အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၆)

ဒီဆွန်းနက်တွေကိုသေချာဖတ်ရင် အပိုင်းအစ fragments တွေနဲ့ဖွဲ့စည်းထားတာတွေ့ရလိမ့်မယ်။ မတူကွဲပြားကြတဲ့ အပိုင်းအစတွေကို ယှဉ်တွဲချိတ်ထားတာဖြစ်တယ်။ juxtaposition ပေါ့။ fragments တွေကို juxtaposition နဲ့ ယှဉ်တွဲချိတ်ဖွဲ့စည်းခြင်းကို collage လို့ခေါ်တယ်။ မော်ဒန်နစ်ဇင်မ်ရဲ့အမွေ။

၁၄ကြောင်းမို့လို့ ဆွန်းနက်လို့ ခေါ်ပေမယ့် ကျနော်ကတော့ ကော်လာ့ဂ်ျ လို့ပဲမြင်တယ်။ ထားပါတော့၊ ကော်လာ့ဂ်ျ-ဆွန်းနက်ပေါ့။ ဥပမာထုတ်ပြရရင် —

ဆွန်းနက်မျာ

အရည်မရ အဖတ်မရ ဆွန်းနက်

၁။
ဝန်မခံချင်ပေမယ့် ကိုယ်တို့ ပြောင်းလဲသွားကြတယ်
ကလေးဘဝက အရသာတွေ့လှတဲ့ ငါးသေတ္တာကို ကိုယ်
အခု မကြိုက်တော့

၂။
အသွင်သဏ္ဍာန်တွေ ဆိုတာကလည်း အခုပဲ နှင်းဆီဖူး
အခု နှုတ်ခမ်း အခု စအိုဝ

၃။
သူတို့ရဲ့ ပန်းရောင်ဝါဒကတော့ မပြောင်းဘူးလို့
သင် ငြင်းခုံမယ် မဟုတ်လား
သင်ကရော ထရော့စကီဝါဒီလား
ဒါမှမဟုတ် လေနောက်ကို လိုက်နေတဲ့ ဇင်ကိုယ်တော်လား

၎။
ကိုယ်ကတော့ ဆရာဝန်အမည်ခံ ကဗျာဆရာအမည်ခံ
အိမ်ထောင်ဦးစီးအမည်ခံ အရည်မရအဖတ်မရ စကားနိုင်လုသူမျှ
Continue reading

အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၅)

မိုးတွေချည့်ဆက်တိုက်ရွာနေလို့ ဆိုင်ဆိုင်မဆိုင်ဆိုင် ‘မစ္စတာအဲလိယော့အတွက် ဆွန်းနက်တစ်ပုဒ်’

လိုင်း ၁ နဲ့ ၂

‘အရုဏ်ဟာ ညက အိမ်ပြန်မအိပ်တဲ့ အိမ်ထောင်ရှင်
ယောက်ျားလို
အသံမထွက်ဘဲ သော့ကို လှည့်နေရဲ့’

အရုဏ်ရဲ့ရောက်လာပုံ။ အရုဏ် ကို personify သက်မဲ့ကိုသက်ရှိဂုဏ်ပေးထားတယ်။ ထပ်ပြီး ‘အိမ်ထောင်ရှင်ယောက်ျားလို’ ဥပမာအလက်ာ။ အသံမထွက်ပဲ သော့ကိုလှည့်နေတာ အသံမမြည်စေချင်လို့။ ဇနီးသည်မကြားစေချင်လို့။ တိတ်တခိုး။ တစ်ညလုံး အိမ်ပြန်မအိပ်ပဲ ဘယ်တွေရောက်လို့ ဘာတွေလုပ်နေခဲ့သလဲ။ ဘော်ဒါတွေနဲ့သောက်စား ကာရာအိုကေညလုံးပေါက်လား။ အခြားမိန်းမတစ်ယောက်လား။ ဇနီးသည်မသိအောင် မိဘအိမ်ပြန်ခိုးအိပ်တာလား။ အိမ်ရှိလျက်နဲ့ အိမ်ထောင်ရှိလျှက်နဲ့ အိမ်ပြန်မအိပ်တဲ့ယောက်ျားဟာ သံသယဖြစ်စရာပဲ။

