ဘုရားစင်တစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးလိုက်ကြတယ်
ရှာနေတဲ့ လက်လုပ်ဗုံးအစား
နံရံမှာ ခြလမ်းကြောင်းဟာ အထင်းသား
အိမ်သားတွေအားလုံး နောက်ဆုတ်
သတင်းရလို့ ဝင်စစ်တာ တဲ့
အန္တရာယ်ကင်း ဖန်သားဆင်းတုတော်ဟာ ကြမ်းပြင်မှာ
ထက်ခြမ်းကွဲ ခေါင်းပိုင်း အစိပ်စိပ်အမွှာမွှာ
ဘုရားခန်း နံရံနဲ့ ကြမ်းပြင်တွေမှာ
စစ်ဖိနပ်ရာတွေ ကျန်ခဲ့တယ်
မေတ္တာသုတ်
ဒီည ဘယ်သူရွတ်မလဲ ….
ဇယလ
၂၅ ဧပြီ၊ ဏာသိမ်း ‘၂၁