သောက်ရတစ်ခွက်ထဲကရေ

ညတွေဟာခွေလိပ်ကုန်တဲ့နာရီလက်တံတွေ
နေ့တွေဟာသွားစရာမရှိတဲ့ခြေသလုံးအိမ်တိုင်
အခိုက်အတန့်တိုင်းဟာမကြားချင်တာနဲ့ပဲ
အစပြုရတဲ့ရွှေပြည်တော်

ဇယလ
၂ ဧပြီ ၂၀၂၀

ဆူရီယလ်အရေးအသားရဲ့ အျေခခံ ၃ချက်

၁။ ။ automaticity အော်တိုမက်တစ်ဖြစ်ခြင်း
၂။ ။ dissonance စိတ်အနှောင့်အယှက်ဖြစ်စေသည့် အတွဲမညီသောတွဲလုံးများသုံးခြင်း
၃။ ။ collage ကော်လာ့ဂ်ျ ဖြစ်ခြင်း

ကြိုတင်ကြံစည်ထားမှု၊စိတ်ကူးထားမှု၊လေ့လာသင်ယူထားမှု၊မှတ်သားထားမှုတို့မပါဝင်စေပဲ မသိစိတ်ရဲ့ဗီဇအသိ unconscious intuition ဆီတိုက်ရိုက်ရောက်ရှိစေဖို့။ဘာမှမစဉ်းစားပဲခေါင်းထဲပေါ်လာတဲ့အာရုံဂုပ်စီးကြောင်း stream of images နဲ့ ဝါကျအဆိုတွေကိုချက်ချင်းချရေးဖို့၊မစဉ်းစားမဆင်ခြင်မသုံးသပ်မတည်းဖြတ်ဖို့။
Continue reading

အပ်ပေါက်လေး

အပ်ပေါက်လို့ပဲပြောကြတယ်
အပ်တစ်ပေါက်စာလေးရယ်ပေါ့
အပ်တစ်ပေါက်စာအလင်းတန်းလေး။ မိမိတို့
ဒီထက်များအလင်းရရင်ဘယ်လိုများနေမလဲ
မခန့်မှန်းနိုင်ကြဘူး ဒီလောက်လေးတောင်မှ
အေမွာင္ကိုအံတုနိုင်သေးတာ။ ဒီအပ်ပေါက်လေး
ဘယ်သူဖောက်ခဲ့သလဲ၊ဒီလုပ်ရပ်သေးသေးလေး
အမှောင်ကိုဖြိုခွင်းတာ
သူ့ဘက်ကရောတန်ခဲ့ပါရဲ့လား။ ။

ခေး ရိုင်ယန်
Kay Ryan
Pinhole
Sept. 2012 Poetry magazine

ကဗျာအကြောင်း ပြောပါတယ် (၅၆)

တစ်ခါက ပို့စ်မော်ဒန် ပို့စ်မော်ဒန် လို့နားစွန်နားဖျားကြားဘူးရုံနဲ့အော်ခဲ့ကြတယ်…ပို့စ်မော်ဒန်ကဗျာရေးမယ်ပေါ့…ခက်တာက အဲဒီတုန်းက ပို့စ်မော်ဒန်ကဗျာဆိုတာ ‘မူးလို့တောင်ရှူစရာမရှိ’ခဲ့ဘူး…ဘာလဲ ပို့စ်မော်ဒန်ကဗျာပေါ့…

အဲဒါနဲ့. ပို့စ်မော်ဒန်ကဗျာဆရာလို့ အသိအမှတ်ပြုခံ အမေရိကန်အကျော်ဒေးယျကဗျာဆရာ John Ashbery ကိုမိတ်ဆက်ပေးခဲ့တယ်။ ပို့စ်မော်ဒန်ကဗျာလို့သတ်မှတ်ကြတဲ့ LP ကိုမိတ်ဆက်ပေးခဲ့တယ်..အော်လိုက်ကြတဲ့ဖြစ်ချင်း…နာမည်ရ နာမည်ကြီးကဗျာဆရာတစ်ယောက်ကလည်းပြောတယ် ‘ကိုယ်လိုချင်တာ ပို့စ်မော်ဒန်ကဗျာ၊LPမဟုတ်ဘူး’တဲ့။ ကိုအောင်ချိမ့်က ၂ယောက်တည်းတွေ့ချင်တယ်ဆိုလို့ ဘားလမ်းကဆိုင်မှာသွားထိုင်တယ်။ပြီး ‘သူငယ်ချင်း၊LPဆိုတာဘာလဲ၊ရှင်းပြပါဦး’တဲ့။သူသေသေချာချာနားထောင်ပါတယ်။ပြီး ‘အင်း’ လို့ပဲပြောပါတယ်။
Continue reading

လူတွေတူသွားကြတဲ့နေ့

ရှော့ပင်းမောလ်တွေမှာသရဲခြောက်ကုန်ပြီ
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ပဲလေ
လူအများစည်ကားရာဟာ
အနိဋ္ဌာရုံတွေကြုံလာဦးမယ့်
သာလာယံဇရပ် ကဗျာရွတ်ဖတ်ကြစို့လေ
စာသင်သံ စာအံသံ တွေဟာ စတုလောကပါလရဲ့
စတုရန်းကွက်ပန္နက်အတွက်စတေးစရိတ်စီရင်ချက်
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ပဲလေ
တစ်ကိုယ်စာအသက်ရှင်ခြင်းကိုလော့က်ဒေါင်းချ
မာဂရိသ်ရဲ့ခေါင်းလုံးစွပ်ချစ်သူတို့အနမ်းလား
အချစ်ကိုတဖန်ပြန်စစ်ရတဲ့
ပစ္စန္တရာဇ်ရဲ့တိတ်ဆိတ်မှုကြီးဆူညံ
အီးကုန်းစက္ကူတွေကြက်ပျောက်ငှက်ပျောက်
ခွေးစာကြောင်စာတွေလည်းကုန်တော့မယ်
ဒီနေ့ဟာကမ္ဘာ့ကဗျာနေ့ကြီးလေ
တောင်းဆုတွေဟာအလောင်းစု အကြောင်းပြု
ခဲ့သမျှဟာ ကြွေအန်တစ်လှိမ့်မှာ ကျွမ်းသန္တာလန်
ကျိန်စာစူးကြရပါပြီလို့ ကျိန်တွယ်ပြောဖို့
အသက်တွေဟာကျိန်းစပ် ကျပ်ခိုးစင်ပေါ်
ကြက်ပျံမကျ ကြိတ်ကြိတ်တိုးလို့
ဖြစ်မှဖြစ်ရလေဒီနေ့ကမ္ဘာ့ကဗျာနေ့ Continue reading