Month: March 2012
စိတ်ကူးဥာဏ်အယူအဆများနှင့် ကဗျာလက်တွေ့ (ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်)
- by admin
မတ် ၂၁ ၊ ၂၀၁၂
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်
စိတ်ကူးဥာဏ်အယူအဆများနှင့် ကဗျာလက်တွေ့
ဇေယျာလင်း
Download Here
(ယခုစာတန်းကို ဖတ်ရှသိမ်းဆည်းရ အဆင်ပြေစေရန် PDF ပြုလုပ်ပေးထားပါသည်)
သင့်ရဲ့ဘဝဟာ မိမိတို့ရဲ့ ဒီဇိုင်း
- by admin
ညအိပ်ယာမဝင်မီ ပထမဆုံးအကြိမ် တစ်လုံးအသောက်အပြီး
မနက်အိပ်ယာနိုးတော့ အံသြကြည်နူးစွာ တွေ့ရှိရပါတယ်
nolvadex online buy-buy cheap nolvadex-online nolvadex buy
နဂိုအရွယ်ထက် ၈ ဆ ထွားလာတဲ့ သူမရဲ့ ရှယ်သားမြတ်တွေ။
အဲသလိုပဲ၊ လိုသော အရွယ်အစားများ၊ လိုသောဘဝများ
လိုသော ယုံကြည်မှုများ တိုးပွားကြပါစေ။
ဆံပင်၊ သွား၊ အသားအရေ၊ လက်မောင်းကြွက်သား၊ တင်သားတင်းတင်း
အောင်မြင်သော သူများ၏ ပကတိစံချိန်စံညွှန်းအတိုင်း တစ်ပါတ်အတွင်း
မရရှိလျှင် အာမခံချက် ပြန်အမ်းမည်။ ရာဇဝင်အာမခံ။
အားလုံးအစစ်အမှန်။
မိမိတို့ရဲ့ မပြောင်းလဲတဲ့ စေတနာအရင်းခံ။
လိုသောရာထူး၊ လိုသောဝင်ငွေ၊ လိုသော အိမ်၊ ခြံ၊ မြေ၊ ကား၊ ဖုံး။
လူကြီးမင်း၊ အမျိုးကောင်းသမီး များနှင့် မိဘပြည်သူများ ခင်ဗျား
နှလုံး၊ အသည်း၊ အဆုတ်၊ သွေး၊ အရည်ကြည်၊ ကျောက်ကပ်
အင်္ဂါရပ်များအားလုံး စည်းလုံးညီညွတ်စွာ တစ်သမတ်လည်ပတ်ရန်
မိမိတို့တာဝန်အဖြစ် သမိုင်းရေးအရ လုံးဝလိုလားစွာ ခံယူပါသည်။
မိမိတို့ကို ခေါ်ပါ။ မိမိတို့ကို ခိုင်းပါ။
မိမိတို့ကို ချိန်းပါ။ မိမိတို့ကို ချစ်ပါ။
မိမိတို့ကို လုံးဝဥဿုံ ယုံကြည်စိတ်ချထားလိုက်ပါ။
သင့်ဘဝမှာ ဘာလိုနေတာ သင့်ထက် မိမိတို့သိကြတာ
ရာစုနှစ်တစ်ဝက်စာ အတွေ့အကြုံရင့်ကျက်သူတွေပါ။
ကမ္ဘာမှာ စမ်းသပ်ခံနိုင်တဲ့ မိမိတို့ရဲ့ နည်းစနစ်တွေ အမှန်အကန်ပါ။
သက်သေသာဓကတွေအဖြစ် သင့်တစ်ကိုယ်ရည်ဝင့်ကြွားမှုများနှင့်
တိုက်စစ်ပါ။ အားလုံး အစစ်အမှန်။ အတွင်းရန် အပြင်ရန်မရှိ။
ဝေဖန်စရာမရှိ၊ ကြောင့်ကြစရာမရှိ၊ သံသယလုံးဝ ဖြစ်စရာမရှိ။
အခုချက်ခြင်း သင့်ကိုယ်သင် မိမိတို့ထံ အပ်နှံပါ။
