အဒေါနိုးပြောခဲ့ဘူးတယ်၊’သြရှဗစ်တ်ဇ်အကျဉ်းစခန်းမှာ ဂျူးတွေကိုလူမျိုးရေးပျက်သုဉ်းအောင် ရက်စက်ကြမ်းကြုတ်လူမဆန်စွာ စနစ်တကျသတ်ဖြတ်မှုကြီးကိုကြုံခဲ့ပြီးမှ ကဗျာရေးတာ ရိုင်းစိုင်းရာကျမနေဘူးလား’ တဲ့။
အဲဒီကိစ္စကို ဟောင်ကောင်ကကဗျာဆရာသူငယ်ချင်းနဲ့ပြောမိပါတယ်၊’ဒီအချိန်မှာ ငါကဗျာတွေရေးနေတာဟာ ကျင့်ဝတ်နဲ့ကိုက်ညီပါ့မလား၊ကဗျာရေးမယ့်အစား လမ်းပေါ်ထွက် ရှေ့တန်းကနေ ဒင်းတို့ကိုတုန့်ပြန်တာမှ ပိုအဓိပ္ပါယ်ရှိမလား’ ပေါ့။
အဲဒီသူငယ်ချင်းကပြန်ပြောတယ်၊သူတို့ဟောင်ကောင်အရေးအခင်းတုန်းကလည်း အဲသလိုစိတ်တွေဖြစ်ခဲ့ကြတယ်တဲ့။ဒါပေမယ့် အဲဒီအရေးအခင်းကို ကဗျာဆရာတွေကိုယ်တိုင်ရေးသားမှတ်တမ်းတင်ခြင်းမပြုရင် ဘာအဓိပ္ပါယ်ရှိမလဲတဲ့။သူက အားပေးပါတယ်၊ရေးသာရေး တဲ့။ထုတ်ဝေဖြန့်ချိဖို့အန္တရာယ်ရှိရင် ရေးပြီးဝှက်ထား တဲ့။
စိတ်ထဲဖြစ်နေတာ ပြောတာပါ။
ကဗျာနဲ့လည်း ပတ်သက်နေလို့ပါ။
ဇယလ
၁၉ မတ်၊ ဏာသိမ်း ‘၂၁