Month: June 2012
လူသားချင်းစာနာမှု
- by admin
လူသားချင်းစာနာမှု
nolvadex online buy-buy cheap nolvadex-online nolvadex buy
ဒီကမ္ဘာပေါ်မှာ နေထိုင်ကြ ၊ လူသားတွေဟာ လူဖြစ်ကြ။
လူဖြစ်ကြတဲ့ လူသားမို့ ၊ လူသားချင်းစာနာကြပါစို့။
လူဖြူအမေရိကန်တွေဟာ မူလနေထိုင်သူ လူနီအင်ဒီယန်းတွေကို စာနာသလို
ဂျာမန်နာဇီတွေဟာ ဂျူးတွေကို စာနာသလို
ဂျူးတွေဟာ ပါလက်စတိုင်းန်တွေကို စာနာသလို
ဆာ့ဗ်တွေဟာ မူစလင်တွေကို စာနာသလို
ဟူတူဟာ တွတ်စီကို စာနာသလို
အမေရိကန်ဟာ အလ်ခိုင်ဒါနဲ့ တာလီဘန်ကို စာနာသလို
အမေရိကန်ဟာ လူမည်းတွေကို စာနာသလို
တရုတ်ဟာ တိဘက်ကို စာနာသလို
ဘင်္ဂလားဟာ ရိုဟင်ဂျာကို စာနာသလို
ရိုဟင်ဂျာဟာ ရခိုင်တိုင်းရင်းသားတွေကို စာနာသလို
အင်ပါယာထူထောင်သူတွေဟာ ကိုလိုနီအပြုခံတွေကို စာနာသလို
အာဏာရှင်ဟာ နင်းချေခံပြည်သူကို စာနာသလို
မလ္လတီနေရှင်နလ် ဓနရှင်ကြီးတွေဟာ
ဖွံ့ဖြိုးစတိုင်းပြည်တွေကို စာနာသလို
လက်နက်ကိုင်ဟာလက်နက်မဲ့ကို စာနာသလို
မုဒိမ်းကောင်ဟာ အကျင့်ခံရသူကို စာနာသလို
အကြမ်းဖက်သူဟာ အကြမ်းဖက်ခံရသူကိုစာနာသလို
ရွာမီးရှို့ဖျက်ဆီးသူဟာ မီးရှို့ခံရသူကိုစာနာသလို
လူသတ်သမားဟာ သူ့လက်ချက်နဲ့သေရသူကိုစာနာသလို
စက်ရုံလုပ်ငန်းရှင်ဟာ ဆန္ဒပြအလုပ်သမားတွေကို စာနာသလို
ကြီးနိုင်ဟာ ငယ်ညှဉ်းကို စာနာသလို။
သမိုင်းတစ်လျှောက်လုံးမှာ လူသားချင်းစာနာမှုဟာ
ယနေ့အထိမြတ်နိုးဘွယ်ရာသင်ခန်းစာ။
သမိုင်း ၊ ယဉ်ကျေးမှု ၊ အမျိုးသားရေးစိတ်ဓါတ်တွေဟာ
ဂလိုဘလ်ခေတ်မှာ အမြင်ကျဉ်းမြောင်းမှုတွေသာ။
လူသားချင်းစာနာပါ။
လူသားချင်း မေတ္တာထားပါ။
လူသားချင်း ကရုဏာထားပါ။
လူသားချင်း အလျှောပေးကြပါ ။
လူသားချင်း သည်းခံပါ။
လူသားချင်း ချစ်ခင်ပါ။
လူသားချင်းငြိမ်းအေးပါ။
လူသားချင်း လူသားဆန်ကြပါ ။ ။
ဇေယျာလင်း
13 – June – 12
ပိတ်ကားဆန်ဆန်ပဲ
- by admin
ပိတ်ကားဆန်ဆန်ပဲ
nolvadex online buy-buy cheap nolvadex-online nolvadex buy
