ရှေ့မှောက်ရောက်ရှိလာခြင်း ၊ သူရဲကောင်းဆန်ဆန် (ပါဗဲလ် ဘရစ်ခ်ျ )

လမ်း ၂လမ်းဆုံတဲ့ နေရာမှာ သင်ရပ်လိုက်ရင် –– Na Spackarne လို့ သင်သိကောင်း သိမယ့် ရပ်ကွက်ရဲ့ အိမ်ကလေးတွေကြားမှာ ၊ `စတာလင်ဂရဒ်စကား´လို့ နာမည်ပြောင်းလို့မရနိုင်တော့တဲ့ မြို့ရဲ့ ရပ်ကွက်မှာ (အဲဒီအမည်ပဲ လူတွေဆက်ခေါ်နေကြသေးတာဟာ သမိုင်းရဲ့ ရှေ့နောက်မညီမှုပဲ ၊ ပါမွှားတွေကို ဧရာမနာမည်ကြီးတွေပေးလို့) – အထိမ်းအမှတ်ကျောက်တိုင် ၂ ခုသင်တွေ့လိမ့်မယ် ၊ မို့စ်တ် မြို့ရဲ့မြေအောက်တွင်းလုပ်သားတွေရဲ့ ဆန္ဒပြပွဲမှာ သေဆုံးသွားခဲ့ကြသူတွေကို သတိရဖို့။ ဆန္ဒပြတာ ၂ ခါတိတိ ၊ လူရှစ်ယောက်ပစ် သတ်ခံခဲ့ရတယ်။ ပထမဆန္ဒပြပွဲက ၁၉၂၀ မှာ ၊ပိုနာမည်ကြီးတဲ့ ဒုတိယပွဲက ၁၉၃၂ မှာ။ ငါဟာကဗျာဆရာမဟုတ်ဘူး ၊ ငါဟာမြို့တစ်မြို့ ဖြစ်တယ် ၊ လူတွေရဲ့ အရေးကိစ္စတွေအကြောင်းငါဘာရေးတတ်မှာလဲလေ။ ငါဟာမြို့တစ်မြို့ ၊ မြို့သစ်တစ်မြို့။ အတိတ်ဖြစ်ရပ်တွေ အတွက် ငါသက်သေမတည်နိုင်ဘူး ၊ ငါမြင်တာပဲ ငါဖေါ်ပြနိုင်တယ်။ ဟောဒီမှာ ၊ အပ်တွေလိုချွန်ထက်တဲ့ အရွက်တွေအပြိုင်းအရိုင်းရှိနေ ကြတဲ့ချုံတွေကြားမှာ
ငါကျောက်တုံးတစ်တုံးကိုမြင်တယ်။
ကျောက်တုံးပေါ်မှာ ထွင်းထားတာက
ဒါတွေနဲ့ အဲဒါတွေ ၊ ဟောဒီကနဲ့ ဟောဟိုက ၊ အသက် ၊ မြေအောက်
တွင်းလုပ်သား ဒါတွေနဲ့ အဲဒါတွေ ၊ ဟောဒီကနဲ့ ဟောဟိုက ၊
အသက် ၊ ဖိနပ်ချုပ်ဆရာ

ဇွန်လရဲ့ နေသာတဲ့တစ်နေ့မှာပေါ့ ၊ မို့စ်တ်ရဲ့ ရှေးဟောင်းမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ၂၆ နှစ်အရွယ်ကဗျာဆရာတစ်ယောက်ဟာ လစ္စဘွန်းမြို့ကသူ့ သူငယ်ချင်းပက်ဒရိုကို ဟောဒီအထိမ်းအမှတ်ကျောက်တိုင်ဆီခေါ်လာခဲ့တယ်။ Continue reading