မနေ့ညက ငါ ပဲငံပြာရည်ကိုအိပ်မက်မက်တယ် –– မနေ့ညက ငါ မျိုးစေ့ကနေအညှောက်ပေါက်လာတယ် ––မနေ့ညက ပင့်သက်တစ်ချက်လို ကျယ်ပြန့်တဲ့ သဲကန္တာရကြီးဟာ အဝေးကြီးထွက်ခွာသွားလေတယ်။ တိမ်မည်းတွေရဲ့ အသံတွေငါကြား တယ် ၊ တံစက်မြိတ်တွေအောက်မှာ ၊ အိုးအိမ်တွေ ဖြိုဖျက်ချလိုက်လို့ ရွှေ့ပြောင်းနေထိုင်ရသူတွေထဲက နောက်ဆုံးတစ် ယောက်ဟာ သူ့ဆေးလိပ်ကို ကုန်အောင်သောက်လိုက်တယ်။ မနေ့ညက၊ မိန်းမတစ်ယောက်ရဲ့ မျက်ရည်တွေမရှိတဲ့အတွက် ၊ ရှန်ဟဲမြို့ဟာ သစ်သားမြင်းသိုးတွေရဲ့ မြို့တော်ဖြစ်သွားတယ် –– မနေ့ညက ၊ တံတားပေါ်ဖြတ်လာတဲ့ မြူပါးပါးမရှိတဲ့အတွက်၊ ကွမ်ချိုမြို့ဟာ ဆေးပြားနိဗ္ဗာန်ဖြစ်သွားတယ် . . . . ရှီနင်းမြို့မှာတော့ လမ်းမီးတွေမှိတ်သွားကြတယ် ၊ သူ့အ၀တ်အစားထဲ ဓါး တစ်ချောင်း ၀ှက်ထားတဲ့ တစ်ယောက်ဟာ သိုးဆီတွေ ပက်ဖြန်းထားတဲ့ နောက်ဖေးလမ်းကြားထဲပြေးဝင်သွားခဲ့တယ် –– မနေ့ညက ၊ ဘေကျင်း နတ်ဟာ တံခါးဖွင့်ပြီး ထွက်ခွာသွားတော့တယ်။
စနစ်တကျ ဖွဲ့စည်းထားတဲ့ လှည့်စားမှုအားလုံးကို ဆန့်ကျင်ကြ။
ဆည်းဆာမှာ အစည်းအဝေးခေါ်တာတွေကို ဆန့်ကျင်တယ် ၊ ကြယ်တွေလင်းလက်နေတယ်။ သစ်ပင်ထိပ်ဖျားပေါ်က ငါ့နာမည် ခေါ်တာကို ဆန့်ကျင်တယ်။ မိုးထဲမှာ အော်ဟစ်နေတာကို ဆန့်ကျင်တယ်။ ဓနရှင်တွေးခေါ်စဉ်းစားခြင်းကို ဆန့်ကျင် တယ်။ မျက်နှာ နှစ်ဘက်နဲ့ ဓါးသွားသုံးခုရှိတဲ့ သူတွေကို ဆန့်ကျင်တယ်။ အပုပ်ကောင်ထဲမှာ ဘ၀ကူးနေကြတဲ့ ၀ိဥာဉ်သေတွေ ကို ဆန့်ကျင်တယ်။ အိပ်မက်ဆိုးနတ်သမီးဟာ လေထဲပျံသန်းရင်း တုန့်ကနဲရပ်သွားတယ် ၊ သူမမှာ အချစ်လည်းမရှိ အနာဂတ် လည်းမရှိ ၊ သူမရဲ့ အထီးကျန်မှုဟာ မိမိတို့အားလုံးရဲ့ အထီးကျန်မှုပဲ . . . . . ပါဝါကို ဆန့်ကျင်တယ်။
တစ်ပတ်ရစ်ပစ္စည်းတွေရောင်းတဲ့ လေဟာပြင်ဈေးဆီသို့ ၊ ဘယ်တော့မှ မပျက်ဆီး ၊ ဘယ်တော့မှမသေဘူး။
Continue reading
Recent Comments