
ဇယလ
Zeyar Lynn
March 24 “Silent Strike”
၂၄ မတ်၊ ဏာသိမ်း ‘၂၁
ဇယလ
Zeyar Lynn
March 24 “Silent Strike”
၂၄ မတ်၊ ဏာသိမ်း ‘၂၁
ဟင့်အင်း ။ ယေဘူယျ ငါ မဖြစ်နိုင်ဘူး ။ ငါ့ကိုအမည်ပေးကြပါ ။ လင်းလွန်းအားကြီးတဲ့ မျက်စိကျိန်းစပ်နဲ့ ပဲ ငါ့ကိုတီထွင်ပါ ။ တကယ့်လူဟာ ကမ္ဘာမှာနွမ်းနွမ်းနဲ့  ခြေတစ်ဘက်မသိမသာဝါဒတစ်ခုဆာဆာနဲ့  ပလက်ဖေါင်းမှာကျွံဝင်နေတဲ့မျက်နှာနဲ့  အနီးမမြင်အဝေးမှုန် ။ သူ့ ကို ငါတို့ မှတ်မိကောင်းမှတ်မိကြပါလိမ့်မယ် ။ သူ့ လည်ချောင်းထဲက သံချေးတိုက်ချွတ်သလိုစကားသံ ။ လက်ဆောင်တွေထဲတန်ဘိုးအနဲဆုံးမို့ ချန်ခဲ့တဲ့ တစ်ယောက် ။ အကြွင်းအကျန်လိုတစ်ယောက်ရဲ့ညို့ မှိုင်းကောင်းကင်ဦးထုပ်နဲ့  ။ ငါဟာ က မ္ဘာကြီးရဲ့ သက်သေ ။ စာရင်းသေထဲမှာ ငါ့အကြွေး ။ တရားမ၀င်တော့တဲ့လူရဲ့ တရားဝင်ကြွေးကျန်လိုတရားစခန်းမှာ လိမ့်ရရင်းညစ်ပေရတဲ့ အပ်ချည်လုံးဖြူ မဖြူတော့ရင်း ။ လိမ်ဖည်လိမ်ဖည် ။ သူ့ ကိုကျွန်တော်တို့ လေ့လာကြရတယ် ။ လမ်းတဲ့လား ၊ ဒီစမ်းသပ်ခန်းကြီးထဲမှာ ပြောလှည့်ပါ ငါစောင့်နေတဲ့ဘတ်စ်ကားနံပါတ်ဟာဘာတဲ့လဲ ။ ပယ်ဖျက်ထားတာတွေဟာ စကတည်းက ပါရှိပြီးသား ။ အဲသလိုနေရာတွေမှာ ငါ့ဦးမှင်တံမှာ လာငြိကြတာ ငါမသိတဲ့လေစိမ်းတွေ ။ ငါရှိလာပြီလား ။ ငါမရှိတော့ဘူးလား ။ ငါရှိသေးလား ။ ကြွေကျနေတဲ့အခွံကို သူတို့ ကိုင်ကြည့်ပြီးလွှင့်ပစ်လိုက်တာမိုးပေါ် တဖြေးဖြေးတက်သွားတယ် ။ သူတို့ လိုက်မယူကြဘူး ။ နေလုံးမျက်စိထဲဝင် မမြင်နိုင်တော့တဲ့အထိ ။ ကျွန်တော်တို့ မှတ်တမ်းတင်လိုက်ကြတယ် ။ ၀တ္တရားအရ ၊ ခိုင်းတဲ့အတိုင်း ။ ဘာလဲတော့မသိဘူး ။ တစ်ယောက်ဟာတစ်ယောက်ကြည့်ကြက်ဖို့ လည်းအချိန်မရှိကြဘူး ။ ဒူဝေေ၀လာရင်ဆွမ်းလောင်းလိုက်တယ် ။ ဒူဝေေ၀နဲ့ ပဲ လိုက်ပို့ လိုက်ကြတယ် ။ ငါ့ကိုဘယ်လိုတီထွင်လိုက်ကြသလဲ ။ ငါ့ကိုကြေးမုံတစ်ချပ်ပြလှည့်ပါ ။ ။
ဇေယျာလင်း
Recent Comments