သမိုင်းအရဘယ်လိုနေ ၊ ဘယ်လိုထမ်း ၊ ဘယ်လိုတောင်းဆို ၊ ဘယ်လိုရေး
ငါစိတ်မ၀င်စားတော့ဘူးဟေ့။
သမိုင်းကကော ငါ့အလိုအရနေခဲ့ပေးလို့လား။ ခါချလို့ရနိုင်သမျှ
ခါချပစ်လိုက်တယ် ၊ ချေးပိတ်အရေပြားပေါ်က ချေးအထပ်ထပ်။
သတင်းတစ်ပုဒ်တည်ဆောက်ပုံအတိုင်း ဘယ်သူတွေဘယ်သူတွေအမည်စာရင်း။
ဆန္ဒရဲ့လုပ်ရပ်တွေအလျဉ်းကင်းစင်တယ်လို့ပြောလို့ဘယ်သူရ ၊ မရ။
ဘယ်သူ့ဆန္ဒ။ အဖြစ်ကိုကောက်ပြုပြီး အပြုကိုဆက်ဖြစ်ဖို့။
အတည်တွေပြောဖို့။ ရုပ်တည်ကြီးတွေနဲ့။ ရုပ်တည်တစ်ခုအရင်းပြု။
အခိုင်အမာယောင်ယောင်မျက်နှာပြင်ကို အင်္ဂတေရိုက်ဖို့။
မျက်လုံးဘယ်နားသွားထားမလဲ။ အနာဂတ်ကို လှမ်းမှတ်တမ်းတင်နေပုံ။
လက်တစ်ဘက်မြှောက်မလား။ အထောင်လား။ ဟစ်တလာဆလု(တ်) လား။
စကားကဘာပြောမလဲ။ စကားကိုဘာပြောခိုင်းမလဲ။ လေသံရဲ့ရုပ်/သံ
မာမလား။ စောင်းကြိုးညှင်းမိဘပြည်သူလား။ ထိရောက်စွာအရေးယူလား။
ထောင်မပစ်ဘူးလား။ လက်ခုတ်ဘယ်နှချက်စီ အတိအကျချိန်ကိုက်။
ပြုံးခွင့်ရှိလား။ မျက်နှာကြောတွေတင်းနေအောင်မိုင်ကုန်ရစ်လား။
လက်မတင်လေးတင်လား။ လက်မ မကောင်းဦးခေါင်းလား။ ခြေမဆိုခါးလား။
စာသားနဲ့ချုပ်ပြီးချုပ်သားကိုဝှက်။ မှက်ရှိလားမေးရင်ခြင်ကင်းစင်နယ်မြေပြော။
ပူပန်စရာတွေ ၊ ထိတ်လန့်စရာတွေ ၊ သိစရာမလိုတာတွေ အမှောင်ချ။ အမှောင်နေ့များ။
ပြည်တွင်းအားသည်။ ရေပါလာတာပဲလိုချင်သည်။ ပုစိန်ရိုးဟာ ဘာသားလဲ။
ဓါးသွားထက်ဖါးသားထက်တယ်။ ငြိပ်ဝပ်ပိပြားရေးဟာ လူ့ဘ၀အဓိပ္ပါယ်။
တန်ဘိုးကို ထမ်းပိုးတပ်။ ရန်ငြိုးကိုပိုးဟပ်။ မာန်ရိုးကို မျိုးဖြတ်။
ချိုးဓါတ်ကို ထိုးညှပ်။ ထိုးဇာတ်ဟာ ကြာရင်ပလာပြင်မှာ အစွယ်ငေါငေါ။
သက်ရှိရှင်သန်ဘူမိဖွားလား ၊ ပါဝါထုတ်လုပ်ရေး ၂၄ နာရီစက်ရုံလား။
ကလုန်းတွေရဲ့ ဒုံးယိမ်းဟာ ကလိန်တွေရဲ့ စင်ပေါ်မှာ ကလိုင်ခေါက်။
မလိုင်သောက်။ သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ။ ပျက်လင့်ကာသာ။