အချိန်ပိုဝန်ဆောင်မှုများလည်း အချိန်ပြည့်ပေးနေပါကြောင်း။
ဘာတွေကိုများ အချိန်ကုန်ခံစဉ်းစားနေရသေးလဲကွယ်။
အခုချက်ခြင်းပဲ သင့်ကို မိမိတို့ ပြုပြင်ပြောင်းလဲ ပါရစေ။
သင့်ဘဝတိုးတက်စေဖို့ မိမိတို့လက်ထဲ အခုပဲလာရောက်အပ်ပါလေ။
ပြီး… … တစ်ယောက်စီအတွက် ဧကံမုချရရှိကြမယ့်
ပေါက်စေအမိန့်နဲ့ လုံးဝပေါက်မယ့် ကံစမ်းမဲပြားတွေ။ ။
ဇေယျာလင်း
18 March ’12
ကြက်ဘဲဈေးကို အုဋ်နံရံကာလိုက်တယ်
- by admin
ကြက်ဘဲဈေးကို အုဋ်နံရံကာလိုက်တယ်
nolvadex online buy-buy cheap nolvadex-online nolvadex buy
ထုံးဖြူသုတ်လိုက်တယ်။ ကြောက်ချေးနံ့ဟာ စည်ပင်ဝန်းကျင်ရဲ့ဗဟိုပဲ။
သဒ္ဒါလင်္ကာရ ၊ အတ္ထာလင်္ကာရ ၊ ပါဏာတိပါတာ ၊ တိုကျိုဖရိုက်ဒ်ချစ်ကင်းန် ၊
နီလာဒံပေါက်။ ခက်ခဲနက်နဲတဲ့ ခံစားမှုဟာ ကြက်ဖကိုလည်လှီးလိုက်တာ
သွေးဟာတော်တော်နဲ့မတိတ်ဘူး။
ဖုံလုံးကြီးတွေထဲ ၊ ဟုတ်လား။ တစ်ခဲနက်ထောက်ခံကြ ၊ ဟုတ်လား။
သွားရမယ့်လမ်းမဟုတ်ဘူး ၊ သွားရင်းဆောက်သွားရတဲ့
ပြိုပျက်အဆောက်အအုံတွေ ၊ ခြစားနေထိုင်မှုတွေကြား ၊ လမ်း။
ယာယီစခန်းတွေတော့ရှိတာပေါ့ ၊ အလွယ်တကူမြိုချလို့ရတဲ့စာသားတွေ ၊
ဘာမှစဉ်းစားစရာမလိုတဲ့ အဖွဲ့အစပ်တွေ ၊ နံရံကအုဋ်သားတွေ။
`နားမလည်အောင်ပြောနေတာမဟုတ်ဘူး ၊ နားကိုမလည်တာ´။
ပိုင်းဆစိပ်မွှာချင်တာမဟုတ်ဘူး ၊ ပေါင်းစပ်ဆက်မှီးချင်တာ။
ဆိုက္ကားနောက်ခုံပေါ်ခြေနှစ်ဘက်ချိတ် ၊ ကြိုးတစ်စည်းမှာပဲ
ဘ၀တစ်ပါးဆီစီးနင်းလိုက်ပါသွားကြတာ ၁၀ – ၁၂ ကောင်။
ချိုင့်နင်းလိုက်ရင် ကလုကလုကလူးကလော်ကလော်ကလော် ၊
လမ်းပေါ်ဘီးတစ်ဘက်ပြန်ကျရင် အူအီးကလပ်ကလပ်ကလပ်။
တောင်ပံနှစ်ဘက်အားရပါးရရိုက်ခတ်လို့ ၊ ဘာဂျာတံခါးဆွဲဖွင့်လို့
နေမင်းကြီးကို ကြိုဆိုပစ်လိုက်မယ့်ခွန်အားတွေ။
နေဟာထွက်သွားတယ်။ နေဟာဝင်လာတယ်။ နေဟာအိပ်သွားတယ်။
ရုပ်သံမှာ အဲဒါတွေလည်းမပါဘူးနော်။ ရုပ်သံဟာ သုတဖျော်ဖြေပဲ။
ကျွန်တော်မှားသွားတယ်။ ပထမလိုင်းမှာ `ကြောက်´ မဟုတ်ဘူး ၊
`ကြက်´။ ဟောသလိုပေါ့။ ကျွန်တော်အမောက်ထောင်လိုက်တယ် ၊
ခြေဖျားထောက်ရင်ကော့လိုက်တယ်။ အောက် . . . အီး . . . အီး . . .
