သာမိုင်းခမ်းက ဘာပြောမလဲ

ပိုက်ထဲရောက်နေတဲ့လက်တွေအများကြီးပဲ သူတို့ဟာအကာအကွယ်မပေးနိုင်ကြ
ပိုက်ထဲရာက်နေတဲ့လက်တွေဟာအများကြီးပဲ သူတို့ဟာသူတို့ကိုသူတို့မကာကွယ်နိုင်ကြ
ပိုက်ထဲရောက်နေတဲ့လက်တွေအများကြီးပဲ
ခုတ်ဖြတ်ပြီးပိုက်ထဲပစ်ထည့်ထားတဲ့လက်တွေကို
လက်ပိုက်ကြည့်နေသူတွေအများကြီးပဲ

ပိုက်ထဲကဘာတော့လ်တ်ဘရက်က်တွေ
ပိုက်အပြင်ကတယူသံအာဏာရဲ့ဆွာစတီကာတွေ

ဒီပိုက်ကိုဘယ်သူထွေးပွေ့ထားမလဲ
သွေးရဲသံရဲလက်တွေရဲ့နိုင်ငံတော်ရင်ခွင်ပိုက်
ဒီပိုက်ကိုဘယ်သူထမ်းပိုးထားမလဲ
ဦးနှောက်နဲ့ကိုယ်နဲ့အိုးစားခွဲထားတဲ့အ,ကာလရင်ပြင်ပိုက်
ဒီပိုက်ကိုဘယ်သူသယ်ဆောင်ယူသွားမလဲ
တိုင်းပြည်တစ်ခုလုံးကိုသွေးအလိမ်းလိမ်းခုတ်ပိုင်းထားတဲ့
လမိုင်းမိုက် ရိုင်းခိုက် သမိုင်းဆိုးရဲ့ပိုက်

ဒီပိုက်နဲ့ဘယ်သူဓားထိုးခံမလဲ
လူမိုက်မို့ဓားဆွဲရာလား
လူယဉ်ကျေးမို့ကျောခိုင်းရာလား

ပိုက်ထဲတဆတ်ဆတ်လှုပ်နေသေးတဲ့
ငြိမ်းချမ်းရေးတက်တူးနဲ့လက်မှာ
ခင်္ဗျားနာမည်ထိုးထားတာမဟုတ်ဘူးလား

မြန်မာနိုင်ငံပိုက်ကျော်ခြင်း
ဒါဟာမှန်းစရာမလိုတဲ့ လာစမ်းမုချရွှေတံဆိပ်ပဲ

မြန်မာ့ရိုးရာ
မြန်မာ့အစဉ်အလာ
မြန်မာမှုမြန်မာအထာ
ဘုရားဒကာနဲ့ရွာစားတို့လက်ဆွဲနှုတ်ဆက်
ကတုံးဆိုးနဲ့ဗုံးမျိုးတွေအသေဝဏာစ
သန့်စင်သာသနာရံဘာလာနံတွေ…
Continue reading

