ကဗျာအကြောင်းပြောပါတယ် (၄၀)

ဖတ်စ၊ဖတ်စဉ်၊နဲ့ဖတ်ပြီးမှာ ကိုယ့်အာရုံခံစားမှုတွေ အိနြေ္ဒမရလောက်အောင် ရိုးတိုးရွတဖြစ်လာရင် အဲဒါကိုယ့်အတွက်ကဗျာကောင်းတစ်ပုဒ်ပဲလို့ ‘သိ’ရတယ်။

အကြိမ်ကြိမ်ဖတ်ပြီး၊ အကြိမ်ကြိမ်အရသာဖြိုးမောက်လျှံကျပြီ
အကြိမ်ကြိမ်သာယာပြီးမှ အဲဒီကဗျာပုဒ်ကို တုံးလုံးချွတ်ပြီး ပစ္စည်းတစ်ခုစီကို အနုစိပ်လေ့လာတော့တယ်။

အစိတ်အပိုင်းနဲ့ တစ်ခုလုံးကြား ဘယ်နေရာမှာ ကဗျာဓါတ်စီးသလဲလို့ ပြောလို့မရရပါဘူး။ ဒါပေမယ့်၊ အစိတ်အပိုင်းတွေကိုတစ်လုံးတစ်စည်းဖြစ်စေပြီး ကဗျာဖြစ်စေဖို့ကတော့ ဓာတ်ပြုမှုကနေ ဓာတ်စီးမှုဖြစ်ဖို့ လိုပါတယ်။
Continue reading

ကဗျာအကြောင်းပြောပါတယ် (၃၉)

Dominant ကြီးစိုးလွှမ်းမိုးသော၊ residual အနည်ကျလာသော၊အနည်ထိုင်လာသော၊ နဲ့ emergent ထွန်းသစ်ပေါ်ပေါက်လာသော ဆိုတဲ့သဘောဟာ အမြဲရှိနေတဲ့ အနုပညာဖြစ်စဉ်ထဲက ဖြစ်တည်မှုတွေဖြစ်တယ်။

ကဗျာမှာလည်းထိုနည်း၎င်း။

ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ တစ်ဦးစီရဲ့ Poetry Politics ကဗျာဆိုင်ရာ အင်အားထူထောင်မှု၊ အင်အားသုံးစွဲမှု၊ အင်အားဖြန့်ကျက်မှုနဲ့ ဆိုင်ပါတယ်။
Continue reading

ကဗျာအကြောင်းပြောပါတယ် (၃၈)

ဆရာဇဇအရဲ့ ‘ဘာသာစကားမပါတဲ့ကဗျာ’ ဟာ တကယ်တော့ ဘာသာပြန်ကိစ္စရဲ့ အလွဲတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ အင်္ဂလိပ်မှာ Poetry ဆိုတာဘာသာစကားအနုပညာရပ်တစ်ခုဖြစ်သလို ‘အနုပညာဓာတ်’၊’အနုပညာအရည်အသွေး/ အသွေးအသား’လည်းဖြစ်ပါတယ်။ Poetic ဆိုတာလည်း’အနုပညာမြောက်သော’၊ ‘အလှတရား/ ရသခံစားမှုပေးသော’လို့ သဘောရှိပါတယ်။

အဲဒါကြောင့် ဓာတ်ပုံ၊ ပန်းချီ၊ ဂီတ စသည်ဖြင့်ဟာ Poetic ဖြစ်လို့ရပြီး ဖြစ်လည်းဖြစ်ရင် ယင်းတို့ကို အမျိုးအစား ကွဲပြားကြသော်ငြား အနုပညာဓာတ်ပါဝင်ခြင်းတို့ တူကြတဲ့အတွက် ယင်းတို့ကို Poetry လို့ပြောလို့ရပါတယ်။ ပြောလို့ရတာကလည်း အက်စ်သက်တစ်က်ရှူထောင့်က ဖြစ်ပါတယ်။ အလှတရား/ရသရှုထောင့်။
Continue reading

ကဗျာအကြောင်းပြောပါတယ် (၃၆)