`အွတ်´။ တစ်ချက်ပဲ။ တစ်ချက်တည်းပဲ။ လမ်းဖွင့်ပွဲမှာ
ဒုက္ခသည်အပြုံးတွေနဲ့ ၊ အနာကြီးရောဂေါသည်မျှော်လင့်ချက်တွေနဲ့
တန်းစီရပ်လို့ ။ ကျွန်တော့်လက်ထဲက စက္ကူအလံလေး
မသေအောင်မကြာခဏလှုပ်လို့။ ကြွေးကျော်သံကြားလိုက်ရင်
ကြွေးကျော်။ လက်ခုပ်လက်ဝါးတီးရင် အလံရဲ့ ၀ါးချမ်းလေး
သွားကြားညှပ်။ လက်သီးလက်မောင်းတန်းရရင်
လက်တစ်ဘက်လုံးမဲ့နေတာ အင်္ကျီလက် ပတ်လတ်မှာမြင်ရ။
မိုးလင်းတော့မယ်။ တွန်သံဟာ တစ်ချက်တည်းပမ်းထွက်သွားတယ်။
မဟုတ်ဘူး။ ဟောဒီမှာ ၊ ဘ၀ဖြစ်တည်မှုရဲ့ စစ်မှန်သောအသံ
(လိုလို)နဲ့ ကျွန်တော်ဟောသလိုပြန်တွန်ကြည့်ဦးမယ်
အောက် . . . အီး . . . အီး . . . . . . . . . . . . . . . . . . . . . ။ ။
ဇေယျာလင်း
13 – Feb – 12
The Artist ကို အမှီပြု၍ / ပဲပြုတ်သည်မောင်ပြိုင်း
- by admin
The Artist ကို အမှီပြု၍ / ပဲပြုတ်သည်မောင်ပြိုင်း
nolvadex online buy-buy cheap nolvadex-online nolvadex buy
စီးပွားဖြစ်ယဉ်ကျေးမှုထုတ်လုပ်ရေးစစ်မျက်နှာမှာ
ကဗျာဟာ လိုရာ အဓိပ္ပါယ်
ညှစ်ထုတ်ပြီးစွန့်ပစ်လိုက်တဲ့ ဘူးခွံလောက်ပဲလား။
အဲသလောက်တောင်တန်ဘိုးရှိသလား။ ပစ္စည်းမဲ့တန်ဘိုးထားတဲ့
တန်ဘိုးဟာပစ္စည်းပဲ။ရောင်းကုန်ပစ္စည်းတန်ဘိုးထဲမှာ ကြော်ငြာ
ဖိုးပါထည့်ရောင်းတော့ မကြော်ငြာတဲ့ ပစ္စည်းဟာရောင်းပန်းလှသလား။
လိုရင်းပဲပြောပါဗျာ ၊ ကဗျာမဖတ်ရလည်းနေပါ့စေ။
ကြည့်စမ်း ၊ ကဗျာကိုဘေးချထားပြီးစိတ်ကူးလီဆယ်နေလိုက်တာ။
ကားကြီးဟာ အကယ်ဒမီအတွက် ၊ ဗီဒီယိုဟာဝမ်းရေးအတွက်ဆိုသလိုပေါ့။
ဒီနှစ်အော်စကာ အသံတိတ်ကားရသွားတယ်။ The Artist ။
ဆူညံလွန်းတဲ့ ကမ္ဘာကြီးမှာ အသံတိတ်ခြင်းရဲ့ အသံတန်ဘိုး။
ပုံသဏ္ဍာန်နဲ့အရေးအဖွဲ့ ၊ ဘုံပျံနဲ့ သွေးပဲ့ (ဘေးချဲ့) (ဆေးထည့်)။
ယဉ်ကျေးမှုခုခံစစ်မှာ ကာရန်နဲ့မလုံလောက် ၊ ပေါက်ကွဲအားပြင်း
နိမိတ်ပုံတွေလိုင်းပြောင်းဝထဲထိုးသွင်း ၊ အနက်ချင်းအနီးကပ်လှံစွပ်၊ မှ
ဂြိုလ်တုဓါတ်ပုံထဲက ပစ်မှတ်အဆောက်အဦ/အအုံ။ ကွက်တိ။
