
ရှူနေတဲ့လေတောင်မှ တစ်စတစ်စ ပြိုကျလာနေပြီး
အပုပ်နံ့တွေ ထွက်နေတာ
အဲဒီလေနဲ့လုပ်တဲ့ ကျည်ဆံပါ ပုပ်အဲ့လို့နေတာ
ငါတို့ရင်က အပေါက်တွေကို ခဲနဲ့ဆို့ထားတာ
ငါတို့ကမ္ဘာမကြေကြုံးဝါးသံတွေမှာ
ကောင်းကင်ဟာ မကြုံစဘူး တုန်လှုပ်လို့နေတာ
သန့်စင်စေမယ့် ဘေးဒုက္ခတွေ မျိုပြီးရင်းမျိုကြစို့
ဒီမှာ ငါတို့ဦးနှောက်တွေ ပေါက်ကွဲကြရတယ်
ဒီမှာ ငါတို့ရင်တွေ ပင်လယ်တွေ ပြိုဆင်းကြရတယ်
ဒီမှာ မကျွတ်လွတ်သေးတဲ့ဝိညာဉ်တွေနဲ့ သွေးစည်းလို့
ငါတို့မှာ အဆက်အသွယ်တွေ ရှိကြတယ်
သေသူရဲ့အသက်ဟာ သတ်သူရဲ့ အသက်ရှူတိုင်းဆူးချွန်ပဲ
ယဉ်ကျေးမှုအသစ်အတွက် ရိုင်းစိုင်းမှုဗုံပေါ်မှာ
ငါတို့ ခုန်ပေါက်တက်ကလို့နေတယ်
ငါတို့ဟာ အဆုံးအစွန်ထိ ရူးသွပ်ကြ ရူးသွပ်မှုဟာ မင်္ဂလာ
ဒင်းတို့ရဲ့ မဟုတ်မမှန်ဘာသာရေးပေါ်
ငါတို့ ချေးတွေပါချမယ်
ငါတို့ရဲ့ ဝတ်ပြုရာဟာ နတ်မင်းဧရာပဲဖြစ်တယ်
ကမ္ဘာကြီးဆိုတာ ငါတို့တောက်ထုတ်လိုက်တဲ့အရာ
သတ် သတ် သတ် သတ် သတ် သတ် သတ် သတ် သတ် သတ်
သေခြင်းရဲ့ဒီဘက်မှာ ငါတို့သေနေကြရပြီ
သေခြင်းရဲ့ဟိုဘက်မှာ ငါတို့ရှင်သန်လာကြမယ်
ဒင်းတို့နေ့တွေ ဒင်းတို့ညတွေ
ငါတို့မီးရှို့ပစ်ကြမယ်
ငါတို့ကိုယ်တိုင်ရဲ့ လောင်ကျွမ်းမှုတွေနဲ့
ငါတို့မီးရှို့ပစ်ကြမယ်
အဲဒီမီးတွေထဲခုန်ဆင်း ငါတို့သန့်စင်သွားကြမယ်
မွှေးရနံ့စိမ်းတစ်ခုလေ
အချစ်ရူးအချစ်ဦးလို ငါတို့ကို ချစ်ခြင်းကြီးစွာ ရစ်ပတ်လို့
ဇယလ
၁၇ မတ်၊ ဏာသိမ်း ၂၁