ကေသီ ဒဲဂင်န်တက်ရှ်ကို ချစ်ရခြင်းများ

ဘုရားသခင်က သူမကို ဓာတ်ပုံအမြဲရိုက်တဲ့အတွက်
သူမကိုယ်သူမ အမြဲလှလှပပ နေနေရတာပါလို့ ပြောတဲ့
ကေသီ ဒဲဂင်န်တက်ရှ်ကို ကျွန်တော်ကြိုက်တယ်
သူမကို ပိုက်ဆံတွေပေးလို့ ဘုရားသခင်ကို ချစ်တဲ့
ကေသီ ဒဲဂင်န်တက်ရှ်ကို ကျွန်တော်လည်း ချစ်တယ်
တစ်ည သူမရဲ့ခြံနောက်ဖေးကနေသူမကို
ချောင်းကြည့်နေတဲ့ဘုရားသခင်ကိုမြင်လိုက်မိတဲ့
ကေသီ ဒဲဂင်န်တက်ရှ်ကိုကျွန်တော်ချစ်အားပိုတယ်
ပိုက်ဆံပြုလုပ်တတ်တဲ့၊ဥဥတတ်တဲ့၊မူးရင်ရန်ရှာတတ်တဲ့၊
အမြီးကအမွေးအမင်တွေလှုပ်ခါအောင်ကတတ်တဲ့
ဘုရားသခင်ကို ချစ်ရတဲ့ ကေသီ ဒဲဂင်တက်ရှ်ကို
ကျွန်တော်လည်းချစ်တာပေါ့
ဘုရားသခင်ကိုအရိုးသေးသေးလေးတွေချကျွေးတဲ့
ဘုရားသခင်ကိုသူမရဲ့လျှာပေးကိုက်တဲ့
ဘုရားသခင်ကိုသူမရဲ့ဖွေးအုဖွေးနုနေတဲ့
ခြေဖမိုး ဖဝါး ဖနောင့်နဲ့ ခြေချောင်းလေးတွေပါပေးစုပ်တဲ့ Continue reading

ဘုရားသခင်နဲ့ မိမိ ပိုနီးစပ်ချင်လို့ (ကေသီ ဒက်ဂင်းန်တက်ရှ်)

ဟောဒီကမ္ဘာကြီးမှာ သင်ဘာလုပ်နေတာလဲ။
ဘုရားသခင်က မိမိကို တစ်ချိန်လုံးဓာတ်ပုံရိုက်နေလို့
မိမိကိုယ်မိမိ လှတပတ နေနေရတယ်လေ။

မိမိဟာ ဘုရားသခင်ကို ကိုယ်တော့်ခန္ဓာပေးလိုက်တယ်။
လူတွေကို သေစေပြီး လူအသစ်တွေ လုပ်နေမယ့်အစား
အခုရှိနေတဲ့ လူတွေကိုပဲ ဆက်လက်ထားရှိလိုက်ပါလား။

ယေရှုဟာ မိမိတို့ အိမ်ကို သုညစက္ကန့်အတွင်း မ,နိုင်တယ်။
ယေရှုဟာ သူ့ညီအကိုတွေနဲ့ ဆူပါမာရီယိုကစားမယ်။

မိမိရဲ့ ဘုရားသခင်ဟာ မိမိကို ပိုက်ဆံပေးတယ်။ ဘုရား
သခင်ဟာ ချစ်ဖို့ကောင်းတယ်။ ဘုရားသခင်ကို မိမိ
ချစ်တယ်။ များသောအားဖြင့်တော့ ခရီးလွန်နေတတ်ပါတယ်၊
ကိစ္စမရှိပါဘူး။ ဘုရားသခင်ရဲ့ ချောကလက်ကို မိမိ
စားလိုက်တယ်။ အရမ်းကောင်းတာပဲ။ ဘုရားသခင်ဟာ
အတော်ဆုံး အကောင်းဆုံးပဲ။

နတ်ဘုရားတွေဟာ ငကြောင်တွေပဲ။
မနေ့ညကပဲ မိမိတို့ရဲ့နောက်ဖေးခြံမှာ
တစ်ပါးကို တွေ့လိုက်တယ်။
အမြီးကအမွေးအတောင်တွေကို ခါပြတယ်။
Continue reading