နှစ်ပေါင်းများစွာ သင်ဟာ လူသေတစ်ယောက်ထဲ
နေထိုင်နေခဲ့ပြီးမှတော့
ဘာဖြစ်လို့ တိုက်ခန်းတွေပြောင်းနေရတာလဲ
သေလူဟာလည်း
သင်ဘယ်တော့မှ မရောက်နိုင်မယ့်
လောကဘုံတွေကို စွန့်ခွာပြီး
သင်နဲ့အတူ လိုက်နေမှာမို့တဲ့လား
ပိုကျယ်ရင်ကျယ်၊ ပိုကျဉ်းရင်ကျဉ်း
တိုက်ခန်းတွေ ဘာဖြစ်လို့သင်
ပြောင်းပြောင်းနေတာလဲ
သင့်သေလူဟာ အိပ်စက်မှုသစ်ထဲ
ထာဝစဉ်အမြဲ စတည်းချလိုက်တော့မှာလား
ရှေးဟောင်းပေါရာဏတွေအစား
နွေးထွေးမှုနဲ့ အအေးဒဏ်ချွတ်ခွာထားတဲ့
နံရံတွေကို သူတွေ့ရှိသွားလို့လား
ဒါဆိုဘာလို့ ထိုသေလူဟာ
သင့်ရဲ့အိုးအိမ်ဖြစ်နေသလဲ
အမည်နာမမရှိသူ
ရှိလည်း အမည်နာမက နေရာပေးမှာမဟုတ်တဲ့သူ
သင်ငှားနေတဲ့ တိုက်ခန်းဟာလည်း
သေလူလို သေးကြုံ့သွားမှာမဟုတ်ဘူး
သင်ဘယ်လိုမှ မရောက်ရှိနိုင်တဲ့
သေလူရဲ့ လောကဘုံတွေဆီ
သင် သွားနေလိုက်ချင်တယ်
အဲဒီမှာ လစဉ်မီးဖိုးရေဖိုးတွေ
ပေးစရာ မလိုဘူးလေ။ ။
(Eugeniusz Tkaczyszyn-Dycki ရဲ့ Lodgings in Boczna Lubomelskiej Lane)