Tomaz Salamun

တိုမာ့ရှ် ဆားလမန်း ဘဝ

တိုမာ့ရှ် ဆားလမန်း (Tomaz Salamun) ကို ယခင်ယူဂိုဆလားဗီးယားလက်အောက် (1945-1991) ဆလိုဗီးနီးယား ၊ ဇာဂရက်ဗ်မြို့ မှာမွေးဖွားခဲ့ပါတယ် ။ ၁၉၄၁ က ဖြစ်ပါတယ် ။ အထက်တန်းကျောင်းမှာတုန်းက ပြင်သစ်ဘာသာစကားနဲ့  ဆလိုဗီန်းဘာသာစကားတို့ သင်ယူခဲ့ရပြီး ဘာသာစကားကိုအထူးစိတ်ဝင်စားမှုစတင်ရှိခဲ့ပါတယ် ။ ၁၉၆၀ မှာ လျု(ဗ်)လျားနားတက္ကသိုလ်မှာ ပန်းချီသမိုင်းဘာသာရပ်သင်ယူနေရင်း ကဗျာ စေ၇းခဲ့တာဖြစ်ပါတယ် ။ သူ့ စကားအရ သူအရင် စိတ်ဝင်စားတာက ပန်းချီ ဖြစ်ပြီး ကဗျာကိုနောက်မှ စိတ်ဝင်စားလာတာဖြစ်ပါတယ် ။ Continue reading

တိုမာ့ရှ် ဆားလမန်း မိတ်ဆက်

ကမ္ဘာကျော် ဆလိုဗီးနီးယားကဗျာဆရာ တိုမာ့ရှ် ဆားလမန်း (Tomaz Salaman — toh-MARSH SA-la-man) ကိုမိတ်ဆက်ပေးလိုပါတယ် ။ သိစေချင်လို့ ပါပဲ ။ မသိချင်လည်းရ ၊ မသိလည်း ဘာမှ ဖြစ်မသွားပါဘူး ။

Tomaz Salamun

သူ့ ရေသောက်မြစ်ဟာ ကမ္ဘာဦးထိ ဆင်းသွားတယ်

ကမ္ဘာကြီးဟာ ဇာဂရက်ဗ်မှာ ဆားလမန်းပင်ပေါက် စိုက်လိုက်တယ်။                                                    (၄၊ဇူလိုင်၊၁၉၄၁)။ ဘာသာစကားတွေဟာ လက်ဆောင်တွေနဲ့  လာကြတယ်။

သရ၀ဏ်က သရက်ကင်းနု ၊ သရက္ခန်နံ့ သင်း သရတွေ ၊ သရုပ်သကန်ရဲ့  သရစ်ဖူး ။                                အမ္ဘီဂွီတသစ်နက် ၊ အမ္ဘုတရသယုတ္တိ ၊ က္ကုဒ္ဓိပါဒ်ရဲ့ အင်ကြင်းပွင့်တွေ။

Continue reading