ဓမ္မတာရဲ့ ပလာသင်္ကေတတွေ။ ကျားကို ကျွဲဖတ် ၊ ကျွဲကို ဤဖတ်။ ဤကို . . . ။
လူကုန်ကူးမှုထက် စိတ်ကုန်ကူးမှုချစ်ကြည်ရေးတွေ။
`ဟန်မဆောင်စတမ်းပြောရရင်´ မှာ မျက်နှာဖုံးနဲ့
ပါဝါမျက်မှန်ကြီးပါတာဖတ်နဲ့။
အမျိုးသားရေးနာတာရှည်နာမကျန်းမှုမှာ ကုထုံးမျက်ဖြူဆိုက်။
မလိုက်လျောချင်တော့ဘူး။ ကိုယ့်တွင်းကိုယ်တူးနဖူးပေါက်ပေါက်။
ဒူးကောက်နဲ့ ခြေခွင်နေ၀င်မှာ တွေ့ကြပြီပေါ့။
ခြင်ကြားလို ၊ ဆင်နွားလို ၊ ဒင်အားလို။
နောက်ခံမြင်ကွင်းမှာ ဆူးမြက်ထုံးတွေ အလုံးလိုက်ကျွတ်
ဆောက်တည်ရာမရလေထဲလွင့်နေကြပုံများ ။ ။
ဇေယျာလင်း
3 – June – 12
အကိုရေ ၊ လိုင်းကောင်းလား
- by admin
အကိုရေ ၊ လိုင်းကောင်းလား
nolvadex online buy-buy cheap nolvadex-online nolvadex buy
ငါတို့ဘ၀တွေကောင်းစားဖို့ဆုံးဖြတ်ချက်တွေ သူတို့ချနေကြတယ်။
ကားဈေးအတက်အကျမှာ သိန်းတစ်ရာ့ငါးဆယ်ဖိုးဘ၀အချို့ပလုံ။
ပြကြ ၊ ဆန္ဒတွေပြကြ။ ဘယ်သူကြိုးကိုင်နေသလဲဇာတ်လမ်းပြုလုပ်ကြရ။
ခင်္ဗျားလည်းယူအမ်ပီမှာ တောက်တိုမယ်ရ အာဏာအောက်ဆွဲလား။ စီမံဘဏ္ဍာလား။
ဒီကနေဆက်သွားရင်သိမှုထဲရောက်မလာသေးတဲ့ အနည်းဆုံး ၃ – ၄ လမ်း။
၃ – ၄ ကမ္ဘာကြီးလည်းဖြစ်နိုင်တယ်။ ငါတို့ဟာ ဘယ်ကမ္ဘာကြားကဘယ်ချောင်မှာ။
ခဏခဏပဲ အမှောင်ထဲမီးခလုတ်လိုက်စမ်းနေတတ်တဲ့ ကူးစက်စိတ်ရောဂါ။
အချို့က ပုဂ္ဂိုလ်ကြီးကို အဖုံးအကွယ်မရှိ တက္ကဒွန်းလို့ထင်ကြတယ်
ပုဂ္ဂိုလ်ကြီးဟာ နှာခေါင်းပဲကလော်ပြနေတယ်။ နှာခေါင်းလည်းပြောင်လာတယ်။
ဆရာကြီးကွမ်စိပြောတယ် ၊ `ဘယ်လောက်ပဲလှပတဲ့မိန်းမဖြစ်ဖြစ်
ရေထဲပြုတ်ကျရင် ငါးတွေလန့်ပြေးကြမှာပဲတဲ့´
ဟုတ်ပြီ ၊ ငါဥာဏ်အလင်းပွင့်သွားပြီ။ အဲတော့လျှပ်စစ်ဘယ်တော့ရမလဲ။
ရှမ်းပြည်မြောက်ပိုင်းတစ်နေရာမှာ တောင်တန်းကြီးတစ်ခုလုံးနေ့မြင်ညပျောက်။
သူပါရီရောက်ခဲ့တယ်။ အဲဒါပါရီမဟုတ်ဘူးလို့ စာအုပ်ကြီးနဲ့ သူကိုင်ငြင်းတယ်။
စာကလေးတွေလို လွတ်လပ်ချင်လိုက်တာတဲ့။
