ဂျရိုးမ် ရော့သင်န်ဘာ့ဂ်

မိမိတို့ရဲ့ အနက်ရှိုင်းဆုံးထဲက
ယင်းဟာ ထလာတယ်
ပျောက်ဆုံးသစ်ကိုင်းတွေကြား
တိုက်ခတ်တဲ့လေ
သူ့စိုစွတ်အော်ငိုသံနဲ့ မိမိတို့ကို နာကျင်စေတယ်
ဦးခွံရိုးတစ်ခုစီထဲ လှောင်ထားတဲ့ သမုဒ္ဒရာလို

လူအချင်းချင်းကြား ပေါလောမျောနေတဲ့
ချိတ်ဆက်မှုပင်လယ်တစ်စင်း ရှိတယ်
စကားပြောဆိုခြင်းဟာ ထိတွေ့မှုဖြစ်တဲ့နေရာ
ပြီး ကြိုဆိုတဲ့လက်ဟာ သူ့တိတ်ဆိတ်မှုကို
မူလအတိုင်း ပြန်တိတ်ဆိတ်သွားစေတယ်
နက်မှောင်နေလုံးတို့ကြောင့် နွေးထွေးတဲ့ သမုဒ္ဒရာ
Continue reading

ပေါင်မုန့်မရှိရင် ပေါင်ကိုက်စားကြ

ရှိခြင်းရဲ့ဒုက္ခခြင်သွေးနဲ့ အရေပြားနံတဲ့ပိုက်ဆံ
တြိဂံဖြစ်ချင်တဲ့ဆန္ဒရဲ့ ဗျူဟာကျတဲ့ တိတ်ဆိတ်မှု

ဆံပင်ရှည်မှုနဲ့ အလုပ်ထွက်
အဖွဲ့အစည်းကို အနာကခွာချပြီး တောက်ပစ်လိုက်
ဒုက္ခသည်တွေ ငလျင်လို ထွက်လာကြမယ်
စိတ်ကူးကို မယုံကြည်တဲ့
လက်နက်ကိုင်တွေရဲ့ သံချေးစားယုတ္တိမှာ
သွေးသားသဘာဝ ချိုင့်ခွက်တွေရဲ့ အန်ဖတ်တွေ

၂၀၀တန်လူဖြစ်မှုဟာ ၁၀၀၀တန်ငွေစက္ကူမှာ သံစူး

ကြိုးပတ်ရှေးဟောင်းနံရံနောက်ခံနဲ့ ခေတ်အမီဆုံး
ဆဲလ်ဖီရေနည်းငါးရင်သွေး ဖျတ်ဖျတ်လူး
အချစ်သီချင်းဟာ ဗိဿနိုးဆီ ရွက်လွှင့်သွားခဲ့တယ်
Continue reading

နာစစ္စပ်စ်မျက်ရည်ကျတာဟာ ….

နာစစ္စပ်စ်မျက်ရည်ကျတာဟာ
သူ့မျက်ရည်ထဲမှာ သူ့ကိုယ်သူ
ပြန်မြင်ချင်လို့လား

နာကျင်မှုက မွေးထုတ်လိုက်တဲ့
သူ့မျက်ရည်ထဲ သူဟာ မျက်နှာမြင်ချင်လို့လား

ခွက်ထားတဲ့ လက်ဖဝါးထဲ
ပုလဲလုံးလို လိမ့်နေတဲ့ မျက်ရည်လုံးထဲမှာ
သူ့မျက်နှာဟာ ပေါ်လိုက်ပျောက်လိုက်

သမီးပျိုခြင်ထောင်ထဲက ထွက်လာတဲ့
ဖခင်ရဲ့ချွေးတွေကတစ်ဆင့် ရှိုက်သံတွေဟာ
ဖခင်ထဲ စိမ့်ဝင်သွားကြတာ
နာစစ္စပ်စ် မျက်မြင်ကိုယ်တွေ့ပဲ

