
မကြားရတော့တဲ့ အသံတွေဟာ
ကျယ်လောင်ဟိန်းလို့ နေကြတာ
ငါတို့ရင်တွေက ကြားရတယ်
ငါတို့ရင်တွေမှ ကြားရတယ်
ငါတို့ရဲ့ရင်ခုန်သံတွေဟာ လမ်းမတွေဖြစ်တယ်
လမ်းမပေါ်က အသံတွေဟာ
တိတ်တဆိတ်ကြီး ညံနေလို့နေတယ်
အို… လမ်းမတွေထက်က
ကြောက်မက်ဖွယ်တိတ်ဆိတ်မှုကြီးဟာ
ဝင်္ကဝုတ္တိအားဖြင့်
မြည်သံစွဲကြီးတွေဖြစ်နေတာဟာ
လမ်းမကြီးတွေရဲ့ အလင်္ကာ
ဇယလ
၁၈ မတ်၊ ဏာသိမ်း ‘၂၁