လူဝံကို ကဗျာတွေရေးတတ်အောင် သင်ကြားခြင်း

သူတို့အခက်အခဲသိပ်မတွေ့ခဲ့ကြပါဘူး
လူဝံကိုကဗျာရေးဖို့သင်ပေးကြတာလေ

စစချင်း လူဝံကို ထိုင်ခုံပေါ်ထိုင်ချခိုင်းပြီး
ကြိုးတွေနဲ့တုပ်လိုက်ကြတယ်ပေါ့
ပြီး သူ့လက်မှာ ခဲတံကိုပါချည်နှောင်လိုက်ကြတယ်
(စာရွက်လွတ်ကိုတော့စောစီးကတည်းကသံနဲ့ရိုက်ပြီးသား)

အဲဒါပြီးနောက် ဒေါက်တာဘလူးစပါးယားက
သူ့နောက်ကနေသူ့ပခုံးပေါ်ကိုင်းပြီး
တီးတိုးပြောလိုက်တယ်
“မင်းထိုင်နေပုံကိုကဒေဝတစ်ပါးအတိုင်းပဲ
တစ်ခုခုရေးဖို့ မင်းကြိုးစားကြည့်လိုက်စမ်းပါကွာ”

James Tate ရဲ့
Teaching the Ape to Write Poems