စာကလေးလည်း အစာလုရတယ် ၊ နေရာလုရတယ် ၊ မိတ်လိုက်စရာလုရတယ်။
ဟင့်အင်းပါ။ မိမိမှာ ဖေါ်ထုတ်စရာ ဆန္ဒတွေရောင်းစားလို့ကုန်ပါပြီ။
အကျင့်တစ်ခုဖြစ်ဖို့ ၃ပတ်ကနေရက် ၄၀ကြာတယ်လို့ပြောတယ်
ဘာကိုမှမယုံကြည်တော့တဲ့အကျင့်ဟာ နှစ် ၅၀ရှိခဲ့ပါပြီ။
ဘာတဲ့ ၊ ယူအမ်ပီမှာ ပီမီဒီယာ မီးလာလား ၊ ဟုတ်လား။ ရှို့မီးလား။
ယဉ်ကျေးမှုတစ်ခုလုံးကြီးနဲ့ ချုံပြောရမယ့်ကိစ္စတဲ့။
ချုံမပြောနဲ့ ၊ တောတောင်မရှိတော့ဘူး။ မျိုးသုဉ်းသွားကြပြီ။
ချုံမရှိတော့လို့ ယုန်ထွင်တာတောင် ယုန်ကိုပဲယုန်ထင်ကြောင်ထင်။
မိမိတို့၏ လောဘဇောနှင့်မိမိတို့၏ထိခိုက်ပျက်စီးလွယ်မှုအတွက်
မိမိတို့များစွာပူပန်ရပါကြောင်း။ စာနာသနားလှဲ့ပါကြောင်း။
လူမှု-စီးပွား-သမိုင်းရေး ကလီရှေးသက်သက်တွေလားလူတွေ။ ရွာပြေးတွေ။
ငါတို့ဟာ ပြုလုပ်ခံရခြင်းထဲမှာ ပြုလုပ်ခွင့်ရပြုလုပ်ချက်လေးတွေ
ရမ်းသမ်းစမ်းသပ်ပြုရကြ။ ခြင်းထဲမှာ။ ငါတို့ဟာ ။ ရပြုကြ။
ဆံပင် နီညိုညိုနဲ့ နီယိုလစ်ဘရလ်လစ်ဇင် ဖက်ရှင်စကားပြောတတ်ကြ။
အဆက်အစပ်မဲ့လိုင်းတွေ ကဗျာဖြစ်လာတာယူကျုံးမရ။ မ၀ရေစာ။
ဘာမှန်းမသိတဲ့ သစ်ဥသစ်ဖုကြီးထဲမှာ ခင်္ဗျားဟာ ကြိုးဆွဲကဗျာလား။
ကြိုးဆွဲလား။ အက်တမ်ကိုခွဲလိုက်ပြီးမှ ခေတ်ပြိုင်မှာ ဘာအစိုင်အခဲ။
ငါတို့အားလုံး –––– နေကြပြီ။ နှင်းဆီဟာ နှင်းဆီထဲဖုံးတွေတအားမှားဝင်တာပဲ။
နို့ ၊ ဒါကိုသူတို့ကော မမှိတ်မသုန်တာဝန်ယူကြမှာတဲ့လား။ ။
ဇေယျာလင်း
၃၁ – မေ – ၁၂
သီချင်း
- by admin
သီချင်း
လျှပ်စစ်လွန်နဲ့ နံရံကို ထွင်း ထွင်း ထွင်းနေတဲ့ အသံ ထွင်း ထွင်း ထွင်း။
ရပ်။ ငှက်မည်း ၅ ကောင်နောက် ငှက်ဖြူ တစ်ကောင် ညနေကောင်းကင်
မိုးရွာထားလို့ရွှဲစိုနေတဲ့ ကောင်းကင်ပေါ် သံချွန်လိုခြစ်သွားတယ်။ ထွင်း။
မြေပြင်ပေါ်မှာ ဆာလောင်မှု တစ်ခုလိုအရာဟာ သူ့အရိပ်ကိုသူတရွတ်ဆွဲ။
nolvadex online buy-buy cheap nolvadex-online nolvadex buy
မိမိတို့အမီရောက်လာတယ်။ မိမိတို့မမီလိုက်ဘူး။ ဘာမှမမီတော့ဘူး။