နာစစ္စပ်စ် ဘာကြောင့် ငိုသလဲ
နာစစ္စပ်စ် ဘယ်သူ့အတွက် ငိုသလဲ
နာစစ္စပ်စ်က ငိုတတ်သတဲ့လား

ဇယလ
၎ ဇန် ‘၁၈

ပျူတွေ ပြူထွက်လာကြတယ် သူတို့အရိုးပြာအိုးတွေထဲက

စပါးစိုက်ကြ စေတီပုထိုးတည်ကြ စစ်တိုက်ကြ
ဒဏ္ဍာရီတွေစိုက်ထူခဲ့ကြ
မှော်သားဓါတ်တွေ လေထဲပြည့်သိပ်တဲ့
မှော်ဇာဆိုတဲ့ အရပ်မှာလေ
သစ္စာဖြောင့်ဖြောင့်ကြီးတွေနဲ့
မမြင်ရတဲ့ အစောင့်အရှောက်တွေ ထားခဲ့တယ်
လေထဲမှာ မြေထဲမှာ
ရာစုနှစ်များစွာထဲမှာ
ကိုယ့်ခန္ဓာဟာ သူတို့နဲ့လည်း မလွဲမသွေ
ဆိုင်ခဲ့ဖူးတဲ့ အတူနိုင်ခဲ့ ရှူံးခဲ့
မဆုံးနိုင်တဲ့ တဖန်ပြန်လည်ရောက်ရှိမှုတွေထဲမှာ
တစ်ကိုယ်လုံး တဖြန်းဖြန်းနဲ့ ဓာတ်စီးဓာတ်ကြွမှုထဲမှာ
Continue reading

ကဗျာအကြောင်းပြောပါတယ် (၄၁)

ကဗျာအကြောင်းထက် ကိုယ့်အကြောင်းပဲ ပိုဖြစ်နေမယ်ထင်ပါတယ်။ အခြားမဟုတ်ပါဘူး။ကိုယ့်ကဗျာတွေကိုယ် ပြန်ဖတ်လိုက်တော့ အက်ဗ်စတရက်တ်ဘက် ပိုရောက်နေတယ်လို့ မြင်မိပါတယ်။နေ့စဉ်ပုဂ္ဂလိက အဖြစ်အပျက် တိုင်းရေးပြည်ရေး ကမ္ဘာရေး အဖြစ်အပျက်တွေရဲ့ ခလုတ်နှိပ်မှုကြောင့် ကဗျာစိတ်နိုးထရေးတာထက် စိတ်ကူးထည်တွေရဲ့ နှိုးဆွမှုကြောင့် လန်းရတာကို ပိုကြုံတွေ့ရပါတယ်။ပကတိအဖြစ်အပျက်တွေကိုတော့ ဘယ်လိုလွန်ဆန်နိုင်မလဲလေ။ဆိုလိုတာက အဲဒီပကတိအဖြစ်အပျက်တွေဟာ ကိုယ့်စိတ်ထဲမှာ ပကတိရုပ်ဖြစ်စဉ်တွေ ကွာကျပြီး နာမ်ဖြစ်စဉ်ဘက် ဦးတည်သွားတတ်တာကို သတိထားနေမိတာဖြစ်ပါတယ်။

အာရုံ(၅)ပါးထက် ဓမ္မာရုံဘက် ပိုညွတ်များနေလေသလား။ပကတိအရှိတရားရဲ့ ပကတိ ဘာသာစကားထက် အတွေးထည်ဘာသာစကားထဲ ပိုငြိစွန်းငြိတွယ်နေသလား။ ခရီးသွားရင် လေယာဉ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကနေ ဘေးဘီပတ်ဝန်းကျင် အလှသဘာဝ ဘာညာကို စိတ်မဝင်စားပဲ စာအုပ်တစ်အုပ်အုပ်ကိုပဲ စိတ်နဲ့ ရက်ရှယ်နေတတ် နေပျော်တာ။

အနိစ္စ ဒုက္ခ အနတ္တ တြိဂံထဲကနေ ကမ္ဘာကြီး ပြေးမလွတ်တာ။
Continue reading