ပျော်ပွဲရွှင်ပွဲများ
- by admin
ပျော်ပွဲရွှင်ပွဲများ
nolvadex online buy-buy cheap nolvadex-online nolvadex buy
ဝမ်းလျှောစစ်ပြေးစာအံသံများစခန်းမှာဆင်းရဲ။
အချို့နယ်စပ်ဖြတ်ကျော်တရုတ်ပြည်အလည်အပတ် (ယာယီ)
မဟုတ်အပတ်တကုတ်အလုပ်သွားရှာစားဝတ်
နေရေးတွင်းနက်နံရိုးတံတားပမာသူဖုန်းစား။
စစ်သည်ချို၏။
စစ်သည်လျှို၏။
စစ်သည်လို၏။
ငြိမ်းချမ်းရေးဘာသာပြန်ရန် သင့်အားအလိုရှိသည်။
ကျဆုံးသေဆုံးပျောက်ဆုံး။ မုန်းသူမရှိ။ လရောင်ဖြန်းမြစ်ရေ။
စစ်တလင်းမှာ သတင်းဟာ ပိုးစိုးပက်စက်သေနေတာ။
တပ်စခန်းအသီးသီးမှ သပြေခက်များ အညွှန့်တလူလူအောင်ပွဲရများ။
ကလေးတစ်ယောက် အငိုတိတ်ရန်
ကျည်တစ်တောင့်သာလိုအပ်သည်။
ဒီမိုကရေစစ်ဒီမိုကရေစီ။ ဒီမှာ မိုင်းဗုံး။ ဒီမှာ အသည်းကြား။
`သောင်းကြမ်းသူ´ `တိုင်းရင်းသား´ `သူပုန်´ `သိုက်မပျက်´
အ ဓွန့် ရှည်။
တာနောယက္ခမနောည။
ကယ်ဆယ်ရေး ပစ္စည်းများစစ်ဓနရှင်များအလုငွေများ။
မြစ်ကမ်းတစ်ဘက်တွင် မိုးလင်းတော့မည်
မကြာမီ မြူခိုးနှင့် ဓါတ်ငွေ့ အသံတိတ်တိုက်ပွဲ
စိုက်ပျိုးရာသီဆင့်ကဲဆင့်ကဲဖြစ်ပေါ်မှုကလပ်စ်တာ။
မြေရဲ့သွေးကျောကတုတ်ကျင်း မီးခိုးခင်းနဲ့ မီးခိုးပင်များ။
အင်အားထပ်ဖြည့် ပေးဆပ်သည်မှာ . . .
ရွာပြန်ချင်ပြီ။
တစ်လက်မမှ ကျူးကျော်မခံ ရောင်းရန်မဟုတ်။
စီတာပူ ၊ မန်စီ ၊ ၀ိုင်းမော် ၊ ဖြစ်ဆုံ။
လိမ္မော်သီးတွေ ၊ လိုင်ချီးသီးတွေ ၊ ဗုံးသီးတွေ။
ယမ်းကင် မျောက်မလေးကျစ်ကျစ်ပါရင်မှာ
ကျွမ်းလောင်မျောက်သားလေးမီးသွေးမည်းကျစ်။
အူဝေ့ အူဝဲ အူဝေ့။
ပစ်ကူလက်နက်ကြီးများ ၊ လျှပ်စစ်မီးများ ၊ ဖယောင်းတိုင်များ။
ဆန်ရှင်ရုပ်သိမ်းမှုများ ၊ ဂျပန်ကားသစ်များ ၊ သဉ္ဇာဝင့်ကျော်များ။
`၈၈များ ၊ အလုပ်သမားဆန္ဒပြမှုများ ၊ `လတ်တလောတိုက်ပွဲများ´။
`ဇွန်လဆန်းတွင် တစ်နှစ်ပြည့်မည်´။
၂ပတ်အတွင်း မုန်တိုင်းဝင်မည်။
အစာငတ်ခံဆန္ဒပြကြပြီ။
လိင်တူချစ်သူများနေ့။ ။
ဇေယျာလင်း
၂၇ မေ ၁၂