စကားလုံးအစုအဝေးတစ်ခုဟာ ဘယ်အချိန်မှာ ကဗျာဖြစ်သွားသလဲ။ ကဗျာအဖြစ် ရည်ရွယ်ရေးသားတိုင်း ကဗျာမဖြစ်သွားတာ ဘာကြောင့်လဲ။ကဗျာဖြစ်သွားတဲ့အခါကော ဘာကြောင့် ကဗျာဖြစ်သွားသလဲ။ ခေတ်နဲ့လည်းဆိုင်မယ်။ ခေတ်က’ကဗျာ’လို့ သတ်မှတ်ထားပြီး သတ်မှတ်ချက်နဲ့ ညီညွတ်ရင်။ ဒါပေမယ့် ဒါဟာလည်းပုံသေနည်း ဆန်ပါတယ်။ ကဗျာရေးသူက ‘ငါဟာ ကဗျာဆရာမို့လို့ ငါရေးတာ ကဗျာပဲ’ ဆိုတာဟာလည်း ငါတကောကော ဆန်ပါတယ်။ အထူးသဖြင့် ဆယ်လီတွေ။ ဖတ်သူက သူကြိုက်ရင်ကဗျာပဲဆိုတာဟာလည်း သုံးစားလို့မရပါဘူး။ ဒါပေမယ့် ယတိပြတ်ပယ်လို့ မရတာတွေလည်း ရှိနေပြန်ရော။

‘ကဗျာဓါတ်ရှိမှကဗျာဖြစ်တယ်’ ဆိုတာကိုတော့ ကျွန်တော်ယုံကြည်ပါတယ်။ဒါပေမယ့်’ကဗျာဓါတ်’ဆိုတာ ဘာကိုဆိုလိုတာလဲ။’မသိကိန်း’ ‘X-factor’လို့ ဆိုရမလားပါပဲ။ အကြောင်းပေါင်းစုံ တိုက်ဆိုင်မှုလား။ အကြောင်းအရာနဲ့ ပုံသဏ္ဍာန်တို့ရဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုတို့ရဲ့ gestalt effect လား။ ဘာကဗျာဓါတ်မှမပါပဲ ‘ကဗျာ’လို့ သတ်မှတ်နေကြတာကိုကော ဘယ်လိုပြောရမလဲ။ ‘မသိစိတ်’တို့၊ ‘မှော်’ (magic/alchemy)တို့ ဆိုတာတွေလည်း ကဗျာဗေဒ၊ကဗျာဒဿနတွေမှာ ရှိနေတော့။
Continue reading

ကဗျာအကြောင်းပြောပါတယ် (၃၅)

Poeisis ဟာ ဂရိစကားက ဆင်းသက်တယ်။ မူရင်းအဓိပ္ပါယ်က to make ‘ပြုလုပ်’။ ဒီနေ့ သုံးနေတဲ့ ‘poetry’ ဆိုတဲ့ မူရင်းအဓိပ္ပါယ်။ မူရင်းက ကြိယာဖြစ်တယ်။ ‘လောကကြီးကို အသွင်သဏ္ဍာန်ပြောင်းပြီး ဆက်လက်တည်မြဲစေတဲ့’ ဆောင်ရွက်မှု။ ယင်းအမှုကို ပြုလုပ်သည်။ ရိုမဲန်တစ်က် ဖန်တီးမှုသဘော၊ နည်းဗေဒသဘောတွေ မပါဝင်၊ မပါရှိ။ “စဉ်းစားတွေးခေါ်ခြင်း၊ ဥာဏ်အလုပ်လုပ်ခြင်းအားဖြင့် စိတ်၊ ရုပ်နဲ့ ကာလတရားတို့ကို ပြန်လည်ပေါင်းစည်းဖို့”နဲ့ လူသားဖြစ်မှု (လူသားဆန်မှု) ကို ကမ္ဘာလောကကြီးရဲ့ သဘာဝ (ခေးအော့စ်) ဖြစ်စဉ်ထဲ ပြန်ပေါင်းစပ်ဖို့။

ဒါကို ဆလာဝါ ဈီဈက် Slavoj Zizek အမြင်မှာတော့ လူပုဂ္ဂိုလ်ဟာ သူ့ “မိမိပုဂ္ဂလအတ္တ self” ပေါ်လာရေးကို မြှင်တင်ဖို့နဲ့ အနုပညာအားဖြင့် ထို “မိမိပုဂ္ဂလအတ္တ self” ကို ပကတိ အရှိတရား လောကကြီးရဲ့ ဖရိုဖရဲဖြစ်နေမှု chaos နဲ့ “တစ်သားတည်းပြန်ဖြစ်ဖို့”။
Continue reading