စစ်အကြောင်းမတွေးချင်ပေမယ့် သွေးနီဥဟာ စစ်နဲ့ပဲကြီးပြင်းခဲ့ရ။
အခုသွေးဖြူတွေဟာ နေ့ချင်းညချင်း ဟီမိုဂလိုဘင်ပဲ။
ငါးတွေဖါးတွေနွားတွေကျားတွေတရားတွေစကားတွေ။
အာရုံကြာကြာမစိုက်နိုင်တာနဲ့ တစ်လိုင်းကျော်လို့ဘာပြောမှန်း
တန်းမသိရင် မဖတ်ချင်တော့တာနဲ့ ပျင်းတာနဲ့
လိုတာဆွဲတွေးလို့မရရင် မလိုတမာဆဲရေးဖို့ ရယ်ဒီမိတ်နဲ့။
ပန်းဆက်လမ်းဟာ ပါဝါနဲ့ ခေါင်းဖြတ်ခံလိုက်ရရှာတယ်။
ကဗျာကို ခံစားမှုနဲ့ရေးတာမဟုတ် ၊ (စိတ်ကူး) ဥာဏ်နဲ့ရေးတာ
`ကဗျာ့သဘော´ကိုမေ့ထားကြ။ စဉ်းစားခြင်းကို ပ ထုတ်။
ဖန်ပြာခွက်ထဲမှာ ကျောက်စက်ရေရှိတယ်
ဖန်ပြာခွက်ဟာလည်း ကျောက်စက်ရေရဲ့လမ်းကြောင်းပဲ။
`လူ့အဖွဲ့အစည်းသစ်တည်ဆောက်နေစဉ်စီမံကိန်းအချို့
ရပ်ထားရန်´တဲ့ ။`ကာလအကန့်အသတ်မရှိ´တဲ့။
ပဲပြုတ်ရဲ့ခံစားမှုပဲ လိုချင်တယ် (စစ်စစ်)
ပဲပြုတ်နဲ့ ဆက်စပ်ဝန်းကျင်တွေမပါစေလိုကြ။
နဘေဆားလေးနည်းနည်းဖြူးတာရောကြိုက်လားဟင်။
ကဗျာနလပိန်းတုန်း ကရေစီတော့မဖြစ်တန်ရာ။ ။
မှတ်ချက်။ ။
ဟီမိုဂလိုဘင် = သွေးနီဥတွင် အောက်ဆီဂျင်သယ်ဆောင်သည့်အရာ။
ဇေယျာလင်း
2 – March – 12
မန္တလေးစာဖတ်ပရိသတ်များအား အနူးအညွတ်တောင်းပန်ခြင်း
- by admin
မန္တလေးစာဖတ်ပရိသတ်များအား အနူးအညွတ်တောင်းပန်ခြင်း
၂၀၁၂ ၊ ဖေဖော်ဝါရီ လထုတ် `လှိုင်းသစ်´ မဂ္ဂဇင်း အမှတ် (၁၃) တွင်ဖေါ်ပြပါရှိသော ကျွန်တော်၏ `ကဗျာနှင့် နိုင်ငံရေး´ ဆောင်းပါးတွင် မန္တလေးကဗျာဆရာမိတ်ဆွေအချို့အပါအ၀င် မန္တလေးစာဖတ်ပရိသတ်များကို ထိပါးရေးသားထားသည့် သဘောသဖွယ် သက်ရောက်ပါသဖြင့် ကျွန်တော့်အပေါ်ငြိုငြင်သည်ကို ကြားသိရ၍ ကျွန်တော်စိတ်မကောင်းဖြစ်ရပါသည်။ ထိုသို့သဘောသက်ရောက် သွားသဖြင့်မန္တလေးစာဖတ်ပရိသတ်များနှင့် မန္တလေးကဗျာဆရာမိတ်ဆွေများအားဤတွင် ကျွန်တော်ဇေယျာလင်း အနူးအညွတ်တောင်း ပန်အပ်ပါသည်။
`လှိုင်းသစ်´မဂ္ဂဇင်းပါအဆိုပါဆောင်းပါးကို မဖတ်ရသေးလျှင်အထက်ပါ`မန္တလေး´ကိစ္စပါရှိသော စာပိုဒ်ကို ကျွန်တော်ပြန် လည်ဖေါ်ပြလိုပါသည်။ စာမျက်နှာ ၁၀၄ ၊ ကော်လံ ၂ ၊ စာပိုဒ် ၂ ၊ လိုင်း ၄ တွင်ဖြစ်ပါသည်။
