ပထမဆုံး ကွန်မြူနစ်တွေကို ဖမ်းဖို့ (မာတင် နီမိုလာ)

ပထမဆုံး ကွန်မြူနစ်တွေကို ဖမ်းဖို့
သူတို့ ရောက်လာကြတယ်
ကိုယ်ဘာမှ မဆန့်ကျင်ခဲ့ဘူး
ကိုယ်ဟာ ကွန်မြူနစ်မှ မဟုတ်တာ
ပြီး ဆိုရှယ်လစ်တွေကို ဖမ်းဖို့
သူတို့ ရောက်လာကြတယ်
ကိုယ်ဘာမှ မဆန့်ကျင်ခဲ့ဘူး
ကိုယ်ဟာ ဆိုရှယ်လစ်မှ မဟုတ်တာ
ပြီး အလုပ်သမားသမဂ္ဂဝင်တွေကို ဖမ်းဖို့
သူတို့ ရောက်လာကြတယ်
ကိုယ်ဘာမှ မဆန့်ကျင်ခဲ့ဘူး
ကိုယ်ဟာ အလုပ်သမားသမဂ္ဂဝင်မှ မဟုတ်တာ
ပြီး ကိုယ့်ကို ဖမ်းဖို့
သူတို့ ရောက်လာကြတယ်
ဆန့်ကျင်ဖို့ ဘယ်သူမှ မရှိကြတော့ပြီပဲ။

(Martin Niemoller ရဲ့ First they came for the communists)