
Tag: News

စင်္ကာပူ ကဗျာခရီးစဉ်
၂၀၁၃၊ ဩဂုတ် ၁၂ ကနေ ၁၄ ရက်အထိ စင်္ကာပူနိုင်ငံ ၊ စင်္ကာပူမြို့တော်မှာ မြန်မာကဗျာအကြောင်း ဟောပြောခွင့်နဲ့ ကဗျာ ရွတ်ဖတ်ခွင့်ရရှိခဲ့ပါတယ်။ စင်္ကာပူကဗျာဆရာ Alvin Pang အမှူးပြုပြီး ဖိတ်ကြားတဲ့အတွက်ဒီအခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။ ကိုမိုးဝေး လည်းဖိတ်ကြားခံရလို့ ဒီစင်္ကာပူပွဲမှာ နှစ်ယောက်အတူ ဆင်နွှဲခွင့်ရခဲ့ကြပါတယ်။ လေယာဉ်ခ ၊ နေစရိတ် ၊ စားစရိတ်အပြီးငြိမ်းအပြင် ဥာဏ်ပူဇော်ခ အနည်းငယ်ရရှိခဲ့ကြပါတယ်။ နေတာကတော့ 6 College Ave. East မှာရှိတဲ့ Yale – NUS အဆောက်အဦး က အခန်း ၂ ခန်းမှာဖြစ်ပါတယ်။

ဟောင်ကောင်နိုင်ငံတကာ ကဗျာညများပွဲတော် ၂၀၁၃
International Poetry Nights Hong Kong (IPNHK) ပွဲတော်ကျင်းပရေးဥက္ကဋ္ဌဖြစ်သူ ဟောင်ကောင်အခြေစိုက်တရုတ် ကဗျာဆရာ Bei Dao (ဘေဒါအော်ဝ်) (`ပေတောက်´) ရဲ့ ဖိတ်ကြားမှုနဲ့ ဒီပွဲတော်ကို နိုဝင်ဘာ ၂၀၊ ၂၀၁၃ ကနေ နိုဝင်ဘာ ၂၄၊ ၂၀၁၃ အထိတက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီဟောင်ကောင်နိုင်ငံတကာ ကဗျာညများပွဲတော်ကို ကျင်းပတာ ဒါနဲ့ဆို သုံးကြိမ်မြောက်ပဲရှိပါသေး တယ်။ ပထမဆုံးပွဲတော်ကို ၂၀၀၉ ၊ ဒုတိယပွဲတော်ကို ၂၀၁၁ နဲ့ အခု တတိယပွဲတော်ကို ၂၀၁၃ မှာ ကျင်းပတာဖြစ်ပါတယ်။ Continue reading
‘Bones Will Crow’ ကဗျာစာအုပ်မိတ်ဆက်ပွဲ
၂၀၁၂ ၊ ဩဂုတ်လ ၁၉ရက်နေ့ ၊ New Zero Art Space မှာ ညနေ ၄း၁၅ ကနေ ၆း၀၀ အထိ ‘Bones Will Crow: 15 Contemporary Burmese Poets’ မြန်မာ – အင်္ဂလိပ်ကဗျာစာအုပ်မိတ်ဆက်ပွဲလေးကျင်းပခဲ့ပါတယ်။ ကဗျာစာအုပ်ပါ ကဗျာဆရာ/ ဆရာမတွေနဲ့ နီးစပ်ရာသာ ဖိတ်လိုက်တဲ့အတွက် ပရိသတ် ၃၀ လောက်နဲ့ အကျဉ်းရုံးကျင်းပသွားခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။
Poetry Parnassus ပါနက်ဆပ်စ်ကဗျာပွဲတော် မှတ်တမ်း
ဗြိတိန်နိုင်ငံအခြေစိုက် Southbank Centre အနုပညာ ယဉ်ကျေးမှုဌာနရဲ့ ဖိတ်ကြားချက်နဲ့ Poetry Parnassus ပါနက်ဆပ်စ် နိုင်ငံတကာ ကဗျာပွဲတော်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အိုလံပစ်အားကစားပွဲနဲ့ အပြိုင်ပြုလုပ်တဲ့ နိုင်ငံတကာ ကဗျာပွဲတော် ဖြစ်ပါတယ်။ အိုလံပစ်အားကစားပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ တိုင်းပြည်အသီးသီးက ကဗျာဆရာတစ်ဦးစီကို ဖိတ်ကြား တာဖြစ်ပါတယ်။ လန်ဒန်မြို့ ၊ Southbank Centre မှာ ရှိတဲ့ Queen Elizabeth Hall အဆောက်အအုံမှာ Monday 25 June 12 ကနေ Sunday 1 July 12 အထိဆက်တိုက်ကျင်းပခဲ့ပါတယ်။ အဲဒါပြီးတော့ အခြားမြို့တွေမှာ ကျင်းပတဲ့ ကဗျာပွဲတော်တွေကို တက်ရောက်လာကြတဲ့ ကဗျာဆရာတွေထဲက ထပ်ရွေးချယ်ပြီးသွားရောက်ပါဝင်ဆင်နွှဲကြရပါတယ်။

