အချိန်တိုင်းမှာ ဘဝဟာ နာရီစက်မဟုတ်တဲ့ မိုးတိမ် …
— ကားလ် ပေါပ္ပါး Karl Popper
သင့်ရဲ့အစစ်အမှန်ဟာ အမည်မရှိသလိုပေါ့
လမ်းတွေဟာ ကိုယ်တွေထဲ လျှောက်နေရမှာဖြစ်တယ်
ညာဘက်လက်ကိုမြှောက်၊ ဘယ်ဘက်လက်ကိုချ၊ ဘယ်ဘက်လက်ကိုမြှောက်၊ ညာဘက်လက်ကိုချ၊ လျှပ်စစ်ကို လက်သီးထဲဆုပ်၊ မီးခိုးထဲ လှည့်ပတ်က၊ မျိုးဆက်သစ်တို့ မြစ်ကိုဆန်၊ သံလွင်ရေတို့ ပျံ ပျံ ပျံ၊ မနက်ဖန်ဆိုတာ လက်နက်ပဲ၊ သစ်သီးသစ်အဖြစ် ရွှမ်းမှည့်ကြ၊ ပိတောက်ရဲ့ရနံ့တွေ အိပ်မက်အဖြစ် ကူးဆက်ကြ
တစ်နံနက်မှာ နံနက်ခင်းဟာ
ပြောက်ကျားသပိတ်ကို ဦးဆောင်သွားလိုက်တယ်
(နံနက်ခင်းဟာ ပြောက်ကျားသပိတ်ရဲ့ အလံပဲ)
အုံသဏ္ဍာန်ဟာ
ပုံပျက်သွားတဲ့ ပုံသဏ္ဍာန် အသွင်ယူလိုက်တယ်
ချော်ရည်တွေ စီးကျလာတဲ့ ဝတ်မှုံတွေကို ပန်းထုတ်တာ
သူနဲ့သင် သင်နဲ့မိမိ မိသူမိ လွတ်သူလွတ် ပြေးသူဟာ
နောက်တစ်ရက်
မည်းနက်မနက်ဖန်တွေ ပြန်မလာစေရတော့ဖို့
ခဲသားကို ရွှေပြောင်းဖို့
လုံထဲ မိမိကိုယ်တွေကို လောင်းထည့်ပြီး
မီးကို ပြင်းပြင်းမြှိုက်
ကိုင်းမြင့်ထက်မှာ ရာသီချိန်မို့
ပိတောက်ပွင့်တွေ လေနဲ့ ပုလဲနံပ ပလူးခိုက်
ပြက္ခဒိန်တွေ စုပုံပြီး
နောက်ကြောင်းပြန်လှန်တာ အဆုံးသတ်လိုက် …
ဘာမဆိုဖြစ်နိုင်ခြေကြီးဟာ
မျက်မှောက်ပြင်မှာ တနံတလျား
မီးခိုးမဆုံး မိုးမဆုံး ….
ဇယလ
၂ မေ၊ ဏာသိမ်း ‘၂၁
၉၁ရက်မြောက်