‘အရုဏ်’ ကို သက်သေအဖြစ်ယူမယ်ဆိုရင် အလင်းကိုဆောင်လာခြင်း၊နေ့သစ်ရောက်လာခြင်း၊မျှော်လင့်ချက်များမွေးဖွားလာခြင်း၊သန့်စင်သစ်ဆန်းခြင်း၊စသည်။ ခုတော့ အဲဒီသက်သေအဓိပ္ပါယ်တွေနဲ့ သံသယဖြစ်ဖွယ်ရာဟာ ဆန့်ကျင်ဘက်တွေ။ သမရိုးကျ အရုဏ်ဆိုင်ရာသိမှုတည်ဆောက်ချက်တွေကို လှုပ်ခါလိုက်တာ။

ဆွန်းနက်မျာ

လိုင်း ၃

‘တချို့ညတွေ တချို့အသည်းနှလုံးတွေကို လည်မျိုညှစ်ထားတယ်’

တချို့ညတွေ နဲ့ တချို့အသည်းနလုံးတွေကို ကံပုဒ် object လုပ်ထားတယ်။လည်မျိုညှစ်ထားတယ်။အကြမ်းဖက်မှု။သတ်ဖြတ်ဖို့ကြံစည်ဆောင်ရွက်မှု။ဘယ်ဟာ ကတ္တား ပုဒ် subject လဲ။ လိုင်း ၁ က အရုဏ်လား။အရုဏ်ဟာ တချို့ညတွေကို လည်မျိညှစ်ထားတယ်။အသက်ရှူမရ၊သေဇောငင်။ အရုဏ်ရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်။တချို့ညတွေ တချို့အသည်းနှလုံးတွေ မနက်ကို မကြုံတွေ့ကြရတော့အောင်။နောက်ထပ်မနက်ခင်းတစ်ခုကို အတူမကြုံဆုံချင်တော့တာလား။ပုဂ္ဂလိကရင်တွင်းနာကျင်မှုကြီးတစ်ခုလား။
Continue reading

အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၃)

ဥပမာ ၁။
လမင်းကြီးက သာလို့
စဥ့်အိုးကြီးက ပြောင်လို့
နင့်ကိုငါချစ်တယ်။

ဥပမာ ၂။
မေး။ ဘယ်နှနာရီရှိပြီလဲ။
ဖြေ။ အနီရောင်တွေများနေတယ်။

ဥပမာ ၃။
ရေကြီးရေလျှံမယ်လို့သတင်းရရှိတယ်
ဟုတ်တယ် Mevius Sky Blue ကိုကိုယ်ကြိုက်တယ်။

Non sequitur နောန် ဆကွီတာ ရဲ့ဥပမာတွေဖြစ်ပါတယ်။ ယုတ္တိဗေဒမှာ ကြောင်းကျိုးချိတ်ဆက်မှုမဲ့ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ဆင်ခြင်ယုတ္တိရှုထောင့်ကကြည့်ရင် ယုတ္တိဆင်ခြင်ချိတ်ဆက်မှုမဲ့သလို အဓိပ္ပါယ်လည်းမရှိပါဘူး။

ဆွန်းနက်မျာ

ကဗျာဗေဒရှုထောင့်ကကြည့်ရင်တော့ ဒါဟာ အမေရိကန်ကွန်တမ်ပရီကဗျာ (၁၉၉၀ပိုင်းလောက်ကနေယနေ့ထိ) ခေတ်စားနေတဲ့ကဗျာနည်းဟန်တစ်ခုပါပဲ။ အက်ရှဘရီရဲ့ကဗျာတွေမှာ အလွယ်တကူတွေ့ရတယ်။ LP ဂုရုကြီးတစ်ဆူဖြစ်တဲ့ ရော်န် ဆစ်လ္လမင်န်ရဲ့ ‘ဝါကျသစ်’ နည်းဟန်မှာတွေ့ရတယ်။ LP ဆရာမကြီး လင်းန် ဟက်ဂျီနီယန် ရဲ့ ‘My Life’ ကဗျာ/အရေးအသားမှာတွေ့ရတယ်။ ကွန်တမ်ပရီကဗျာရဲ့လက္ခဏာတစ်ရပ်ဖြစ်လာခဲ့တဲ့အထိပဲ။ ဒါကို ရျဲမင့်သူရဲ့ ယာဉ်စွန်းတန်း ၁ မှာလား၊ ၂ မှာလား ရေးဘူးတယ်။ ထားပါတော့။ အောင်ခင်မြင့်ရဲ့ ဆွန်းနက်တိုင်းမှာ နောန်ဆကွီတာကို များများစားစားတွေ့ရပါတယ်။ကြုံကြိုက်ရာဆွန်းနက်ကိုလှန်ကြည့်ပါလေ။