`ဒါဆိုဘာဖြစ်လို့ခေတ်ပေါ်ကဗျာကို ဆန့်ကျင်တာလဲ။ အဲသလိုမေးခွန်းမျိုး
ကျွန်တော်မေးခံရဖူးပါတယ်။ အထူးသဖြင့် မန္တလေးသားတွေဆီကပေါ့´။
ဆက်စပ်၍အဆိုပါဆောင်းပါးအကြောင်းအနည်းငယ်မျှပြောပါရစေ။ ထိုဆောင်းပါးကို ဆောင်းပါးအောက်ခြေ၌နေ့စွဲတပ်ထား သည့်အတိုင်း သင်္ကြန်ရက်နေ့များ ၊ ၂၀၀၇ တွင်ရေးသားပြီးစီးခဲ့ပါသည်။ ထိုကာလ၌ LANGUAGE POETRY/LP/ ဘာသာစကားကဗျာ နှင့် ပတ်သက်၍ ကျွန်တော့်အား ရှေ့တွင်လည်းကောင်း ၊ ကွယ်ရာတွင်လည်းကောင်း ၊ စာအားဖြင့်လည်းကောင်း ၊ ဖုန်းအားဖြင့်လည်း ကောင်း စာပေမဆန် ၊ အယူအဆ/ သဘောတရားမဆန်ပဲ ပုဂ္ဂိုလ်ရေးဦးစားပေးတိုက်ခိုက်မှုများ ၊ ညစ်ညမ်းစွာဆဲရေးတိုင်းထွာမှုများပြုလုပ်ခဲ့ ကြသည်သာမက ကိုယ်ထိလက်ရောက်ကျူးလွန်ခံရခြင်းပင်ရှိခဲ့ပါသည်။ လူပုဂ္ဂိုလ်အမည်များ ကျွန်တော်ထုတ်ဖေါ်ပြောခြင်းမပြုလိုပါ၍ မပြောတော့ပါ။ ထိုကဲ့သို့ပြုလုပ်သူများတွင် အဓိကအားဖြင့် မန္တလေးနှင့်ပျဉ်းမနားမှ (တစ်ချိန်က) ကဗျာမိတ်ဆွေ/ရေးဘော်များဖြစ်ကြပါ သည်။ ထို့ကြောင့် အထက်ပါဆောင်းပါးတွင် `မန္တလေးသားတွေ´ ဟုပါရှိသွားခဲ့ခြင်းဖြစ်ရပါသည်။ မခံမရပ်နိုင်ဖြစ်ခဲ့ရသည့် ကိစ္စကိုအဆို ပါဆောင်းပါးတွင် ဤကဲ့သို့ ရေးသားပါရှိခဲ့ခြင်းကို ကျွန်တော့်အမှားဟု ခံယူပြီး ယခုလိုတောင်းပန်ခြင်းဖြစ်ပါသည်။
တစ်ဖန် ၊ အဆိုပါဆောင်းပါးကို မည်သည့်မဂ္ဂဇင်းတွင်မှဖေါ်ပြပါရှိရန်မရည်ရွယ်ခဲ့ပါ။ ကျွန်တော်နှင့်နီးစပ်သော ကဗျာမိတ်ဆွေ အသိုင်းအ၀ိုင်းငယ်လေးအတွက်သာရည်စူး၍ ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၇ကဖြစ်ပါသည်။ သူငယ်ချင်း ကိုနောင်ကျော်(`လှိုင်းသစ်´ အတိုင်ပင်ခံအယ်ဒီတာ)က ကျွန်တော့်ထံမှ ဆောင်းပါးတောင်းထားသော်လည်း ကျွန်တော့်တွင် ရေးထားသော စာများရှိသော်ငြားလည်း ပေးလိုသောဆောင်းပါး ဟုတ်ဟုတ်ငြားငြားမရှိသဖြင့် မသိမသာနေလိုက်သည်ကို ကိုမိုးဝေး(ကျွန်တော်ရေးသမျှ စာများကို သိမ်းစည်း ခဲ့သူ) က `ကဗျာနှင့် နိုင်ငံရေး´ ဆောင်းပါးပေးလိုက်မည်ဟုပြောပါသည်။ ထိုအခါ ကျွန်တော်သည် အဆိုပါဆောင်းပါးနှင့် တွဲဖေါ်ပြရန် အမှာစာသဖွယ် စာတိုလေးပင်ရေးပေးလိုက်ပါသည်။ ထိုစာတိုလေးတွင် အဓိကပါရှိသော အကြောင်းအရာမှာ အဆိုပါဆောင်းပါးတွင် ပါရှိသော အယူအဆအချို့ကို ကျွန်တော်ကိုယ်တိုင် ယခု ၂၀၁၂ တွင်စွဲမြဲယုံကြည်မှုမရှိတော့ကြောင်း ၊ ကျွန်တော့်အမြင် အချို့ပြောင်းလဲ သွားပြီဖြစ်ကြောင်းဖြစ်ပါသည်။ ဆောင်းပါး၏ပင်မကျောရိုးမပြောင်းလဲသော်လည်း အချက်အလက်အချို့အပေါ် ကျွန်တော်ကိုယ်တိုင် ပျော်ပိုက်ခြင်းမရှိတော့သည်ကို တွေ့ရှိခံစားရ၍ဖြစ်ပါသည်။ သို့သော်၊အကြောင်းကြောင်းများ၏ အကြောင်းကြောင်းများကြောင့်ထိုမဂ္ဂဇင်း နှင့် ထိုဆောင်းပါးတွင် ထိုစာတို `အမှာ´လေးမပါရှိခဲ့ပါ။ ဤတွင် ကိုမိုးဝေးအားလည်းကောင်း ၊ ကိုနောင်ကျော်အားလည်ကောင်း `လှိုင်းသစ်´ မဂ္ဂဇင်းအားလည်းကောင်း လားလားမှအပြစ်တင်ပြောဆိုလိုခြင်းမရှိပါ။
ချုပ်ရသော် ၊ မန္တလေးစာဖတ်ပရိသတ်များနှင့် မန္တလေးကဗျာဆရာများအား ထိခိုက်ပုတ်ခတ်ရေးသားမိသည့်သဘောသက် ရောက်သွား၍ ကျွန်တော်ထပ်မံတောင်းပန်လိုက်ပါသည်။ မန္တလေးစာဖတ်ပရိသတ်များနှင့် မန္တလေးကဗျာဆရာများအားစော်ကားထိခိုက် ပုတ်ခတ်ရေးသားရန် ကျွန်တော်မရည်ရွယ်ပါကြောင်း။ သို့သော် ၊ ဖြစ်ခြင်း၏နောက်ကွယ်၌ ရာဇ၀င်ရှိပါကြောင်း ၊ ကာယကံရှင်များကိုယ် တိုင်မှတ်မိကြမည်ဖြစ်ပါကြောင်း ၊ ယနေ့တိုင်ကျွန်တော့်အပေါ် မုန်းတီးစွာဆက်ဆံနေသည်မှာ ထင်ရှားကြောင်း ၊သို့သော် ကျွန်တော့်စိတ် ထဲတွင် ထိုပုဂ္ဂိုလ်များအား အညှိုးအတေးမထားတော့ကြောင်း ကျွန်တော်ပြောလိုပါသည်။
ကျွန်တော့်အနေဖြင့်မူ ကျွန်တော်သိမြင်လက်ခံထားသောကဗျာဆိုင်ရာ အကြောင်းအရာများ ၊ အယူအဆများ ၊ အရေးအသား များကို ကျွန်တော့်စေတနာအတိုင်း ဆက်လက်ရေးသား ထုတ်ဝေဖြန့်ချိနေမည်သာဖြစ်ပါသည်။ ထိုအရေးအသားများအပေါ် အသိဥာဏ် နှင့် ပြန်လည်ဝေဖန်ရေးသားခြင်းကို ကျွန်တော်လိုလိုလားလား ကြိုဆိုပါသည်။ ထိုသို့ရေးသားခြင်း ၊ ဝေဖန်သုံးသပ်ခြင်း ၊ ပြန်လည်ရေး သားခြင်းအားဖြင့် ကဗျာဆိုင်ရာ သိမှုများဖြင့် ခေတ်ပြိုင် မြန်မာကဗျာလောကကြီး ပိုမိုစည်ပင်လာပြီး ခေတ်ပြိုင်မြန်မာကဗျာများလည်း ပိုမိုဖွံ့ဖြိုးလာမည်ဟုကျွန်တော်ယုံကြည်ပါသည်။
