ကဗျာလိုင်းများ —
၁။ ။ဝါကျဖွဲ့ထုံး/သဒ္ဒါစည်းကမ်းအတိုင်းဖွဲ့သလား။
၂။ ။ဝါကျပြည့်လား/စကားစုလား။
၃။ ။ဆင့်ကဲလိုင်းတွေဟာ ဝါကျပြည့်တစ်ကြောင်းဆီဦးတည်လား။
၎။ ။စကားစုတွေပဲတွဲချိတ်ထားတာလား။
၅။ ။တစ်လိုင်းနဲ့တစ်လိုင်းတွဲချိတ်မှုရှိသလား။
အသံအားဖြင့်တွဲချိတ်မှု
ဝါကျ/သဒ္ဒါ/ရေးထုံးအားဖြင့်တွဲချိတ်မှု
ဆင်ခြင်ယုတ္တိဥာဏ်အားဖြင့်တွဲချိတ်မှု
ဆက်စပ်အနက်အားဖြင့်တွဲချိတ်မှု
ဂယက်အနက်အားဖြင့်တွဲချိတ်မှု
အာရုံအခုန်အားဖြင့်တွဲချိတ်မှု
ကဗျာဗေဒမူတစ်ခုခုအားဖြင့်တွဲချိတ်မှု
၆။ ။တွဲချိတ်မှုကိုလွတ်လွတ်ကင်းကင်းပယ်လိုက်သလား။
၇။ ။တစ်နေရာမှာပေါ်ပြီးပျောက်သွားပြီးနောက်တစ်နေရာမှာမှ
သူချည့်အတိုင်းဖြစ်ဖြစ်၊သူ့အချိတ်အဆက်ဖြစ်ဖြစ်ပြန်ပေါ်လာ
တဲ့’မြှုပ်လိုင်း’တွေရှိလား။
၈။ ။လိုင်းတစ်လိုင်းထဲကနေပွားလာတဲ့’သွေးသားတော်စပ်လိုင်း’
တွေရှိသလား။
၉။ ။ လိုင်းတစ်လိုင်းရဲ့မတော်စပ်ပေမယ့် လမ်းကြောင်းတူ
‘မျဉ်းပြိုင်လိုင်း’တွေရှိသလား။
၁၀။ ။လိုင်းအလျားနဲ့ကစားသလား။
၁၁။ ။လိုင်းအမျိုးအစားကစားသလား။
၁၂။ ။လိုင်းတွေကိုဘေးတိုက်ဆက်ပြီးစကားပြေကဗျာလုပ်ထား
သလား။
၁၃။ ။ စကားပြေကဗျာပိုဒ်နဲ့ကဗျာလိုင်းတွေရောစပ်သလား။
၁၄။ ။ဘလိုင်းလွှတ်ပေးလိုက်တဲ့လိုင်းပါလား။
၁၅။ ။လိုင်းကိုအဓိပ္ပါယ်အပြည့်ထမ်းစေသလား၊အပိုင်းအစပဲလား။
၁၆။ ။ကဗျာကိုလိုင်းနဲ့စဉ်းစားလား။
၁၇။ ။လိုင်းဖြတ်ပွိုင့်ဟာ အနက်အဓိပ္ပါယ်ရဲ့ဖြတ်ပွိုင့်လား။
စိတ်ကူးအာရုံရဲ့ဖြတ်ပွိုင့်လား။
၁၈။ ။လိုင်းနဲ့စာမျက်နှာစပေ့စ်အဖြူတို့ကစားသလား။
၁၉။ ။လိုင်းကိုစက်ဝိုင်းကွေးဘူးသလား။
၂၀။ ။လိုင်းနဲ့လှိုင်းကိုတွဲ/ခွဲကြည့်မြင်ဘူးသလား။
စဉ်းစားမိတာပြောပါတယ်။
ကဗျာအကြောင်းပြောပါတယ်။ ။