ကဗျာအကြောင်း ပြောပါတယ် (၂၂)

ကဗျာရေးခြင်းအမှုကို အလေးအနက်ပြုသူမှာ ဖြတ်သန်းမှုအဆင့် ၃ဆင့်ရှိမယ်လို့ ထင်ပါတယ်။

အကြောင်းတစ်ခုခုကြောင့် သော်လည်းကောင်း၊ လိုရာအကျိုးတစ်ခုခုကြောင့် သော်လည်းကောင်း၊ မိမိကြိုက်နှစ်သက်ရာ၊ မိမိစွဲလန်းရာ ကဗျာပုဒ်တွေကိုကြည့်ပြီး လိုက်တုပရေးတဲ့အဆင့်။ကဗျာရေးဖို့ပဲသိပြီး ကဗျာဆိုတာကို ရိပ်ဖမ်းသံဖမ်းရဲ့အရိပ်လောက်ပဲ သိတဲ့အဆင့်။

ဒုတိယအဆင့်က ကဗျာကို နဂိုထက် ပိုပိုသာသာလေး အာသာငမ်းငမ်း ရှိလာပြီ။ ဒီအတိုင်း ကြည့်နေရတာ လှတာလောက်နဲ့ မပြေတော့ပဲ ချွတ်ကြည့်ချင်လာပြီ။ သဒ္ဒလင်္ကာရ၊ အတ္ထလင်္ကာရတွေ၊ ကာရန်၊ အလင်္ကာ၊ နိမိတ်ပုံ၊ သင်္ကေတတွေ၊ ကဗျာဆိုင်ရာဆောင်းပါးတွေ ဖတ်တတ်မှတ်တတ်လာပြီး ဘာသာစကား ဆိုတာနဲ့ တိုးတော့တာပဲ။ ဘာသာစကားနဲ့ လုပ်ထားတဲ့ပစ္စည်းပါလားလို့ တွေ့မြင်ရတော့တယ်။ ဒါပေမယ့်၊ အရေးကြီးတာ မကြီးတာကို ခွဲမြင်တတ်လာရတယ်။ Continue reading

ကဗျာအကြောင်း ပြောပါတယ် (၄၄)

ရုပ်သက်ကို နာမ်ဓာတ်ကပ်မှ
အသက်ဆိုတာ ဖြစ်ရတယ်။

ကဗျာမှာလည်း အဲသလိုပဲ။

“ရုပ်” ၊ “သက်”၊ “နာမ်” ၊ “ဓာတ်”၊ “ကပ်”၊ “အသက်”…
စကားလုံးတွေပါ။ စကားလုံးမကတွေပါ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၉ ဖေ ‘၁၈

ကဗျာအကြောင်း ပြောပါတယ် (၄၃)

ဆရာဇော်ဂျီရဲ့ ဖန်ပြာခွက်နဲ့ေ ကျာက်စက်ရေဆိုတဲ့ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာကို တင်စားပြောတာဟာ ဒီနေ့မှာ မမှန်တော့ဘူးလို့ ထင်ပါတယ်။
ဖန်ပြာခွက်ဆိုတဲ့ ခွက်ဥပမာဟာ ပုံသေဆန်ပါတယ်။
ခွက်ရှိနေရင် ဘာထည့်ထည့်ပေါ့။

လေးလုံးစပ်လို ပုံသေပုံစံဆိုရင်တော့ ဒီဥပမာနဲ့ ကိုက်ကောင်းကိုက်ပါလိမ့်မယ်။ လေးလုံးစပ်ဆိုတဲ့ ပုံသေထဲ အကြောင်းအရာ လိုက်ရေးရုံပဲ။ လေးလုံးစပ်ပုံစံထဲဝင်အောင် အကြောင်းအရာကို
ကာရန်နဲ့ ညှိယူရုံပဲ။

