ခေတ်ပေ၊ ခေတ်ပိ၊ ကွန်တမ်ပိုရာရီ

ခေတ်ပေါ်ကဗျာနဲ့ မတူချင်လို့ ၊ ခေတ်ပေါ်ကဗျာနဲ့ ခြားနားချင်လို့ ၊ ခေတ်ပေါ်ကဗျာက မသုံးတဲ့နည်းတွေကို စမ်းသပ်သုံးစွဲလာခဲ့တာ အခုဆို ၁၀ နှစ်ပြည့်ခဲ့ပါပြီ ။

အဲသလို မတူအောင် ၊ ကွဲပြားခြားနားအောင် တမင်ပြု လုပ်ယူခဲ့ရတဲ့ နည်းတွေနဲ့ ရေးသားဖွဲ့ စည်းပြုလုပ်လာတဲ့ကဗျာတွေကို ခေတ်ပေါ်/ ခေတ်ပြိုင်ဆိုပြီး ‘ရော’ မချသင့်ပါဘူး ။

ခေတ်ပေါ်နဲ့ မတူအောင်တမင်ရေးသားပြုလုပ်ခဲ့တဲ့ကဗျာအရေးအသားတွေကို ကဗျာလို့ မခေါ်ချင်နေ ၊ ‘အရေးအသား’ လို့ ပဲခေါ်လည်းရတယ်လို့ ပြောခဲ့ပြီးပါပြီ ။ Continue reading

၂၀၁၄ ကမ္ဘာ့ကဗျာနေ.သို.

၂၀၁၄ ၊ ကမ္ဘာ့ကဗျာနေ့ သို့

မြန်မာကဗျာနဲ့ မြန်မာကဗျာလောကအတွက် မင်္ဂလာရှိတဲ့ ၂၀၁၄ ကမ္ဘာ့ကဗျာနေ့မှာ အခုလိုစကားနည်းနည်းပြောခွင့်ရတဲ့အ တွက် အများကြီးကျေးဇူးတင်ပါတယ်။ အရင်ဦးဆုံး ၊ မြန်မာကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ နှင့်တကွအခြား တာဝန်ရှိသူအားလုံး နဲ့အတူ ကဗျာညီအကိုတွေနဲ့ ဧည့်ပရိသတ်တို့ပါကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒီစာဟာ စာတမ်းမဟုတ်သလို လုပ်ငန်းလမ်းညွှန်လည်းမဟုတ်ပါဘူး။ ကျွန်တော့် ၂၀၁၂ – ၂၀၁၃ နိုင်ငံတကာ ကဗျာပွဲတော် တွေတက်ရောက်ခွင့်ရခဲ့တဲ့အတွေ့အကြုံတွေထဲက တွေးမိတွေးရာလေးကို ဖေါက်သည်ချတဲ့ သဘောလောက်ပဲဖြစ်ပါတယ်။ အံ့ဩစရာ တွေပါမှာမဟုတ်သလို ထိတ်လန့်တုန်လှုပ်စရာတွေလည်းပါမှာမဟုတ်ပါဘူး။

ကဗျာဟာ ကမ္ဘာကြီးကို တိုက်ရိုက်မပြောင်းလဲနိုင်ပေမယ့် ကမ္ဘာကြီးရဲ့အလှည့်အပြောင်းတွေဟာ သိမှုအလှည့်အပြောင်းတွေနဲ့ အတူကဗျာမှာလည်း အလှည့်အပြောင်းတွေဖြစ်လာတယ်ဆိုတာ ကဗျာဆရာတွေသိပြီးသားဖြစ်ပါတယ်။ ဘာတွေဘယ်လိုပဲလှည့်ပြောင်း စေဦးတော့ ကဗျာဆရာအတွက် မပြောင်းလဲတဲ့ မေးခွန်းတွေကတော့ရှိစမြဲပါပဲ။ အဲဒီမေးခွန်းတွေထဲမှာ ပါဝင်တာအချို့ထုတ်ပြရရင်(တစ်) ဘာလို့ကဗျာရေးတာလဲ ၊(နှစ်) ကဗျာကိုဘယ်လိုရေးသလဲ ၊ (သုံး) ကဗျာဆရာ- ကဗျာ- ကဗျာဖတ်ပရိသတ်ဆိုတဲ့ဆက်သွယ်မှုကွန်ယက် ကို ဘယ်လိုချဲ့ထွင်မလဲ။ ဒီမေးခွန်းတွေကို ကာယကံရှင်ကိုယ်တိုင်ကပဲချဉ်းကပ်ဖြေရှင်းရမှာလည်းဖြစ်ပါတယ်။ ဘယ်ဒေသန္တရဂိုဏ်းဂဏ ပဲဖြစ်စေ ၊ အယူဝါဒဂိုဏ်းဂဏပဲဖြစ်စေ ၊ ကဗျာဗေဒဂိုဏ်းဂဏပဲဖြစ်စေ ၊ နောက်ဆုံးသူများတွေနဲ့မတူချင်လွန်းတဲ့ ဂိုဏ်းဂဏစွဲ ဂိုဏ်းဂဏ ပဲဖြစ်စေ ၊ ဘယ်ဂိုဏ်းဂဏကမှ ကာယကံရှင်ကဗျာဆရာကိုလွှမ်မိုးချုပ်ကိုင်ပြီး သူ့ကလောင်လက်ကို မောင်းနှင်လို့မရပါဘူး။

Continue reading

Alvin

ရိုးရိုးလေးနဲ့ ဆန်းတဲ့ ကဗျာတစ်ပုဒ်

၃၊ စက်တင်ဘာ၊ ‘၁၃ အင်္ဂါနေ့။ အိုင်အိုးဝါးမှာ ရှိစဉ်က mail ထဲ ကဗျာတစ်ပုဒ်ဝင်လာတယ် ၊ စင်္ကာပူကဗျာဆရာ Alvin Pang ဆီက ၊ ခေါင်းစဉ်မပါ။ အဲဒီတုန်းက ဗြိတိသျှကဗျာဆရာကြီး George Szirtes နဲ့အတူ Alvin ဟာ မလေးရှားအလည်အပတ်ခရီး သွားနေကြတယ်။ သူတို့တွေ့ကြုံခံစားရတာတွေကို ကဗျာလေးတွေရေးပြီး တင်ကြတယ်။ Alvin တင်လိုက်တဲ့ ကဗျာလေးကို ကြိုက်လို့ ခုလိုဘာသာပြန်လိုက်ပါတယ်။ Continue reading

လောကအမြင်နဲ့ ကမ္ဘာ

( ဒီဇင်ဘာကဗျာပွဲ အတွက် ဆရာဇေယျာလင်းမှ ချီးမြှင့်ပေးပို့သော စာတမ်း)
22 December 2013 at 19:36

`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။

Continue reading

လောကအမြင်နဲ့ကဗျာ

`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေ ထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်း ခေါ်လို့ရမယ် ထင်ပါတယ်။ ဒီပုဂ္ဂလ/ အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။

Continue reading