မမြင်ရတဲ့မီးခိုးရဲ့ ပုံတူ

စစ်ကြောရေးမှာ မေးမြန်းတာဟာ ကဗျာ
ဘယ်လိုမှ မဖြစ်ဘူး ဖန်တီးမှုမှ မဟုတ်တာ

သွေးလွန်တဲ့ညမှာ နာရီတွေဟာ အသက်ဆီပေမယ့်
မနက်မမီလိုက်တော့ဘူး

ရဲစခန်းစာရွက် မပြည့်စုံသေးလို့
သူ့အသုဘသူ နောက်ကျရသတဲ့လားကွယ်

အို … ကဗျာဆရာ၊ ဒါကို ကဗျာဖွဲ့လို့ ရမလား
ဖွဲ့မရတာကို ဖွဲ့ဆိုတာ ကဗျာရဲ့ အလုပ်တန်ဖိုးပေါ့

ဒေဝတွေထဲမှာ အဆိုးဆုံးပဲ ဖြစ်ရမယ်
လောင်လွယ်လွန်းတဲ့ ပရိဒေဝ

အဲ့ဒီမီးနဲ့ပဲ လေလွတ်လေရိုင်းကို
လေသလပ် အမည်တပ်ပြီး သင်္ဂြိုလ်လိုက်ရတယ်ပေါ့လေ
အပြစ်ကလေ ကဗျာဆန်လိုက်တာမှ
ကိုယ့်အိမ်မှာကိုယ် သံပုံးတီးလို့ တဲ့

ဇယလ
၁၀ မေ၊ ဏာသိမ်း ‘၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>