ဇေယျာလင်း
6 – Mar – 12
ကဗျာဆရာမတစ်ဦးသို့
- by admin
ကဗျာဆရာမတစ်ဦးသို့
လ နာကျနေတယ်။
နယ်စပ်ကို ငါမဖြတ်ကျော်နိုင်ခဲ့ဘူး။
ဒီဘက်မှာပဲ ငါ့ခန္ဓာနဲ့ ငါဟာကျန်ခဲ့တယ်။
ငါ့ခြေရင်းက မြေကြီးထဲ ငါ့လက်နှစ်ဘက်ထိုးသွင်း
သီးပင်စားပင်အတွက် စိတ်ချင်းတလင်းနယ်နေတယ်။
ဒူးထောက်ခေါင်းငုံ့နေရာက ခေါင်းထောင်ကြည့်လိုက်တယ်
တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း . . . . အဲဒါနယ်စပ်ပဲ။
ဘာစည်းမှတားမထားဘူး ၊ ဘာစည်းရိုးမှမခြားဘူး။
ဒီကနဲ့ တစ်ဆက်တည်းပေမယ့် ဒီကရဲ့ အဲဒီဟာနယ်စပ်ပဲ။
လက်နဲ့မြေကြီးသွေးစည်းတဲ့အထိ ဆုပ်ကိုင်ချေနေရင်း
ငါငေးကြည့်နေမိတယ် ၊ ငါစိုက်ကြည့်နေမိတယ်။
တစ်ချိန်တည်းမှာပဲ လွတ်လပ်သွားပြီး တစ်ချိန်တည်းမှာပဲ စူးမြက်။
အလင်းသီတဲ့ကြိုး / အပူဒဏ်နဲ့ / ပြတ်ကျသွားခဲ့တယ်။
အသိနဲ့ပဲ လရောင်အရွေ့ကို မြေ့မြေ့ထိနေတယ်။
ကူးနေတဲ့ ငါးဟာ ရေပေါ်ယုံကြည်မှုထားသလိုပဲလို့ထင်တယ်။
ငါမသွားနိုင်လို့ နယ်စပ်ဟာ ငါ့ဆီရောက်လာတယ်
နယ်စပ်ဟာ င့ါငယ်ထိပ်ပေါ်တက်ရပ်တယ်
အလံဆိုတာ မျှော်မှန်းချက်လည်းတလူလူလွင့်တာပဲ။
ရုရှက မရီနာ ဆဗက်တာယဲဗားပြောခဲ့တယ်
ဗြိတိသျှက ရု(သ်)ဖေးန်ရိုက်တ် ထပ်ပြောတယ်
`ခရစ်ယာန်လောကထဲမှာ ငါဟာဂျူးတစ်ယောက်´
မဟာပုရိသ အလုံးစုံစိုးမိုးမှုမှာ ငါဟာမိန်းမ
ရှူသွင်းလိုက်တိုင်း အာဏာဆက်ဆံရေးမှာ
ငါဟာ ကဗျာဆရာမ။
ဒီအသိတွေဟာ ငါ့ကို ဒီနေရာမှာပဲအမြစ်တွယ်စေတယ်။
နယ်စပ်ဟာ ငါ့ထဲဝင်သွားပြီး ငါ့ရဲ့ ထာဝစဉ်
`အခြား´ အဖြစ်နေထိုင်သွားတော့မယ်ဆိုလား။
ဘယ်လိုအမည်တပ်တပ် ၊ အခုဒီမှာ ငါဒါကိုပဲထပ်ပြောမယ်
တစ်လောကလုံးထိန်ထိန်လင်းနေရင်တောင်
လ ကတော့ တစ်စင်းတည်းပါ။
ငါဟာလည်း လ ရောင်ငတ်တတ်သူတစ်ဦးပါ။
ငါ့ခန္ဓာအဖွဲ့အစည်းဟာ လ ရောင်ပွေ့ဖက်ဒဏ်တွေပါ ။ ။
ဇေယျာလင်း
26 – Feb – 12