ကဗျာအကြောင်း ပြောပါတယ် (၄၇)

ဘယ်ကဗျာပုဒ်မဆို (ပြည်တွင်း၊ ပြည်ပ၊ဝါဒ၊ ကျောင်းတော်၊ ဂိုဏ်း၊ အုပ်စု၊ အမျိုးအစား၊ တစ်ကိုယ်တော်) ဟာ ကိန်းသေနဲ့ ကိန်းရှင်တို့ရဲ့ ကကွက်/ နပမ်းကွက်တွေ ဖြစ်တယ်။ 

ကိန်းသေထဲမှာ မိမိသိမ်းဆည်းတည်ဆောက်ထားတဲ့ သညာသယံဇာတတွေ၊ သိမှုအစုအဝေးတွေ၊ တွေ့ကြုံခံစားမှုပေါ် ခံယူတုန့်ပြန်မှု အကျင့်စရိုက်တွေ ပါဝင်ဖွဲ့စည်းထားကြတဲ့  ယဉ်ကျေးမှု တည်ဆောက်ချက်နဲ့ တသီးပုဂ္ဂလ စစ်ထုတ်ယူမှုတို့ ပါရှိကြပါတယ်။ ဥပမာ၊’ကဗျာဆိုတာဘာ…’၊’အမျိုးသားရေး’၊’သပ္ပုရိသသူတော်စင်’၊’ဘာသာစကား’ ၊စသည်၊ စသည်တို့။ 

ကိန်းရှင်ကတော့ တီထွင်ဖန်တီးနိုင်စွမ်းရဲ့မူလဘူတဖြစ်တဲ့ စိတ်ကူးကွန့်မြူးဖြန့်ကျက်မှု အပါအဝင် စိတ်/နာမ်ရဲ့ (အစိုးမရတဲ့) လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒီကိန်းရှင်ဟာ လူတွေမှာ စိတ်ရှိသမျှ ကိန်းသေထဲက အစိတ်အပိုင်းတွေကို ရှိရင်းစွဲအတိုင်း လက်ခံကျင့်သုံး(အတည်ယူ)သလို ပြုပြင်ပြောင်းလဲ ဆန့်ထုတ်ချဲ့ထွင် သုံးစွဲတာလည်း ရှိပါတယ်။ 
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၄၆)

ယဉ်ကျေးမှုကူးလူးဆက်ဆံမှုဟာပုဂံခေတ်ကတည်းကနေဒီနေ့အထိရှိပါတယ်။ယုံကြည်မှုဗေဒကအစ၊နံရံပန်းချီ၊ရုပ်ထုတွေ၊’ယိုးဒယား’အပါအဝင်အလယ်၊ဝတ်/စားဆင်ယင်မှုနဲ့ ဘာသာစကားအဆုံး။

မနုဿဗေဒကိုမသိချင်ယောင်ဆောင်ပြီးသမိုင်းကိုကိုယ့်ကိုကိုယ်ရွှေရောင်သုတ်ရွှေမှုန်ကြဲတာကတော့အကျိုးအမြတ်ကိစ္စပေါ့။အောင်နိုင်သူများဓားမိုးရေးတဲ့ဇာတ်လမ်း(တွေ)ပေါ့။အာဏာသုံးတည်ဆောက်ချက်တွေပေါ့။

“မြန်မာ့ယဉ်ကျေးမှု” မှာ တိုင်းရင်းသားယဉ်ကျေးမှု ဘယ်လောက် ဘယ်လို ပါသလဲ။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၂၂)

ကဗျာရေးခြင်းအမှုကို အလေးအနက်ပြုသူမှာ ဖြတ်သန်းမှုအဆင့် ၃ဆင့်ရှိမယ်လို့ ထင်ပါတယ်။

အကြောင်းတစ်ခုခုကြောင့် သော်လည်းကောင်း၊ လိုရာအကျိုးတစ်ခုခုကြောင့် သော်လည်းကောင်း၊ မိမိကြိုက်နှစ်သက်ရာ၊ မိမိစွဲလန်းရာ ကဗျာပုဒ်တွေကိုကြည့်ပြီး လိုက်တုပရေးတဲ့အဆင့်။ကဗျာရေးဖို့ပဲသိပြီး ကဗျာဆိုတာကို ရိပ်ဖမ်းသံဖမ်းရဲ့အရိပ်လောက်ပဲ သိတဲ့အဆင့်။

ဒုတိယအဆင့်က ကဗျာကို နဂိုထက် ပိုပိုသာသာလေး အာသာငမ်းငမ်း ရှိလာပြီ။ ဒီအတိုင်း ကြည့်နေရတာ လှတာလောက်နဲ့ မပြေတော့ပဲ ချွတ်ကြည့်ချင်လာပြီ။ သဒ္ဒလင်္ကာရ၊ အတ္ထလင်္ကာရတွေ၊ ကာရန်၊ အလင်္ကာ၊ နိမိတ်ပုံ၊ သင်္ကေတတွေ၊ ကဗျာဆိုင်ရာဆောင်းပါးတွေ ဖတ်တတ်မှတ်တတ်လာပြီး ဘာသာစကား ဆိုတာနဲ့ တိုးတော့တာပဲ။ ဘာသာစကားနဲ့ လုပ်ထားတဲ့ပစ္စည်းပါလားလို့ တွေ့မြင်ရတော့တယ်။ ဒါပေမယ့်၊ အရေးကြီးတာ မကြီးတာကို ခွဲမြင်တတ်လာရတယ်။ Continue reading

