မက်တဖာအတွက် ဦးနှောက်မုန်တိုင်း

ရေညှိ အမွေးအကြိုင် လှိုင်းဆင်းသဲ
နေရောင်ထဲကောက်ပွင့်တဲ့အပြုံးတွေ ဒေါသ ယစ်မူးခြင်း ထွက်ပြေးလွတ်မြောက်သွားခြင်း မြက်ရိုင်းများ လွတ်လပ်မှု
ရေခဲတုံးလေးးတွေ ရေခဲစိမ်ဘီယာပုလင်းပေါ်ကအအေးစီးကြောင်း သွေး အနှိမ်ခံရခြင်း နံရံများ
မှိုတက် ဆီချေးနံ့အရသာ ဆန်ပြုပ် မီးသွေးခဲနဲ့ဆား သစ်ကြားသီးခြောက် ဆုံးရှုံးမှု
ကြိုးတန်းမှာအိပ်ရာခင်းဖြူတွေတဖတ်ဖတ်လွင့် စာကလေးအုပ် လှိုင်းလုံး ဘွတ်ဖိနပ်ခွာ သေနတ်မောင်းတင်
ဒေါသတကြီးနံရံတွေ နံရံမှာတန်ပြန်တဲ့အသည်းထဲထိစိမ့်နာကျင်သံ ထပ်ဖန်တလဲလဲသမိုင်းသင်ခန်းစာ ကလေးဘဝသတိရခြင်းအရသာ
မီးသွေးပေါ်ကသွေး နံရံမှာရိုက်ပေါက်ခံရတဲ့ယုံကြည်မှုတွေ ‘ငါတိုြုျ့က္က်လွှင့်…ငါတို့ရွက်လွှင့်’ မျက်နှာကျက်အောက်ကမ်က်ရိုင်းတွေ လွတ်လပ်ခွင့်ဟာသျဲပင်ပေါ်ကျတစစစိမ့်ဝင် ရင်ထဲရေခဲထက်ဧခဲ ရေခဲပြင်ကြီးပေါ်လှိုင်းလုံးတွေ

ဇယလ
၁ နို ‘၁၉

စစ်ကြီးအတောအတွင်း မိမိတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ

ပြီး၊သူများတွေရဲ့အိမ်တွေကိုဒင်းတို့ဗုံးကြဲခဲ့တုန်းကမိမိတို့

ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်၊ဒင်းတို့ကိုမိမိတို့ဆန့်ကျင်ခဲ့ကြပေမယ့်

မလုံလောက်ခဲ့ဘူး။မိမိဟာ
မိမိကုတင်ပေါ်မှာရှိနေခဲ့ပြီးမိမိကုတင်တဝိုက်မှာ အမေရိကဟာ

ပြိုလဲကျနေခဲ့တယ်၊မမြင်ရတဲ့အိမ်တွေတစ်လုံးစီတစ်လုံးစီတစ်လုံးစီ—

ထိုင်ခုံတစ်လုံးမိမိအပြင်ဆွဲထုတ်ပြီးနေလုံးကိုထိုင်ကြည့်နေခဲ့တယ်။

ငွေကြေးအိမ်တော်ရာရဲ့ဒုက္ခကြီးမားရောက်ခဲ့ရတဲ့အုပ်ချုပ်မင်းမူမှု ဆဌမလမှာ

ငွေကြေးလမ်းပေါ်မှာငွေကြေးမြိုပြမှာငွေကြေးတိုင်းပြည်မှာ

မိမိတို့ရဲ့ငွေကြေးမဟာတိုင်းပြည်ကြီးမှာမိမိတို့(ခွင့်လွှတ်ပါ)

စစ်ကြီးဖြစ်နေတုန်းမှာပျော်ရွှင်စွာနေခဲ့ကြလေတယ်။ ။

(ရုရှ-အမေရိကန်ကဗျာဆရာ Ilya Kaminsky ရဲ့ ‘အကြားအာရုံချို့ယွင်းသူများရဲ့ သမ္မတနိုင်ငံတော်’ Deaf Republic(၂၀၁၉)မှ We Lived Happily During the War’ ကဗျာကိုပြန်ဆိုတာဖြစ်ပါတယ်။)

ဇယလ
ခေတ္တ ဘန်ကောက်
၁၀ အောက် ‘၁၉

တိတိကျကျ ဝါကျ ၅ကြောင်း

၁။
ကျီးဟာကျီးဖြစ်ပြီး ကျောက်ခဲဟာကျောက်ခဲဖြစ်ရင်
ဒီစာသား/အရေးအသားဟာဘာကြောင့်ကဗျာဖြစ်သလဲ။

၂။
ကဗျာဖြစ်ခြင်းမဖြစ်ခြင်းထဲဘယ်သူမဆို
လက်ဝင်လျှိုလို့ရပါတယ်။

၃။
ကိုက်ဖြတ်လိုက်မှာမဟုတ်သလို၊ရိုက်သတ်မှာလည်း
မဟုတ်ပါ၊စိုက်လိုက်မတ်တတ်လျှိုနေရင်တော့
လိုချင်မှုရဲ့ဂယက်ပေါ့။

