သူသေဟာ သူရှင်ဖို့အတွက် မိုင်းတွေမြှုပ်နှံပြီး သူ့မိုင်းတွေကို ‘သမိုင်း’ လို့ အမည်ပေး သတ်မှတ်လိုက်တယ်။ သူသတ်ခဲ့တာတွေကို မှတ်မနေတော့အောင်လည်း ပါတာပေါ့။ သူ့မိုင်းနင်းမိသူ ပြည်သူတွေဟာ သူ့ဘက်ပါသွားကြတယ်။ ပြည်သူမိုင်းနင်းလေ သူအင်အားထွားလေ၊ ပြည်သူမိုင်းနင်းသေလေ၊ သူဟာရှင်သန်လေပါပဲ။ မိုင်းနင်းမိပြည်သူတွေကိုယ်တိုင်ဟာ သူ့အတွက် ထပ်တိုးမိုင်းတွေ ဖြစ်လာတယ်။ သူ့(သ)မိုင်းတွေကို ပြည်သူတွေထဲ ထပ်မြှုပ်နှံတယ်။ ကြာတော့၊ ပြည်သူတွေ မိုင်းနင်းသေဆုံးသွားကြပြီး သူပဲ အသက်ပိုရှည် ပိုရှင်လာတော့တယ်။ သူမြှုပ်တဲ့မိုင်းတွေဟာ သူ့သမိုင်းပဲ။ ပြည်သူဟာ သူ့မိုင်းတွေကို မိုင်းတွေမှန်းမသိပဲ ‘သမိုင်း’ လို့သာ ထင်ယောင်မှားခဲ့ကြပြီး ရှင်လျက်နဲ့ သေဆုံးကုန်ကြတယ်။ သူသေဟာ သူ့မိုင်းတွေကို သတင်းမီဒီယာတွေမှာအစ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာအဆုံး ဆက်လက်မြှုပ်နှံထားတော့တယ်။
ဇယလ
၇ ဧပြီ၊ ဏာသိမ်း ‘၂၁