ဆန္ဒကြိုးခွေကိုပြန်လိပ်ပြီးမှ မြောင်းထဲပစ်ချလိုက်တယ်။ နံရံပေါ်
ပြေးတက်သွားပြီး ခြေသည်းကုပ်ဝင် ၊ အပြစ်တင်အကြည့်အဆိပ်တွေနဲ့။
တရားမျှတမှုသံဆူးချွံနဲ့ အိတ်ထဲက မိမိတို့ကို ထိုးထိုးဆွတယ်။ အချွံနဲ့။
ကျွန်တော်အလုပ်လုပ်ပေမယ့် ကျွန်တော့်ကို ခုတ်ထစ်တယ်။ ဟုတ်ပြီလား။
ကျွန်တော်ဟာ ဂတိတည်မှ ကြိုက်တယ်။ အိုကေနော် ၊ ဂွဒ်နိုက်တ်ဂွဒ်နိုက်တ်။
ခြုံပုတ်ထဲခေါ်သွားပြီး မဖွယ်မရာကို မဖွယ်မရာနဲ့ ထိုးတယ်။ ဒါပေါ့။
ဘေးဘီတစ်ဝိုက်မှာ ကြယ်တွေတဖြုတ်ဖြုတ်ကြွေ။ ဖြုတ်တွေ ထ ထကိုက်။
ထိရောက်မှုတစ်ခုနီးပါး။ အနီးအပါးမှာ ငတ်မွတ်ခေါင်းပါးမှု။ စစ်ပွဲ။
ဆင်းရဲနွမ်းပါးမှု။ အာဏာရှင်စနစ်။ ဒီမိုကရေစီလှုပ်ရှားမှု။ သံကြိုး။ ဆူးချွံ။
ရာသီဥတုရောင်နီသန်းစမှာ ရောင်နီပဲသန်းနေတာ။ အစရဲ့ သိပ်သည်းဆ။
ဆားငံရေလယ်ကွင်းထဲမှာ ဗျိုင်းရုပ်တစ်ကောင်ထိုးထားသလိုမိမိဘ၀။
ဝေါဟာရအသစ်အသံထွက်ကြည့်ဖို့ အသံစမ်းချိန်ရောက်ပြီပေါ့။
ကြေးနန်းကနေသတင်းတစ်ခုေ၀၀ါးဝင်လာတယ်။ အမြန်လာပါဆိုလား။
မိမိတို့မှာ ဘယ်သောအခါမှ ဘာမှ စုံစုံလင်လင်မရှိခဲ့တဲ့ ကိရိယာ။
ကြယ်ကြွေတွေကောက် ၊ ကိုယ့်နဖူးကပ် ၊ ကိုယ့်ဒူးကပ် ။ တံတွေးနဲ့ပဲ။
အကြွင်းအကျန်ကို ထိုးဆွကြည့်နေတဲ့ တစ်ချက်တစ်ချက်မီးပွင့်သံ။
မိမိကိုသူမစုပ်ယူပစ်လိုက်တယ်။ ရောဂါတစ်ခုတောက်လျှောက်ထွန်းတောက်။
ခေတ်ပြောင်းလေယာဉ်ဟာ လေယာဉ်ကွင်းမှာ ကတိအတိုင်းရောက်လာတယ်။
ဆူနာမီရိုက်ထုတ်လိုက်တဲ့ တစ္ဆေသင်္ဘောဟာ ကိုယ်တို့ကို စိုက်ကြည့်လို့။ ။
ဇေယျာလင်း
5 – June – 12
တုတ်ကြီးနဲ့ ဖွေးအယ်လေးတို့ရဲ့ စတီရီယိုတိုက်ပ်
- by admin
တုတ်ကြီးနဲ့ ဖွေးအယ်လေးတို့ရဲ့ စတီရီယိုတိုက်ပ်
nolvadex online buy-buy cheap nolvadex-online nolvadex buy
အမှန်တရားကိုမြတ်နိုးသော ကိုကိုတုတ်ကြီးနဲ့ တွေ့ကြုံခံစားမှုသစ်တို့ကိုလိုချင်တောင့်တလှတဲ့