‘ကဗျာဆရာရဲ့ အတတ်ပညာ’ စာတမ်း နောက်ဆက်တွဲ

‘ကဗျာ’ ဆိုတဲ့အခေါ်အဝေါ်ဟာ အတတ်ပညာပေါ်မှာ တည်မှီနေတာဖြစ်ပါတယ်။ ဘာအတတ်ပညာလဲဆိုတော့ အခြားမဟုတ်ပါဘူး။ ကဗျာပုဒ်ပြုလုပ်ဖန်တီးရေးသား
တတ်ခြင်းအတတ်ပညာဖြစ်ပါတယ်။ကဗျာရေးဖွဲ့ မှုအတတ်ပညာပေါ့။ ဒီအတတ်ပညာဟာလူသားတွေတတ်မြောက်ထားကြတဲ့အတတ်ပညာအသီးသီးလိုပါပဲ သင်ယူလေ့ကျင့်ရတာပါ။ မွေးရာပါမဟုတ်ပါဘူး။ကဗျာဆရာဆိုတာကဗျာရေးဖွဲ့ တတ်သူကိုခေါ်ဝေါ်တာဖြစ်ြပီး ကဗျာရေးဖွဲ့ ဖန်တီး
တတ်ခြင်းဟာ ကဗျာဆရာရဲ့ဂုဏ်သတ်မှတ်ချက်ဖြစ်ပါ
တယ်။

၁၉၆၁မှာ ဆရာဇော်ဂျီက ‘ကဗျာ့ပရိယာယ်’ ဆိုတဲ့ အသုံးအနှုံးကို သုံးခဲ့ပါတယ်။ ကဗျာ့ပရိယာယ်ကို ကဗျာ
ရေးခြင်းအတတ်ပညာလို့ ဖွင့်ပြီး ကဗျာဆရာဆိုသူဟာ
သူ့ ရဲ့ကဗျာကဗျာပရိယာယ်ကိုဖွံ့ ဖြိုးတိုးတက်အောင်
ချဲ့ထွင်သင်ယူနေရမှာဖြစ်တယ်ဆိုတဲ့သဘောလည်းတွေ့ ရှိရပါတယ်။

အတတ်ပညာနဲ့ ယှဉ်တွဲလာတာကတော့အသိပညာ
ဖြစ်ပါတယ်။အသိပညာမရှိပဲအတတ်ပညာမရှိပါဘူး။
ကဗျာဆိုတာဘာလဲလို့ ရိုးတိုးရိတ်တိတ်တောင်မသိပဲ ဘာကဗျာမှမဖတ်ဘူးပဲ ကဗျာဆိုတာဒါပါလားလို့ တောင်မသိဘူးပဲကဗျာရေးလို့ မရပါဘူး။ ကဗျာဆရာဟာကဗျာဆိုင်ရာသိမှုဗဟုသုတတွေ စဉ်းစားတွေးခေါ်မှုတွေ ဆင်ခြင်သုံးသပ်မှုတွေ
ကဗျာရဲ့ကြန်အင်လက္ခဏာတွေ အနှစ်သာရတွေ အစရှိတဲ့
သိမှုနယ်ပယ်အဝန်းအဝိုင်းထဲလှုပ်ရှားလည်ပတ်
်ကျင်လည်ရသူဖြစ်ပါတယ်။အဲဒီကျင်လည်လှုပ်ရှားရတဲ့ အဝန်းအဝိုင်းကျဉ်းရင်ကျဉ်းသလောက်ကျယ်ရင်
ကျယ်သလောက် သိမှု တတ်မှုအတိုင်းအဆပမာဏတွေ
ရှိပါတယ်။

ဘာမှမသိပဲရေးလိုက်တာတို့  ဘာမှမတတ်ပဲရေးလိုက်တာတို့ 
ဘာနဲ့ ဘယ်သူ့ လွှမ်းမိုးမှုမှမရှိပဲ စိတ်ထဲရှိတဲ့ အတိုင်း ဒီအတိုင်းကောက်ရေးချလိုက်တာ လို့ ပြောရင် အဲဒီစကားဟာတစုံတရာကို ဖုံးကွယ်ဖို့ သော်၎င်း မိမိကိုမိမိမွေးရာပါပါရမီရှင်ကြီးအဖြစ်မိမိကိုမိမိလှည့်စား
လည်ဆည်ဖို့ သော်၎င်းပဲဖြစ်ပါလိမ့်မယ်။
Continue reading

ခေတ်ပေ၊ ခေတ်ပိ၊ ကွန်တမ်ပိုရာရီ

ခေတ်ပေါ်ကဗျာနဲ့ မတူချင်လို့ ၊ ခေတ်ပေါ်ကဗျာနဲ့ ခြားနားချင်လို့ ၊ ခေတ်ပေါ်ကဗျာက မသုံးတဲ့နည်းတွေကို စမ်းသပ်သုံးစွဲလာခဲ့တာ အခုဆို ၁၀ နှစ်ပြည့်ခဲ့ပါပြီ ။

အဲသလို မတူအောင် ၊ ကွဲပြားခြားနားအောင် တမင်ပြု လုပ်ယူခဲ့ရတဲ့ နည်းတွေနဲ့ ရေးသားဖွဲ့ စည်းပြုလုပ်လာတဲ့ကဗျာတွေကို ခေတ်ပေါ်/ ခေတ်ပြိုင်ဆိုပြီး ‘ရော’ မချသင့်ပါဘူး ။

ခေတ်ပေါ်နဲ့ မတူအောင်တမင်ရေးသားပြုလုပ်ခဲ့တဲ့ကဗျာအရေးအသားတွေကို ကဗျာလို့ မခေါ်ချင်နေ ၊ ‘အရေးအသား’ လို့ ပဲခေါ်လည်းရတယ်လို့ ပြောခဲ့ပြီးပါပြီ ။ Continue reading