“အိမ်နဲ့ဝေးရင် လူတစ်ယောက်ဟာ ဝမ်းချုပ်တဲ့ပြဿနာကို
စကြုံရတာပဲ
အဲဒီမှာ မင်းမှ ရှိမနေတာ ကိုယ် ဘယ်သူနဲ့ ချစ်မှုပြုရမှာလဲ”
(စကြဝဠာသို့ဆွန်းနက်တစ်ပုဒ်)
Continue reading

အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၂)

ကာဗာမှာ ရဲမြင့်သူ က ရှိတ်က်စပီးယားကို မျက်မှန်ဂေါ်ဂေါ်လေးတပ်ပေးပြီး အဲဒီမျက်မှန်ပေါ်အရိပ်တွေလျှပ်လက်သလို (ကျနော့်အမြင်) ဖြစ်နေတာကိုကရှေ့ပြေးနိမိတ်ကိုပြနေပြီ။ အောင်ခင်မြင့်ဟာ တင်းကြပ်တဲ့စည်းတွေရှိတဲ့ ရှေးဟောင်းအီတာလျံ/အင်္ဂလိပ်ကဗျာပုံသဏ္ဍာန် poetic form ကို ကွန်တမ်ပရီလုပ်တော့မယ်ဆိုတာ။ဘယ်လိုများလုပ်မလဲ မျက်လှည့်ပွဲမှာရှေ့တန်းကပရိသတ်တစ်ယေက်ဟာ ရင်တမမ။

ဆွန်းနက်မျာ

ပထမဆုံးဆွန်းနက်ကိုဖတ်လိုက်တယ်။ ဟင်…။ ပြီး၊ဒုတိယ။ ဟာ…။ ပြီး၊တတိယ….စာအုပ်ကိုလက်ကနေချလိုက်ရတော့တယ်။တော်ပြီ။ ဘာမှန်းမသိတဲ့အကြီးကြီးတစ်ခုခံလိုက်ရပြီ။မော်ဒန်အက်ဘ်စတရက်တ်ပန်းချီကားကြီးတစ္ကားရှေ့မှောက်မှာ ကိုယ့်ကိုပန်းချီကားထဲစုပ်ယူစွဲသွင်းခံလိုက်ရတာလည်းသိ၊ကိုယ့်ကိုကိုယ်လည်း ပြန်ဆွဲထုတ်လိုက်ရတာလည်းသိ၊ကိယ့်လူမှုယုတ္တိရဲ့အရေပြားစုတ်ပြဲသွားတာကိုအခြားသူတွေများမြင်သွားမလား ဘေးဘီကိုလည်းမသိမသာချောင်းကြည့်ရ ချောင်းဟန့်ပြီး ကိုယ့်ကိုကိုယ်ဘာမှမဖြစ်သွားသလို ဟန်ချက်ပြန်ထိမ်းလည်ဆည်ရ။အသက်ဝဝရှူပြီး နောက်ဆုံး ၃ ပုဒ်ကိုမရပ်မနားဆက်ဖတ်ပစ်လိုက်တယ် တစ်ပုဒ်တည်းအနေနဲ့။နောက်ပြန်ဆုတ်ရတယ် စိတ်ခြေတစ်လှမ်း နှစ်လှမ်း သုံးလှမ်း။အဲဒီမှာ….. အဆင် pattern ဒီဇိုင်း design အဆင်ဒီဇိုင်းဟာ နောက်ခံကနေရှေ့ကိုဝတ်လစ်စားလစ်ကြီးထွက်လာတာ မျက်တောင်မခတ်စူးစိုက်မြင်တွေ့မိပါလေရော။ အဲဒီအဆင်ဒီဇိုင်းရဲ့ဝတ်လစ်စားလစ်အင်္ဂါရပ်တွေတွေ့မိပါလေရော ———

  1. Non-sequiturs
  2. Catachresis
  3. Mixed metaphors of the mundane and mystery
  4. Illogical/irrational elements
  5. Stitching
  6. Looping
  7. Ashberian linkings
  8. Tracings of collective (un)/consciousness
  9. Memorabilia of (unfaithful) memories
  10. Sonnet-collage / collage-sonnet
  11. Poein = making
  12. Reader-participation

