အိုး … ဟိုဇေး၊ အေး… လီဇားမား၊ လီမား (ပါရာဒိဆို)

နာရီပေါ်က ဖြစ်နိုင်ခြေအနှစ်သာရတို့ရဲ့
လက်ရွေးစင်ရင်သီးတွေ
နှင်းခဲအရည်ပျော်စိမ့်ဝင်မှုမှာ တောင့်တင်းကိုက်ခဲနေတဲ့
တော်လှန်ရေးကာလဦးစိတ်ရဲ့ လေသာဆောင်တစ်ခု
အဲဒီမှာ မင်းရင်ပလာကို လေထဲဖွင့်ချလို့
လေထဲကနေ မင်းရဲ့ရင်နံ့သင်းပျံ့တွေ ကိုယ့်ဆီပို့လွှတ်လို့
အလုပ်သမားတွေရဲ့ ချီတက်ဆန္ဒြပပွဲကြေးမုံပြင်ထဲ
ဒုံးကျည်တွေလို တောင်မတ်နေတဲ့ စစ်တန်ဆာတွေငေါငေါ
ကိုယ့်စကားသံကို ရန်သူအလာမှာ တိကနဲဖြတ်ပစ်
စကားမဲ့နိမိတ်ပုံတွေ သားကြောပြတ်မှာ အစိမ်းလိုက်
ကိုယ့်မှာ ဝိညာဉ်ကုန်ခမ်းနေပြီ ချစ်သောမာရီယာ
နာမ်နဲ့အလားဂျစ်ဖြစ်တဲ့ မာ့ခ်ဆစ္စနျူရိုးဆစ္စနာစစ္စပ်စ်
တော်လှန်ရေးကောင်စီ တစ်သံထွက်နှုတ်သီး
အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံတော်ဝင်္ကဘာထဲ
တက်ညီလက်ညီ လမ်းပျောက်ကြဖို့ အရိပ်မည်းကြီး
အိုး… ဟိုဇေး…၊ အေး… လီဇားမား၊ လီမား (ပါရာဒိဆို) Continue reading