တောင့်တောင့်လှလှဖွေးအယ်လေးတို့ရဲ့ ရင်နင့်ဖွယ်လျို့ဝှက်ဟာသဇာတ်မြူးဇာတ်လမ်း။
စားဖါးကြီးဦးဝဏ္ဏသရေစည်သူတုတ်ကြီးနဲ့ အိမ်ဖေါ်မလေးဖွေးအယ်လူးလူးတို့ရဲ့ ရတနာ
ကြုတ်ပုလဲစီရာဂ စိတ်ခွဲခြမ်းစိပ်ဖြာလေ့လာရေးခရီးသွားဇာတ်လမ်း။
စစ်ပြန်ဇာနည်ကာနယ်တုတ်ကြီးနဲ့ စစ်ဆန့်ကျင်ရေးစစ်ပြေးဒုက္ခသည်သူနာပြုဆရာမလေးဖွေး
အယ်ထွေးကြွယ်တို့ရဲ့ ချုံခိုစေ့စပ်ရေးငြိမ်းချမ်းမှု ဒရမ္မာဇာတ်လမ်း။
အထူးစုံထောက်ကြီး SS တုတ်ကြီးနဲ့ နိုင်ငံတော်လျို့ဝှက်ချက်များခိုးယူသွားသူအတွင်းစည်း
သူလျှိုမယ် N ဖွေးအယ်လေးတို့ရဲ့ နိုင်ငံတကာရဲစုံထောက်ကြောင်ကြွက်ဇာတ်လမ်း။
ခြံအလုပ်သမားလေးထွန်းမောင်(ခ)တုတ်ကြီးနဲ့ သူဋ္ဌေးကြီးဦးအားလုံးငါပိုင်ရဲ့ သမီးထွေးလေး
ပျိုမျစ်နုနယ် ယင်ဖိုမသန်းဖွေးအယ်လေးတို့ရဲ့ ပစ္စည်းမဲ့တော်လှန်ရေးပေါ်လစီဇာတ်လမ်း။
အဓိပ္ပါယ်များစိစစ်သူဘုတ်အုပ်ကြီး တုတ်ကြီးနဲ့ ဘ၀ကို တစ်ကြောင်းမျဉ်းမဆွဲလိုသူ ဒစ်ဂျစ်တလ်ဖွေး
အယ်လေးတို့ရဲ့ အဓိပ္ပါယ်များအောက်နစ်မြုပ်နေသော ဘာသာစကားဇုံများတူးဖေါ်
ရှာဖွေရေးပညာပေးဇာတ်လမ်း။
ဘာသာစကားဗဟိုပြု LP တုတ်ကြီးနဲ့ ဘာသာစကားဟာဖေါက်ထွင်မြင် ၊ အဓိပ္ပါယ်တန်းပို့လို့ တွေ့ကြုံခံစားသာယာမိန်းမောသူဖွေးအယ်လေးတို့ရဲ့
တိုက်ရိုက်ကြောင်းကျိုးဆက်နွယ်မှုမရှိနိုင်သော အပြန်အလှန်အကျိုးသက်ရောက်
မှုအဆိုကြမ်းပဋိဇာတ်လမ်း။
နိုင်ငံရေးကဗျာ`ရောင်နီလာပြီ´ တုတ်ကြီးနဲ့ အများနှင့်သက်ဆိုင်သောဘာသာစကားသက်သက် ဖွေး
အယ်လေးတို့ရဲ့ အများနှင့်သက်ဆိုင်သော စပေ့စ်ထဲတွင် ရသဖြစ်နိုင်ချေ မစေ့စပ်
စတမ်း ဘတစ်ပြန်ကျားတစ်ပြန် ဘုံလုံချည့် ကျန်ငါးဖျံမလဲစတမ်းဇာတ်ကြမ်းဇာတ်လမ်း။
အဓိပ္ပါယ်ရဲ့ ပါဝါနဲ့ ပါဝါရဲ့အဓိပ္ပယ်ဆိုင်ရာ ဦးစီးမှူးဆာ(လောင်) တုတ်ကြီးနဲ့ အဓိပ္ပါယ်များလွင့်
မျောရာဆီ အဓိပ္ပါယ်များမှုတ်ထုတ်နေတဲ့ ဓိပ်ဓိပ်လေးဖွေးအယ်တို့ရဲ့သမိုင်း/
ကဗျာ/နိုင်ငံရေး/ယဉ်ကျေးမှုတို့ရဲ့ မိမွေးတိုင်းဖမွေးတိုင်း ချွတ်ဖေါ်ဇာတ်လမ်း။