တို့ဖြစ်ကြပါတယ်။ အဲဒါတွေနဲ့အတူ အခြား literary devices/rhetorical devices လင်္ကာရတွေလည်းပါတာပေါ့။

အဆင်ဒီဇိုင်းတစ်ခုကို အခြေခံပြီး တည်ဆောက်ဖွဲ့စည်းထားတာတွေပါတကား။ အဲဒါကြောင့်ပဲ ‘ဆွန်းနက်များ’။ ပြီး အတတ်ပညာနဲ့ သူ လှလှပပ ပိပိရိရိ တိတိကျကျ လှည့်ကစား လှည့်စားပြလိုက်တာ ထိုရှေ့တန်းကပရိသတ်မှာကိုယ်ဖိရင်ဖိ အံ့ပါဘိတွေ ထိရင်းထိရင်းပဲဖြစ်နေပါတော့တယ်။ဒါဟာ ကဗျာတွေ့ကြုံခံစားမှု poetic experience ကြီးပဲမဟုတ်ပါလား။

(ဆက်ရန်ရှိပါသည်)

ဇယလ
၁၈ သြဂုတ် ကိုဗစ်၂၀

အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၁)

(ကို)အောင်ခင်မြင့်ရဲ့ နှစ်ကာလများ စာအုပ်အစီအစဉ်#၄၁၆၊ မတ် ၂၀၂၀ ထုတ် ‘ဆွန်းနက်များ’ ကဗျာစာအုပ်ဟာ ဖတ်လို့ကောင်းတဲ့၊ အရသာရှိတဲ့ ကဗျာတွေစုစည်းမှုဖြစ်ပါတယ်။ ‘ဆွန်းနက်များ’ လို့ အမည်ပေးထားတဲ့အတွက် အင်္ဂလိပ်လို Sonnet ကဗျာပုံသဏ္ဍာန် (form) ကိုမြန်မာအသံဖလှယ်ထားတာလို့ယူပါတယ်။

ဆွန်းနက်မျာ

Sonnet ရဲ့ရာဇဝင်ကိုပြန်ကြည့်ရင် ၁၃ရာစုက အီတလီမှာစတင်ပေါ်ပေါက်ခဲ့တာလို့သိရပါတယ်။အင်္ဂလိပ်လို little poem လို့အဓိပ္ပါယ်ရပါတယ်။ Epic လိုမဟာကဗျာရှည်တွေနဲ့ယှဉ်ရင် များစွာတိုတောင်းတဲ့အတွက်ဖြစ်ပါတယ်။ စုစုပေါင်း ၁၄ ကြောင်းရှိပြီး octave ၈ကြောင်းနဲ့ sestet ၆ကြောင်းတို့ဖြစ်ပါတယ်။ ပထမ ၈ကြောင်းက အဆိုတစ်ခု၊ပြဿနာတစ်ခုကိုတင်ပြပြီး ကျန်၆ကြောင်းက အဖြေ၊ဖြေရှင်းချက်ကိုပေးတာဖြစ်ပါတယ်။တင်းကြပ်တဲ့ကာရန်စနစ်လည်းရှိပါတယ်။ လိုင်းအဆုံးကာရန်တွေကိုကြည့်ရင် ABBA ABBA (octave) CDECDE မဟုတ်ရင် CDCCDC (sestet) ဖြစ်ပါတယ်။ မူကွဲအားဖြင့် ABBA CDDC EFG EFG လို့ရှိပါတယ်။ sonnet မှာ ကဗျာဆရာ Petrarch ကနာမည်ကြီးလို Petrachan sonnet လို့ခေါ်ပါတယ်။ Italian sonnet လို့လည်းခေါ်ပါတယ်။

အင်္ဂလက်ထဲရောက်တော့ မူလ၁၄ကြောင်းကိုဆက်ထားပြီး ကာရန်စနစ်ကိုတော့အနည်းငယ်ပြောင်းလိုက်ပါတယ်။ ABAB CDCD EFEF GG ဖြစ်ပါတယ်။ ဆိုလိုတာက octave နဲ့ sestet ကိုမယူပဲ ၄ကြောင်းပါ quartrain ၃ပိုဒ်နဲ့ ၂ကြောင်းပါ couplet တို့ဖြစ်ပါတယ်။ ရှိတ်က်စပီးယားဟာ နာမည်ကြီး sonnet ကဗျာဆရာမို့ Shakespearian sonnet လို့ခေါ်ပါတယ်။
Continue reading