၎။
အကောင်ကရှင်းပေမယ့်တောကနက်ပြန်တယ်။

၅။
တောကိုအနက်ပြန်တော့အကောင်ပြောင်းသွားတယ်။

ဇယလ
၎ အောက် ‘၁၉

ကဗျာအကြောင်း ပြောပါတယ် (၅၄)

‘လွှမ်းမိုးမှုခံရမှာ’ နဲ့ ‘ဖောက်ထွက်ရမှာ’ ဆိုလား။

ရှောင်ပါ၊မကြည့်ပါနဲ့။ ပယ်ပါ၊မဖတ်ပါနဲ့။ ဘယ်သူ့ကဗျာဖတ်မိရင်သူ့လွှမ်းမိုးမှုခံသွားရမယ်ဆိုလား။ သူ့ကဗျာကြိုက်မိရင်လိုက်တုရေးမိမယ်ဆိုလား။ မိမိရဲ့ကိုယ်ပိုင်အသံ ကိုယ်ပိုင်ဟန် ပျောက်သွားလိမ့်မယ်ဆိုလား။ သူဟိုလိုရေးရင်ကိုယ်ဒီလိုဖောက်ထွက်ရမယ်ဆိုလား။ သူနဲ့မတူ ကွဲပြားခြားနားနိုင်သလောက်ရေးရမယ်ဆိုလား။

ရှောင်ပါ၊ကျဉ်ပါ၊ပယ်ပါ၊ကင်းပါ၊ကိစ္စမရှိပါဘူး။ ကိုယ့်ကဗျာဟာကဗျာဟုတ်မဟုတ်၊ ကိုယ့်ကဗျာဟာကဗျာဖြစ်မဖြစ်၊ ကိုယ့်ကဗျာဟာကဗျာကောင်းမကောင်း၊ ဘာနဲ့ယှဉ်ကြည့်မလဲ၊ ဘာနဲ့တိုင်းတာမလဲ၊
ဘာနဲ့ဘယ်လိုသက်သေပြမလဲ။

ဘာကနေဘာကိုဘာဖြစ်လို့ဘယ်လို’ဖောက်ထွက်’မလဲ။

ဘယ်ကဗျာဆရာမှသူ့ချည့်သက်သက်မရပ်တည်ဘူး။ ပဝေသဏီကတည်းကကဗျာယဉ်ကျေးမှုကြီးတစ်ခုလုံးရှိ
ပြီးကိုယ့်ရဲ့ဆန်းအောင်ပြုခြင်းသစ်အောင်ပြုခြင်းကို
အဲဒီယဉ်ကျေးမှုအစဉ်အလာကြီးတစ်ခုလုံးနဲ့တိုင်းရတာလို့ တီအက်စ်အဲလိယစ်တ်ပြောခဲ့ဘူးတယ် Tradition and Individual Talent essay မှာ (၁၉၂၀လောက်က)။
Continue reading

ရေချိုးခန်းနဲ့ ‘ငါ’ပြုလုပ်ချက်

မျက်နှာသစ် လက်ဆေးဇလုံဟာ
American Standard
မိတ်အင်တရုပ် ၃ခုဝယ် ၁ခုလက်ဆောင်ရ (အ)နက်ပြာရောင်လေး
‘ဦးခေါင်းနဲ့ပခုံး’
ရှမ္ပူး
‘အမျိုးသားများဆံပင်အတွက်သီးသန့်’
တစ်ယောက်ရဲ့’ငါ’ရဲ့ကိုယ်သင်းနံ့
အခြားတစ်ယောက်ရဲ့’ငါ’ရဲ့ချွေးနံ့
‘ငါ’ချင်းထပ်ပြီးတဲ့အခါ ငါးကန်ထဲကပိုက်နဲ့ဖမ်းလိုက်တဲ့
နေရောင်ထဲတလက်လက် ငါးစိမ်းနံ့
‘ဆွတ်ပျံ့ဘွယ်ထာဝရ’ ချစ်သူတို့အတွက်
အထူးအော်ဒီကလုံးဘော်ဒီရေမွှေး
အခုပင်တူနှစ်ကိုယ်ရနံ့တူစိုပြေသွားစေရေး
ဟော်တယ်မှန်ထဲ
လူမှု-စီးပွား-ဘာသာစကားတည်ဆောက်ချက်
သူ့မျက်နှာထဲဝါကျအထားအသိုများ
မမြင်စွာ သူ ဝင်ငေး
အရေပြားထဲနက်နက်နည်းနည်း
ယုံကြည်စွာ သူမ လိမ်းကျံ
ကိုးရီးယားပြန်မိတ်ဆွေပေးတဲ့
ဂျင်ဆင်းအမြစ်ကြိတ် အသားဖြူဆေး

ဇယလ
၂၇ စက် ‘၁၉