ပေးတဲ့ဆုနဲ့

‘ငြိမ်းချမ်းပါစေ’တဲ့
ပွက်ပွက်ဆူရေတစ်ခွက်မှာ
လျှာကျက်သွားစေသလိုမျိုးလား
မင့်ထံမှာမင်းထဲမှာငါအငွေ့ပျံချင်နေခဲ့တာ ဖြတ်သွားဖြတ်လာကံကြမ္မာရေ
လောကကမ်းပါးထိပ်မှာ (ပန်းဆိုးတန်းတံတားမှာ)
ပါဝါအပိတ်ခံထားရတဲ့နတ်တစ်ပါးအဖြစ်
ဟောဟိုမှာ
လှရည်တွေတစ်စက်စက်ယိုပြီးမီးမလာနွေလောင်မီးထဲ
မင်းလမ်းဖြတ်ကူးနေတာ
ဝမ်းနည်းမှုအမျိုးအစားတစ်ခုရဲ့စည်းချက်ပဲလားဟေ့
ငါ့ရင်ထဲဝင်ခုံနေတာကို
ကြောင်သေတစ်ကောင်နဲ့လှမ်းပစ်ပေါက်လိုက်တယ် ကြောင်ကအနက်လုံးလုံးဆိုတော့စုန်းကိစ္စလည်းပါမှာပေါ့
ငါမြင်တယ်
ပေါင်ပေါ်ကမွေးညင်းနုလေးတွေရဲ့ရှက်ပြုံး
ငါပွတ်သပ်တယ် နတ်ဖန်ဆင်းခြေဖဝါးတွေကနေပေါင်တံတွေထဲစီးနေတဲ့
နတ်ဒုံး
ငါမေးခွန်းထုတ်လိုက်တယ် ငါဟာအမဲလုံးမျှော် လေလွင့်ခွေးတစ်ကောင်ရဲ့
တတွန့်တွန့်မသေခင်ကြိုမြင်ဝိဥာဉ်လား
အေးပါကွာ
မင်းဟာတရားစခန်းအကြိမ်ကြိမ်ပြန်
ဓမ္မဈာန်အခါခါစီးနေချိန်မှာ
ငါဟာခါလီပြန်ရတဲ့ခန္ဒာယာဉ်မောင်းပေါ့
‘ငြိမ်းချမ်းမှာပါ’
မှန်ထဲပုံရိပ်ထင်နေတဲ့မင့်မျက်နှာကို
မှန်ပေါ်မှာငါရမ္မက်နဲ့လျက်တုန်းမို့
အီဂျစ်စုန်းခွေးအရဲ့သွားရည်တွေ
ငါ့တစ်ကိုယ်လုံးထဲကချွေးလိုထွက်လို့
(မင်းထက်တောင်ပူပြင်းသလားအောက်မေ့ရတဲ့
၂၀၁၉ နွေ ကိုပြန်ဆင်ခြင်ကြည့်တော့လည်း
ယင်းဟာ မင်းရဲ့ငါ့ကိုပစ်ပယ်ခြင်းမှာ
ရေခဲချောင်းလေးလျှက်လို့)
ငါဟာအမြဲအထီးကျန်သူပါကွာ Continue reading

ရောမန္တိက အချစ်အလွမ်းဖွဲ့

မင်းငါ့ကိုမချစ်တော့ဘူးဆိုလည်း
ချစ်ခဲ့ဘူးသလိုဆက်လိမ်နေလို့ရတာပဲ
တော်ရီးန် ၁၀၀၀မီလီဂရမ် ချိုလီးန် ၅၀မီလီဂရမ် အီနိုဆီတောလ် ၅၀မီလီဂရမ် နဲ့ လိုင်ဆီးန် ၅၀မီလီဂရမ် အချိုးအဆပါဝင်တဲ့
သင်္ဘောသီးစူစူစိမ်းစိမ်းလေးရေ
Green Papaya ကားထဲကကောင်မလေးဟာ
မင်းကိုမမီပါဘူးကွယ် Lolita ရဲ့အတတ်ပညာ
ငါဟာလည်း Gone with the Wind ထဲက
Clark Gable နှုတ်ခမ်းမွေးအလတ်စားလေးပေါ့ ငါ့သူငယ်ချင်းနှာဘူးဒစ်မင်းနဲ့ မင်းချစ်တင်းနှောခဲ့တာ စစ်တွင်းရွာလုံးကျွတ်ပြာကျတဲ့သတင်းအထိ
ငါသိသားပဲ
ပေါက်ပြဲသွားတဲ့အိုဇိုန်းလွှာထဲ လိင်ဆက်ဆံအပြီးသာယာကြည်နူးမှုနဲ့မင်းမှိန်းနေရင်း ဖက်တီးရဲ့ကြွက်မြီးမည်းကြီးကို
မင်းတစိမ့်စိမ့်စုပ်နေခဲ့တာ
အချစ်ဟာအဝေးကြီးပဲလို့မပြောလိုက်ပါနဲ့
အချစ်ဟာပြုံယမ်းဗီဇာ
ဩရှဝစ်ဇ်တ်ဆိုနာတာ
သားနိုစ်ရဲ့သိမ်းပိုက်လိုမှုမနက်ရမ္မက်စာ
စက်ဆီတွေပေနေတဲ့နှလုံးသားစစ်စစ်အော်ဂဲနစ်ပါ
ဘယ်တရားဓမ္မကမှအစွဲချွတ်လို့မရတော့ဘူး
ဩစတြေးလျကော့ကတူးအမောက်ဝါထာဝရလေးရေ
လှိုင်းပုတ်လို့လာတင်တဲ့ဗီးနပ်စ်ပင်လယ်ခရုထဲ
မင်းနဲ့ငါ ထာဝရဘုရားသခင်ဝှက်ထားတဲ့
အီဒင်ဥယျာဉ်သီးတွေပင်လုံးကျွတ်စားခဲ့ကြသေးတယ်
အခုတော့မင်းဟာ
ပယ်နဆောနစ်က်ဘက္ထရီသစ်နဲ့
နှိုးမရတဲ့ဘာသာစကားအသစ်နဲ့ပေါ့ Continue reading

