ကိုယ်ရေးနေတာဟာကဗျာလို့ အယူလွဲသွားရင် အကျိုးမဖြစ်ပါဘူး။
ခံစားမှုသက်သက်ဖော်ပြဖို့မဟုတ်ပဲ အတွေးပါထည့်ဝင်ရေးသားရာမှာလည်း မူလတွန်းအား၊ မူလ’ကံ’ နဲ့ မလွဲသွားဖို့အရေးကြီးပါတယ်။
ကဗျာအရေခြုံတွေမဖြစ်စေဖို့ သတိထားရတယ်လို့ထင်ပါတယ်။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။