ရေတံခွန်အောက်မှာ ဖန်ပြာခွက်လေး ကွဲခဲ့လေရော့သလား။

မော်ဒန်/ခေတ်ပေါ်ရဲ့ အရှိန်/အဟုန်လိုင်းတွေကို လေးလုံးတစ်ကြောင်းနဲ့ မချုပ်နိုင်တော့ဘူး။ တဟုန်ထိုးလာနေတာကို ၄-၃-၂ က မနိုင်တော့ဘူး။ အကြောင်းအရာ ချဲ့လိုက်ရင် ပုံသဏ္ဍာန်ဟာ ပြောင်းရတာပါပဲ။ ပြီး၊ ၄-၃-၂ နဲ့ စကားပြောရစ်သမ်။ ၄ ပြီး ၃ ပြီး ၂ မဟုတ်တော့ဘူး။
၎ မဟုတ်ပဲ ၇ လည်းဖြစ်နိုင်တယ် (ဝဏ္ဏ ၇ လုံး)။
ဒုတိယလိုင်းဟာ ၁၀ ဝဏ္ဏ ဖြစ်နိုင်တယ်၊ ကာရန်မချိတ်။
Continue reading

ကဗျာအကြောင်း ​ပြောပါတယ် (၄၂)

ကဗျာဟာ ​နေ့စဉ်ဘဝထဲကလည်း လာတယ်။
ကဗျာဟာ ​နေ့စဉ်ဘဝရဲ့ အခြားတစ်ခုကလည်း လာတယ်။
ကဗျာဟာ ဘာသာစကားပြုလုပ်မှုကလည်း လာတယ်။

အဲဒီ(၃)ခုစလုံးကဆို ပိုလာတယ်။

စဉ်းစားမိတာ ​ပြောပါတယ်။
ကဗျာအကြောင်း ​ပြောပါတယ်။

ဇယလ
(အပျော်တမ်းကဗျာဆရာ)
၈ ဖေ ‘၁၈

ကဗျာအကြောင်းပြောပါတယ် (၄၁)

ကဗျာအကြောင်းထက် ကိုယ့်အကြောင်းပဲ ပိုဖြစ်နေမယ်ထင်ပါတယ်။ အခြားမဟုတ်ပါဘူး။ကိုယ့်ကဗျာတွေကိုယ် ပြန်ဖတ်လိုက်တော့ အက်ဗ်စတရက်တ်ဘက် ပိုရောက်နေတယ်လို့ မြင်မိပါတယ်။နေ့စဉ်ပုဂ္ဂလိက အဖြစ်အပျက် တိုင်းရေးပြည်ရေး ကမ္ဘာရေး အဖြစ်အပျက်တွေရဲ့ ခလုတ်နှိပ်မှုကြောင့် ကဗျာစိတ်နိုးထရေးတာထက် စိတ်ကူးထည်တွေရဲ့ နှိုးဆွမှုကြောင့် လန်းရတာကို ပိုကြုံတွေ့ရပါတယ်။ပကတိအဖြစ်အပျက်တွေကိုတော့ ဘယ်လိုလွန်ဆန်နိုင်မလဲလေ။ဆိုလိုတာက အဲဒီပကတိအဖြစ်အပျက်တွေဟာ ကိုယ့်စိတ်ထဲမှာ ပကတိရုပ်ဖြစ်စဉ်တွေ ကွာကျပြီး နာမ်ဖြစ်စဉ်ဘက် ဦးတည်သွားတတ်တာကို သတိထားနေမိတာဖြစ်ပါတယ်။

အာရုံ(၅)ပါးထက် ဓမ္မာရုံဘက် ပိုညွတ်များနေလေသလား။ပကတိအရှိတရားရဲ့ ပကတိ ဘာသာစကားထက် အတွေးထည်ဘာသာစကားထဲ ပိုငြိစွန်းငြိတွယ်နေသလား။ ခရီးသွားရင် လေယာဉ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကနေ ဘေးဘီပတ်ဝန်းကျင် အလှသဘာဝ ဘာညာကို စိတ်မဝင်စားပဲ စာအုပ်တစ်အုပ်အုပ်ကိုပဲ စိတ်နဲ့ ရက်ရှယ်နေတတ် နေပျော်တာ။

အနိစ္စ ဒုက္ခ အနတ္တ တြိဂံထဲကနေ ကမ္ဘာကြီး ပြေးမလွတ်တာ။
Continue reading