‘ကဗျာဆိုတာ ပြုလုပ်ခြင်း’ ကဗျာစာအုပ်နှင့် ပတ်သက်၍

ဒီကဗျာစာအုပ်မှာ ပါရှိတဲ့ ကဗျာအများစုဟာ အဓိကအားဖြင့် metapoetry `မက်တာကဗျာ´  ဖြစ်ပါတယ်။ `ကဗျာအကြောင်း ကဗျာ´ပေါ့ဗျာ။ ကဗျာကိစ္စနဲ့  ပတ်သက်တဲ့အကြောင်းတွေပေါ့။ ဘာတွေလဲဆိုတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာအမျိုးအစား မဟုတ်တဲ့ အကြောင်း ၊ ကဗျာနဲ့ ပုဂ္ဂလဓိဋ္ဌာန် ဘ၀အကြောင်း ၊ ကဗျာနဲ့ ဘာသာစကားအကြောင်းနဲ့ ကဗျာတစ်ပုဒ်ပြုလုပ်ပုံပြုလုပ်နည်းအကြောင်း တွေပါပဲ။

၁။ ။ ပင်မရေစီးခေတ်ပေါ်ကဗျာ အမျိုးအစား မဟုတ်ခြင်းအကြောင်း

ဒီကိစ္စကရှင်းပါတယ်။ ဒီစာအုပ်ထဲက ကဗျာတွေဟာ ပင်မရေစီးခေတ်ပေါ်ကဗျာနဲ့ နောက်ခံကဗျာဗေဒချင်းကွဲပြားခြားနားတာ သိသာပါတယ်။ ဖတ်လိုက်ရင်ကို ပဲ ကွဲပြားခြားနားမှုကို တန်းသိလို့ရပါတယ်။ အဲဒီကွဲပြားခြားနားမှုကြောင့်ပဲ ကဗျာဗေဒ ၊ ကဗျာအသိ အမြင်ဗဟုသုတဆိုင်ရာ အငြင်းပွားမှု တွေဖြစ်ခဲ့ကြတာပါပဲ။ အဓိက သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုကတော့ ရေးသားဖွဲ့စည်းပြုလုပ်မှု ပုံသဏ္ဍာန်ပါပဲ။ ဒီလိုကွဲပြားခြားနား တဲ့ ပုံသဏ္ဍာန်(ရေးသားဖွဲ့စည်းပြုလုပ်မှု) နဲ့ စိမ်းတဲ့ စာဖတ်သူအတွက် `ပြဿနာ´တော့ ဖြစ်မှာပါပဲ။ ယခင်ကလည်း မော်ဒန်/ခေတ်ပေါ် ကဗျာဟာ စိမ်းတဲ့စာဖတ်သူ (တွေ)ကို `ပြဿနာ´ဖြစ်စေခဲ့သလိုပါပဲ။ ဒါဟာ ဖြစ်တတ်တဲ့သဘောပါ။

Continue reading