ဒီပွဲတော်ရဲ့ ထူးခြားချက်(၂)ချက်ကတော့ ကမ္ဘာမှာ ပထမဆုံးအကြိမ် အိုလံပစ်အားကစားပွဲတော်နဲ့ နိုင်ငံတကာ ကဗျာပွဲတော် ပူးတွဲကျင်းပတာဖြစ်ခြင်းနဲ့ World Poetry Summit ဆိုတဲ့ ယူကေမှာ အကြီးမားဆုံး နိုင်ငံတကာပွဲတော် ကျင်းပခြင်းတို့ဖြစ်ပါတယ်။ ကဗျာရွတ်ပွဲအပြင် ကဗျာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲတွေလည်းကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲတော်ကြီးရဲ့ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတစ်ပုဒ်စီဖေါ်ပြပါရှိတဲ့ Poetry Parnassus Anthology (The World Record Anthology) (www.bloodaxebooks.com) ကဗျာပေါင်းချုပ်ကို ထုတ်ဝေဖြန့်ချိပါတယ်။ ကဗျာဆရာတစ်ယောက်စီဟာ တစ်အုပ်စီလက် ဆောင်ရရှိပြီး ကျန်တာကို စာအုပ်ဆိုင်တွေမှာ ရောင်းပါတယ်။ နောက်တစ်ခုက Rain of Poems ဆိုတဲ့ `ကဗျာမိုး´အတွက် ကဗျာဆရာ တစ်ယောက်စီရဲ့ ကဗျာတစ်ပုဒ်စီကို အလျား ၆” အနံ ၂” ရှိတဲ့ ကဒ်ပြားပေါ်ပုံနှိပ်ပြီး အဲဒီကဗျာကဒ်ပြားတွေကို ကောင်းကင်မှာ ၀ဲနေတဲ့ ရဟတ်ယာဉ်ကနေ အရေအတွက် ထောင်သောင်းနဲ့ချီကျဲချတာ ဖြစ်ပါတယ်။ သူတို့ရွေးချယ်တဲ့ ကျွန်တော့်ကဗျာကတော့ `ထင်ရှားသည့် အမှတ်အသား´(၂၀၀၆) ကဗျာစာအုပ်ထဲက `ဆလိုက်ရှိုး(Slide Show)´ ကဗျာရဲ့ အင်္ဂလိပ်ဘာသာပြန် ဖစ်ပါတယ်။ ဘာသာပန်သူတွေကတော့ ကိုကိုသက်နဲ့ James Byrne တို့ ဖစ်ပါတယ်။
Continue reading
Recent Comments