ကဗျာရဲ့ လူမှုဆောင်တာဟာ ဖွင့်ဟဖေါ်ပြဖို့မဟုတ်ပဲ ဖွင့်ဟဖေါ်ပြမှုပြုနိုင်ချေတွေကို စူးစမ်းရှာဖွေဖို့ဖြစ်တယ်။
ဘောင်တွေပဲပေါ့ မိမိတို့ ရောက်နေတာထဲပေါ့။
သိမှုစီးကြောင်းမဟုတ်ဘူး ၊ အာရုံခံစားမှုစီးကြောင်း။
ကောင်းတဲ့ကဗျာဆရာတွေဟာ နှိုင်းယှဉ်မှုတွေလုပ်ကြတယ် ၊ တကယ်တော်တဲ့ ကဗျာဆရာတွေဟာ နှိုင်းယှဉ်မှုတွေကြား နှိုင်းယှဉ်မှုတွေ ပြုလုပ်တယ်။
Continue reading
Tag: Charles Bernstein
9/11 ပြီး ချားလ်စ်ဘန်းစတီးန်ရဲ့ တုန့်ပြန်မှု
အောက်ပါစာသားဟာ 9/11 နျူးယောက်တိုက်ခိုက်မှုအပြီးနောက်တစ်နေ့မှာ ချားလ်စ်ဘန်းစတီးန် POETICS archives မှာ တင်လိုက်တဲ့ post ဖြစ်ပါတယ်။ ဘာသာပြန်ခြင်းကလွဲလို့ ကျွန်တော့်စာလုံး တစ်လုံးမှမပါပါ။ (ဇေယျာလင်း)
Date: Wed, 12 Sep 2001 23:02:03 – 0400
Reply – To: UB Poetics discussion group
<POETICS @ LISTSERV. ACSU. BUFFALO. EDU>
Sender: UB poetics discussion group
<POETICS @ LISTSERV. ACSU. BUFFALO. EDU>
Subject: ယနေ့ဟာ သင့်လက်ကျန်သက်တမ်းတစ်လျှောက်လုံးရဲ့ နောက်တစ်နေ့ပဲ
ရုတ်တရက်ပဲ ကျွန်တော်တို့တိုက်ခန်းထဲ ပလပ်စတစ်လောင်နေတဲ့ အနံ့ဆိုးကြီးလှိမ့်ဝင်လာတယ် ၊ ကျွန်တော်တို့ မျက်လုံးတွေစပ်လာ တယ်။ အဆောက်အဦထဲက တစ်ခုခုလောင်နေတာလား။ ဘေးအခန်းက လူကပြောတယ် ၊ အဲဒါမြို့လယ်က လာနေတဲ့အနံ့တဲ့။
*
မေ – မေ ဘာဆင်န်ဘရူဂါဖုံးဆက်တယ် ၊ သူမအဆင်ပြေပါတယ်တဲ့၊ တိုက်ခိုက်မှုဖြစ်ပွားရာရဲ့ နှစ်ဘလောက်အကွာမှာ ဆက်လက်ရှိနေ ပါတယ်တဲ့။ သူမကို ကျွန်တော်ပြောတယ် ၊ ဘာတွေဖြစ်နေတယ်လို့ ကျွန်တော်စိတ်ကူးကြည့်လို့ မရဘူး။ သူမကပြန်ပြောတယ်။ စိတ်ကူး ကြည့်ဖို့ လွယ်ပါတယ် ၊ ရုပ်ရှင်တွေထဲကလိုပေါ့ ၊ ဒါပေမယ့် တကယ်ခက်တာက ဘယ်လိုမှ နားမလည်နိုင်မှုပဲ။
Recent Comments