မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂ (UMP) နဲ့ ကျွန်တော် (၁)

မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ (UMP) မှာ ကျွန်တော့်ကို အတွင်းရေးမှူးတစ်ဦးအနေနဲ့ ထည့်ထားတယ်လို့ သိရပါတယ်။ အစည်းအဝေး ၂ ကြိမ်ကျင်းပခဲ့ပေမယ့် ကျွန်တော်ဘယ်လိုမှ မအားလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။


UMP နဲ့ ပတ်သက်လို့ကျွန်တော့်အနေနဲ့ ဒီဝက်ဘ်ဆိုက်သ်ကနေပဲ တင်ပြစရာရှိတာတွေ တင်ပြသွားမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ ကွန်မန့်တွေ ပေးလို့လည်း ရပါတယ်။


၂၀၁၁ အကောင်းဆုံး (အကြိုက်ဆုံး) ကဗျာစာအုပ်ရွေးချယ်ရေး

၁၄ – ၂ – ၂၀၁၂ နေ့စွဲပါ (ဆရာ) မောင်စိမ်းနီရဲ့ စာထဲမှာ အောက်ပါအတိုင်းပါရှိပါတယ်။

“ကျွန်တော်တို့မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂအနေဖြင့် ၂၀၁၁ ခုနှစ်အတွင်းထုတ်ဝေခဲ့ကြသော ကဗျာစာအုပ်များ (တစ်ဦး ချင်း + စုပေါင်း) ထဲမှ အကောင်းဆုံး (အကြိုက်ဆုံး) ကဗျာစာအုပ်တစ်အုပ်ကို ရွေးချယ်ကာ ဆုပေးမှာဖြစ်ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့ တွင် ဆရာလဲပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ်တွင်း ထုတ်ဝေခဲ့သော ကဗျာစာအုပ်များထဲမှ ဆရာအကြိုက်ဆုံး ကဗျာစာအုပ် (၃) အုပ်ကို အရင်ရွေးထုတ်ကာ စာရင်းပေးဖို့ စေလိုပါတယ်။

(နောက်မှ – အဆင့်ဆင့်စိစစ်ရွေးချယ်ပြီး တစ်အုပ်တည်း ရွေးထုတ်မှာ ဖြစ်ပါတယ်)။´´


ကျွန်တော့်ရဲ့ ပြန်စာဟာ ဒီလိုဖြစ်ပါတယ်။
Continue reading