Kabyar Law Ka #1

ကိုချောရဲ့ ပုံးနေတဲ့မျက်မှန်

မနေချင်လည်းနေရ၊မပြန်ချင်လည်းပြန်ရဆိုတာ
မပျော်ချင်လည်းပျော်ရ၊ပျော်ချင်လည်းပျော်မရဆိုတာ
မိုးရွာအပြီးမျောရင်မျောပါသွား၊မဟုတ်ရင်
ဒဏ်တွေလိုစကားတွေလာပိကြတယ်ဆိုတာ
သည်းကြီးမည်းကြီးချိမ်းပြီးပတ်ကြားအက်တွေ
ခြောက်သယောင်းထဲကိုယ်ဟာ အခါလွန် သီးပွင့်ရမလို
ပေါက်မယ့်အညှောင့်ဟာကိုယ့်လက်ဖဝါးပေါ်
လည်ကလေးမလိမ်ရှာသွားခင်
ခွင့်လွှတ်ပါလို့မျက်ရည်စက်ကြီးဖြစ်သွားခဲ့ရှာတယ်
ရာဇဝင်မှာကမ္ဘာကျော်အကြားအမြင်ဆရာမ
ဖဲချပ်ကိုကြည့်ပြီးပြောတယ်၊ဒီမှာတွေ့လား
စုန်းတိုက်ခံထားရတဲ့တိုင်းပြည်
ယောက်ျားကောင်း၊မြင်းကောင်း၊စပါးကောင်း၊
ပညာရှင်ကောင်းမထွက်မယ့်အရပ်၊ တစ်ညနေသား
ကိုချောဟာ အင်းမ က ဗေဒင်ဆရာမဆီ
ဗေဒင်မေးဖို့ရောက်သွားတယ် ‘ယုံလို့တော့
မဟုတ်ပါဘူး ပညာသွားစမ်းတာ။ကိုယ်တောင်သူ့ကို
စိတ်အလွတ်ကြီးနဲ့ပြန်ဟောလိုက်ဦးမယ်’ အဲဒီည
ပြည်မြို့အဝင်စစ်ဌာနချုပ်ကိုဖြတ်သွားတော့
Continue reading