၃။ ‘ကဗျာ’ ကိုဖွင့်ဆိုခြင်း
၃.၁။ ‘ကဗျာ’ ကိုဖွင့်ဆိုလို့မရ အယူအဆ
‘ကဗျာ’ Poetry ကိုဖွင့်ဆိုလို့မရဘူးလို့ယူဆတာကအစ အခိုင်အမာပြောဆိုတာတွေလည်းရှိပါတယ်။ဒီမှာရော နိုင်ငံခြားမှာရော ဖြစ်ပါတယ်။ဒီလိုပြောကြတာကိုလေ့လာရင် အချက် ၄ ချက်တွေ့ရပါတယ်။
၁။ ကဗျာဟာအစဉ်ပြောင်းလဲနေတဲ့အတွက်အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုခုနဲ့ချုပ်ထားလို့မရခြင်း
၂။ ကဗျာဟာ ရေးသူမှာဖြစ်ဖြစ်၊ဖတ်သူမှာဖြစ်ဖြစ်၊ စိတ်ထဲဖြစ်ပေါ်တဲ့အာရုံတွေနဲ့ဆိုင်တဲ့အတွက် စိတ်ဖြစ်စဉ်ကိုကျိုးကြောင်းဆင်ခြင်ယုတ္တိနဲ့ရှင်းပြလို့မရခြင်း
၃။ ကဗျာဟာ စိတ်ရဲ့အနက်ရှိုင်းဆုံးကလာပြီး ခက်ခဲနက်နဲလျှို့ဝှက်တဲ့အသိကလာခြင်း၊metaphysical ရုပ်လောက(ဝါ)လောကီလွန်ခြင်း၊mysticism ဂမ္ဘီရ၊ဂန္တာရီဆန်ခြင်း၊magicမှော်(အတတ်)ဖြစ်ခြင်း
၎။ ကိုယ်တိုင်ရေရေရာရာမသိလို့ မသိခြင်းကို ‘သိစရာမလို’ ‘သိရခက်’ စတဲ့အကြောင်းပြချက်တွေနဲ့ဖုံးကွယ်လိုက်ပြီး လျှို့ဝှက်မှုတစ်ခုလို လမ်းလွှဲလိုက်ခြင်း
ဒါကို တစ်ချက်စီရှင်းရရင်
၁။ အစဉ်ပြောင်းနေခြင်းမို့ဖွင့်ဆိုမရဘူး လို့ပြောရင် လောကမှာ၊လူမှာ အစဉ်ပြောင်းလဲခြင်းတွေဖြစ်ပေါ်နေပေသည့် အဆိုပါပြောင်းလဲနေကြတဲ့အရာတွေကိုဖွင့်ဆိုရှင်းပြပြောဆိုရေးသားနိုင်ပါတယ်။အစဉ်ပြောင်းလဲနေခြင်း၊ဘယ္တော့မှမမြဲခြင်းဖြစ်တဲ့ သင်္ခါရ ကိုပင်လျှင် ဖွင့်ဆိုရှင်းပြနိုင်ပါတယ်။
နောက်တစ်ချက်က ကဗျာမှာပြောင်းလျဲမဲပြောင်းလဲနေတာတွေထဲမှာ ကဗျာပေါ်ထားရှိတဲ့အမြင်တွေ၊အယူအဆတွေ၊သီအိုရီတွေနဲ့အတူပုံသဏ္ဍာန်ပြုလုပ်ဖွဲ့စည်းမှုတွေဟာရှေ့တန်းမှာရှိကြပါတယ်။အပြောင်းအလဲဟာကဗျာကိုယ်တိုင်ရဲ့အသက်သွေးကြောဖြစ်ပါတယ်။အဲဒါကြောင့် ကဗျာကိုဖွင့်ဆိုလို့မရဘူးလိုပြောလို့မရပါဘူး။ကဗျာကိုရှေးခေါမခေတ်ကတည်းက ပလေတိုနဲ့ အရစ္စတိုတလ်တို့ဖွင့်ဆိုပြောပြခဲ့တာတွေဟာသက်သေတွေပါ။အရှေ့တိုင်းမှာလည်းဂါထာဆိုင်ရာဝေဒတွေရှိပါတယ်။
Continue reading
Recent Comments