မနက်ဖန် ချစ်ခင်လေးစားရတဲ့ ကိုအောင်ချိမ့် ရဲ့ မွေးနေ့ပါ …

မပြောကောင်းမဆိုကောင်းပေမယ့်
ပြောရဆိုရမှာပဲလေ…
“ဘဲငန်းပစ်ဖို့”အလာ
“ဆောင်း”ထဲမှာ
“မျက်လုံးလှလှတစ်စုံ”တွေ့ခဲ့ရတဲ့
“၃၅ကြိမ်မြောက်မှော်ဆရာ”ရဲ့”စပါယ်တွေ”ပါ…
အကယ်၍များ
“အမှန်တရားတစ်ခုတည်းကို
ဟောပြောဖို့ကိစ္စဟာ
နည်းနည်းစောပြီး
သိပ်နောက်ကျသွားပြီ”မဟုတ်ခဲ့ရင်…
အကယ်၍များ
“လူ့ဘဝဆိုတာ လှပတဲ့
ပြဇာတ်တစ်ပုဒ်” တကယ်ဖြစ်ခဲ့ရင်…
အကယ်၍များ
“ဗီရိုပေါ်မှာ ရောဂါတစ်ခုခုရနေတဲ့
နာရီဟာ
ကျွန်တော့်နာမည်” ကိုသိသွားရင်…
အကယ်၍များ
“လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။
ပိုကောင်းအောင်
အခြား ကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။”
မဟုတ်ခဲ့ရင်…
ဆိုပါစို့
“နယ်စပ်ပြည်သူတွေ”မို့
ဆိုပါစို့
“ငါသေခဲ့တာ
ငါတစ်ယောက်တည်းသေခဲ့တာ
မနည်းဘူးပဲ။”
ဆိုပါစို့.
“ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်”
ဆိုပါစို့.
“တရားတွေ့သယောင် တကယ်မတွေ့ သရွေ့
မျောက်ဘဝမှလုံးဝမရွေ့”…
“အနုပညာဟာ ဘဝ
ဘဝဟာ အနုပညာ
လိုတာကို
လိုသလို
ပရိသတ်က ဖြည့်သွားရုံသာ။
ပျော်ဖို့ မကောင်းဘူးလား။”

ကိုအောင်ချိမ့်ရေ…ဆိုပါစို့

အကယ်၍များ

ကိုအောင်ချိမ့် တိမ်းပါးသွားခဲ့ရင်

နေရာဝင်ယူစရာလူ
ဘယ်သူမှမရှိဘူးဆိုတာပါပဲလေ…
Continue reading

စကားပြေနဲ့ကဗျာ စည်းခြားတဲ့မျဉ်းအကြောင်း မင်းမေးလို့

တဖြည်းဖြည်းအေးခဲလာနေတဲ့မိုးဖွဲထဲ
စာကလေးတွေစားသောက်နေကြတယ်
အဲဒီမှာမင်းကြည့်နေရင်း
နှင်းခဲလေးတွေဖြစ်သွားတယ်
မမြင်ရတဲ့အပူချိန်ပြောင်းလဲနှုန်းကိုစီးလို့
ငွေရောင်တစောင်းကနေ
ကြုံရာကျပန်း၊ဖြူဖြူလေးတွေဖွေးဖွေးလာတာ
ဖြည်းဖြည်းချင်း။

မင်းတတ်အပ်မပြောနိုင်တဲ့အခိုက်
ရုတ်တရက်
ပြုတ်ကျကြရမယ့်အစား
စာကလေးတွေဟာရှင်းရှင်းပဲ
ထပျံသွားကြတယ်။

(ဟားဝဒ် နဲမရော့ဗ် (အမေရိကန်) Howard Nemerov ရဲ့ Because You Asked about the Line between Prose and Poetry)
(၁၉၇၇)

ဇယလ
၂၉ ဧပြီ ‘၁၉