မိမိအတ္တတွေ့ကြုံမှု ဗဟိုပြုအစစ်အမှန်အဓိက`ဘ၀´တုတ်ကြီးနဲ့ပြုလုပ်ထားခြင်းများကို အူယား
ဖွယ်လှန်လှန်ကညော့တတ်တဲ့ ဒီကွန်ဖွေးအယ်လေးတို့ရဲ့ ဇီဝဗေဒဆိုင်ရာ ဗိသုကာများ
၏ လူမှုရေးကြည့်မှန်ထဲတင်းတင်းဖက်ထားခြင်းဖြစ်နိုင်ချေသီအိုရီဇာတ်လမ်း။
သူ့နားလည်မှု ပင့်ကူအိမ်ထဲသူပြန်ရုန်းမရဖြစ်နေတဲ့ `နားလည်းမှခံစားနိုင်မယ်´ တုတ်ကြီးနဲ့
ဘောင်ရိုက်နားလည်သွင်းဖို့ကျိုးစားခြင်းဒဏ်တို့မှ လွတ်မြောက်ချင်နေတဲ့
´နားမလည်လည်းခံစားလို့ရတယ်´ လိပ်ပြာရှင်ဖွေးအယ်လေးတို့ရဲ့ ရင်ကြားဘယ်မှာ
စေ့ကြမယ်ရင်ပွင့်လေသောအခါ ဇာတ်လမ်း။
တ= –ု = တ = –် = က =ြ–– = ––ီ = ––း နဲ့ မိမိတို့လူ့အဖွဲ့အစည်းအတွင်းလည်ပတ်
သွားလာလှုပ်ရှားနေကြသော အဓိပ္ပါယ်များ ၊ စာသားများ ၊ အနက်ကောက်ပုံကောက်နည်းများ
သည်မိမိတို့ လူ့အဖွဲ့အစည်း၏ အခြေခံအုဋ်မြစ်ဖြစ်သော မိမိတို့၏ဘာသာစကား
၏ဆောင်ရွက်ပုံဆောင်ရွက်နည်းမျိုးစုံသာဖြစ်ကြောင်း ဖွေးအယ်လေးတို့ရဲ့
သင်္ကေတစနစ်ထဲ ၊ သင်္ကေတစနစ်အားဖြင့် သိမှု/တွေ့ကြုံမှုအလွှာလိုက် ၊ အထပ်လိုက် ၊
သို့မဟုတ် ၊ အကွင်းလိုက်အကွင်းလိုက်စက်ဝိုင်းတွင်းထည့်သွင်းမှုများဆိုင်ရာ
ပါဝါဘာသာရေး အရင်းကျမ်း အဆောက်အအုံလွန် ကွန်တမ်ပိုရာရီ ဘာလဲဘယ်လဲ ဇာတ်လမ်း။
စာသားကိုလောက အရှိတရားထင်ဟပ်ချက်လို့ မမှိတ်မသုန်ယုံကြည်စွဲလမ်းသူတုတ်ကြီးနဲ့
လောကကို စာသားများအစဉ် (ကာမ) စပ်ယှက်နေမှုဖြစ်စဉ်မြင်ကွင်းကျယ်ကြီးလို့မမြင်ချင်တဲ့ အဆုံး
လုံးဝန်းပြူတစ်နေတဲ့ ဖွေးအယ်လေးတို့ရဲ့ဆက်လက်ရှုစားကြရန် ရင်သိမ့်တုန်ခိုးကြည့် ဖိုမ ဇာတ်လမ်း။
ဈေးကွက်ဝင်တုတ်ကြီးနဲ့ တန်ဘိုးကြီးကြီးရရင်လိုက်မယ် ဖွေးအယ်လေးတို့ရဲ့ ဆန်းကြယ် ဘ၀သရုပ်ဖေါ်မှော်ဇာတ်လမ်း။
တုတ်ကြီးဆိုတဲ့ယောက်ျားလျာဗာတီကလ်နဲ့ဖွေးအယ်လေးဆိုတဲ့မိန်းမလျာဟော်ရီဇွန်တလ်တို့ရဲ့ ဆင်ဆာတင်ထားဆဲဆုံမှတ်ဇာတ်လမ်း။
ဇေယျာလင်း
29 – May – 12